သင်တသင်လုံးဆင်းရဲဒက္ခတွင်းမှာ အနစ်ခံတော့မှာလား
Sophy Ron အမည်ရှိ မိန်ကလေးတစ်ဦးဟာ ငယ်ရွယ်စဉ်ကပင် ကမ္ဘောဒီးယားရှိ Phnom Penh ဒေသက အမှိုက်ပုံတွေနဲ့ အတူရှင်သန်ကြီးထွားလာခဲ့တာပါ ။ သူမဟာ ကျောင်းတွေမတက်ရဘဲ သူမရဲ့ မိသားစုနဲ့အတူ ရောင်းလို့ရတဲ့ အမှိုက်တွေကို နေ့တိုင်း ကောက်ရပါတယ်
တစ်နေ့တာရဲ့ အဆုံးမှာ သူမတို့ တစ်မိသားစုလုံးအတွက် အစားအစာအချို့သာ ရရှိခဲ့ပါတယ် ။ ဒါပေမဲ့ သူမအသက် ၁၁ နှစ်အရွယ်မှာ ကမ္ဘောဒီးယားကလေးများရန်ပုံငွေအဖွဲ့ (CCF) က သူမကို အမှိုက်ပုံမှ ကယ်ထုတ်ခဲ့ပြီး သူမကိုကျောင်းသို့ ပို့ဆောင်ပေးခဲ့ပါတယ် ။
သူမငယ်ငယ်တုန်းကကျောင်းမတက်နိုင်ခဲ့ပေမယ့် မိန်းကလေးက အခြားသူတွေနဲ့တွေ့ပြီး မကြာခင်မှာပဲ ပညာရေးမှာ ထူးချွန်လာခဲ့ပါတယ် ။ (CCF)အဖွဲ့ရဲ့ ဆက်လက်ကူညီမှုကြောင့် Sophy က အမှိုက်ပုံဘဝမှ ထက်မြတ်တဲ့လူတစ်ဦးဖြစ်လာပြီး Trinity College မှ
valedictorian အဖြစ်ဘွဲ့ရကာ Melbourne တက္ကသိုလ်မှ အပြည့်အဝပညာသင်ဆုရခဲ့ပါတယ် ။ စင်ပေါ်မှာရပ်ပြီး သူမက အင်္ဂလိပ်လိုသွက်သွက်လက်လက်ပြောပြီး Sophy ဟာ အမှိုက်ပုံထဲကရှင်သန်လာတဲ့ ကောင်မလေးလို့ တောင်မထင်ရပါဘူး ။
ဒါပေမဲ့ Sophy က သူမရဲ့ အတိတ်ကို လုံးဝမမေ့ခဲ့ပါဘူး ။ Melbourne တက္ကသိုလ်မှာစာသင်သစ်မစခင် သူမဟာကမ္ဘောဒီးယားကို ပြန်ပြီး အမှိုက်ပုံထဲမှာရှင်သန်တဲ့ သူမရဲ့သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းခဲ့ပါတယ် ။ ဂုဏ်ယူပါတယ် Sophy ရယ်.. မင်းရဲ့ခြေဖဝါးတွေကို မြေပေါ်မှာ မြဲမြံစွာစိုက်ထားပါလို့ဘဲ ကျွန်တော်တို့ပြောချင်ပါတယ် ။ ခရက်ဒစ်
Zawgyi