ပါရဂူႀကီးကိုယ္တိုင္ေျပာျပတဲ့ ကိုဗစ္ ကာကြယ္ႏိုင္တဲ့ တိုင္းရင္းေဆးနည္း

ပါရဂူကြီးကိုယ်တိုင်ပြောပြတဲ့ ကိုဗစ် ကာကွယ်နိုင်တဲ့ တိုင်းရင်းဆေးနည်း

ငွေကြေးမတတ်နိုင်တဲ့သာမန်လူတန်းစားတွေအတွက်ကတော့ရောဂါတစ်ခုကိုအန္တာရယ်ကင်းစွာဖြတ်ကျော်နိုင်ဖို့အချက်ကိုကျွန်တော်ပိုမိုအလေးပေးတန်ဖိုးထားပါတယ်။

သိပ္ပံဆရာဝန်တစ်ယောက်ကမြန်မာဆေးနည်းပေးလို့တမျိုးမထင်စေချင်။ Alternative Medicine သည်လည်းဆေးဖက်ဝင်လို့ပါ။

ကုန်ကျစာရိတ် သက်သက်သာသာနဲ့ ကိုယ်ခံအားကောင်းဖို့နဲ့ ပိုးဝင်စမှာသတ်နိုင်ဖို့တိုင်းရင်းဆေး ဆေးဘက်ဝင်အသီးအရွက်အမြစ်တွေ တွေက အရေးပါလာပါတယ်။

မရေရာမတိကျတဲ့မျှော်လင့်ချက်တွေနဲ့ပေါ်သမျှသတင်းတွေနောက်လိုက်ပြီးစိတ်ထင်သလိုစားသုံးနေကြပြန်တော့လည်းဘေးထွက်ဆိုးကျိုးတွေကရှိလာနိုင်ပါတယ်။

သို့သော်အခုဆေးနည်းလေးကတော့အိမ်တွင်းမီးဖိုချောင်သုံးပစ္စည်းများဖြစ်ကာအဆိပ်အတောက်ဘေးဉပဒ်မဖြစ်သောကြောင့်လည်းမျှဝေချင်ပါတယ်။

ကိုဗစ်ဖြစ်နေသူများနှင့်ကာကွယ်လိုသူများသောက်သုံးနိုင်ဖို့အဘဆရာရသေ့တစ်ဦးပေးထားတဲ့ဆေးညွှန်းလေးပါပဲ။အညွှန်းလေးကတစ်ယောက်စာပါ။

အိမ်မှာလူငါးဦးသောက်ရင်ဒီအညွှန်းကို၅ ဦးစာပေါင်းထည့်ပြီးရောကျိုရုံပါ။ရေတဖန်ခွက်၏အလယ်လောက်အနေရအောင်ကျိုချက်၍သောက်သုံးလျှင်ရပါသည်။

(ကြက်သွန်နီတစ်လုံး၊ ဂျင်းပါးပါးလေးတစ်ခြမ်း၊ ကွမ်းရွက်ပုံမှန်အရွက်ရဲ့တစ်ရွက်၊ ထန်းလျက်တစ်လုံးတို့ကိုရောကျိတ်ပြီးမီးအပူနဲ့၃ မိနစ်ခန့်ပြုတ်ပါ။ရေဆူခါနီးငရုတ်ကောင်းအနည်းငယ်ငပ်ပြီးသောက်ပါ။)

ကိုဗစ်ကြိုတင်ကာကွယ်ဖို့ညအိပ်ရာမဝင်ခင်/ညစာစားပြီးချိန်တွင်တစ်ခွက်သောက်ရင်ရပြီးကိုဗစ်ဖြစ်နေသူများတနေ့ကို(၃)ကြိမ်တစ်ပတ်တိတိသောက်ရမည်ဟုညွှန်ပြပါတယ်။

အရေးကြီးတာနောက်တစ်ခုအနေနဲ့ဒီကာလမှာစိတ်ဖိစီးမှုမများအောင်နေဖို့လည်းအရေးကြီးပါတယ်။စိတ်ဖိဆီးမူ့ရှိရင်များရင် ခန္ဓာကိုယ်က ဟိုမုန်းတွေထွက်ပါတယ်။

ဒီဟိုမုန်းတွေကြောင့်ကိုယ်ခံစွမ်းအားကျဆင်းပြီးကိုဗစ်နဲ့ ရင်ဆိုင်တဲ့အခါအခက်အခဲတွေရှိလာနိုင်ပါတယ်။အောက်ဆီဂျင်လည်းကျတတ်ပြန်ပါတယ်။

ထို့ကြောင့်မိမိစိတ်ကိုဖိစီးမှုလျော့ရင်းအန္တာရယ်မဖြစ်စေတဲ့တိုင်းရင်းမြန်မာ့နည်းကော၊ကိုဗစ်ဖြစ်ခဲ့လို့ရှိသော်စနစ်တကျ ကိုဗစ်ဟုတ်မဟုတ်စစ်ဆေးမယ်၊

ကျွမ်းကျင်တဲ့ဆရာဝန်များနှင့်ကုသမှုခံယူမယ်၊လိုအပ်တဲ့ဆေးတွေသောက်မယ်၊အားရှိအောင်စားမယ်၊အိပ်မယ်ဆိုရင်ဖြင့်ကိုဗစ်ကိုစနစ်တကျကာကွယ်နိုင်သလိုကုပျောက်ကင်းနိုင်ပါတယ်။

ကိုဗစ်ကာလတတ်နိုင်သမျှကြိုတင်တားဆီးကာကွယ်နိုင်ဖို့ကြိုးစားကြရတဲ့နေရာမှာအခြေခံအကျဆုံးက -ကာကွယ်ဆေးမထိုးရသေးသူများဆေးထိုးကြပါ။လက်ဆေးပါ၊ Mask တပ်ပါ၊

လူစုလူဝေးတတ်နိုင်သမျှရှောင်၍(၆)ပေအကွာမှပြောဆိုပြုမူပါတို့ပဲဖြစ်ပါတယ်။

မှတ်ချက်။ ကျွန်တော်ခုပြထားတာကတော့နှစ်ယောက်စာအတွက်ကြက်သွန်၂လုံး၊ကွမ်းရွက်၂ရွက်၊ထန်းလျက် ၂လုံး၊ဂျင်းအတက်အရွယ်တော် ၂ စိတ်ထည့်မွှေပြီးကျိူထားပါတယ်။)

အရသာကတော့ထန်းလျက်ပါတော့ကြက်သွန်နီအရသာကိုဖုံးသွားပြီးအဝင်ကောင်းပါတယ်။

ဒေါက်တာသန့်ဇော်လွင်

(၂-၈-၂၀၂၁)

Zawgyi

ပါရဂူႀကီးကိုယ္တိုင္ေျပာျပတဲ့ ကိုဗစ္ ကာကြယ္နိုင္တဲ့ တိုင္းရင္းေဆးနည္း

ေငြေၾကးမတတ္နိုင္တဲ့သာမန္လူတန္းစားေတြအတြက္ကေတာ့ေရာဂါတစ္ခုကိုအႏၲာရယ္ကင္းစြာျဖတ္ေက်ာ္နိုင္ဖို႔အခ်က္ကိုကၽြန္ေတာ္ပိုမိုအေလးေပးတန္ဖိုးထားပါတယ္။

သိပၸံဆရာဝန္တစ္ေယာက္ကျမန္မာေဆးနည္းေပးလို႔တမ်ိဳးမထင္ေစခ်င္။ Alternative Medicine သည္လည္းေဆးဖက္ဝင္လို႔ပါ။

ကုန္က်စာရိတ္ သက္သက္သာသာနဲ႔ ကိုယ္ခံအားေကာင္းဖို႔နဲ႔ ပိုးဝင္စမွာသတ္နိုင္ဖို႔တိုင္းရင္းေဆး ေဆးဘက္ဝင္အသီးအရြက္အျမစ္ေတြ ေတြက အေရးပါလာပါတယ္။

မေရရာမတိက်တဲ့ေမၽွာ္လင့္ခ်က္ေတြနဲ႔ေပၚသမၽွသတင္းေတြေနာက္လိုက္ၿပီးစိတ္ထင္သလိုစားသုံးေနၾကျပန္ေတာ့လည္းေဘးထြက္ဆိုးက်ိဳးေတြကရွိလာနိုင္ပါတယ္။

သို႔ေသာ္အခုေဆးနည္းေလးကေတာ့အိမ္တြင္းမီးဖိုေခ်ာင္သုံးပစၥည္းမ်ားျဖစ္ကာအဆိပ္အေတာက္ေဘးဉပဒ္မျဖစ္ေသာေၾကာင့္လည္းမၽွေဝခ်င္ပါတယ္။

ကိုဗစ္ျဖစ္ေနသူမ်ားႏွင့္ကာကြယ္လိုသူမ်ားေသာက္သုံးနိုင္ဖို႔အဘဆရာရေသ့တစ္ဦးေပးထားတဲ့ေဆးညႊန္းေလးပါပဲ။အညႊန္းေလးကတစ္ေယာက္စာပါ။

အိမ္မွာလူငါးဦးေသာက္ရင္ဒီအညႊန္းကို၅ ဦးစာေပါင္းထည့္ၿပီးေရာက်ိဳ႐ုံပါ။ေရတဖန္ခြက္၏အလယ္ေလာက္အေနရေအာင္က်ိဳခ်က္၍ေသာက္သုံးလၽွင္ရပါသည္။

(ၾကက္သြန္နီတစ္လုံး၊ ဂ်င္းပါးပါးေလးတစ္ျခမ္း၊ ကြမ္းရြက္ပုံမွန္အရြက္ရဲ့တစ္ရြက္၊ ထန္းလ်က္တစ္လုံးတို႔ကိုေရာက်ိတ္ၿပီးမီးအပူနဲ႔၃ မိနစ္ခန႔္ျပဳတ္ပါ။ေရဆူခါနီးင႐ုတ္ေကာင္းအနည္းငယ္ငပ္ၿပီးေသာက္ပါ။)

ကိုဗစ္ႀကိဳတင္ကာကြယ္ဖို႔ညအိပ္ရာမဝင္ခင္/ညစာစားၿပီးခ်ိန္တြင္တစ္ခြက္ေသာက္ရင္ရၿပီးကိုဗစ္ျဖစ္ေနသူမ်ားတေန႔ကို(၃)ႀကိမ္တစ္ပတ္တိတိေသာက္ရမည္ဟုညႊန္ျပပါတယ္။

အေရးႀကီးတာေနာက္တစ္ခုအေနနဲ႔ဒီကာလမွာစိတ္ဖိစီးမႈမမ်ားေအာင္ေနဖို႔လည္းအေရးႀကီးပါတယ္။စိတ္ဖိဆီးမူ႔ရွိရင္မ်ားရင္ ခႏၶာကိုယ္က ဟိုမုန္းေတြထြက္ပါတယ္။

ဒီဟိုမုန္းေတြေၾကာင့္ကိုယ္ခံစြမ္းအားက်ဆင္းၿပီးကိုဗစ္နဲ႔ ရင္ဆိုင္တဲ့အခါအခက္အခဲေတြရွိလာနိုင္ပါတယ္။ေအာက္ဆီဂ်င္လည္းက်တတ္ျပန္ပါတယ္။

ထို႔ေၾကာင့္မိမိစိတ္ကိုဖိစီးမႈေလ်ာ့ရင္းအႏၲာရယ္မျဖစ္ေစတဲ့တိုင္းရင္းျမန္မာ့နည္းေကာ၊ကိုဗစ္ျဖစ္ခဲ့လို႔ရွိေသာ္စနစ္တက် ကိုဗစ္ဟုတ္မဟုတ္စစ္ေဆးမယ္၊

ကၽြမ္းက်င္တဲ့ဆရာဝန္မ်ားႏွင့္ကုသမႈခံယူမယ္၊လိုအပ္တဲ့ေဆးေတြေသာက္မယ္၊အားရွိေအာင္စားမယ္၊အိပ္မယ္ဆိုရင္ျဖင့္ကိုဗစ္ကိုစနစ္တက်ကာကြယ္နိုင္သလိုကုေပ်ာက္ကင္းနိုင္ပါတယ္။

ကိုဗစ္ကာလတတ္နိုင္သမၽွႀကိဳတင္တားဆီးကာကြယ္နိုင္ဖို႔ႀကိဳးစားၾကရတဲ့ေနရာမွာအေျခခံအက်ဆုံးက -ကာကြယ္ေဆးမထိုးရေသးသူမ်ားေဆးထိုးၾကပါ။လက္ေဆးပါ၊ Mask တပ္ပါ၊

လူစုလူေဝးတတ္နိုင္သမၽွေရွာင္၍(၆)ေပအကြာမွေျပာဆိုျပဳမူပါတို႔ပဲျဖစ္ပါတယ္။

မွတ္ခ်က္။ ကၽြန္ေတာ္ခုျပထားတာကေတာ့ႏွစ္ေယာက္စာအတြက္ၾကက္သြန္၂လုံး၊ကြမ္းရြက္၂ရြက္၊ထန္းလ်က္ ၂လုံး၊ဂ်င္းအတက္အရြယ္ေတာ္ ၂ စိတ္ထည့္ေမႊၿပီးက်ိဴထားပါတယ္။)

အရသာကေတာ့ထန္းလ်က္ပါေတာ့ၾကက္သြန္နီအရသာကိုဖုံးသြားၿပီးအဝင္ေကာင္းပါတယ္။

ေဒါက္တာသန႔္ေဇာ္လြင္

(၂-၈-၂၀၂၁)