Black Hole ဆိုတဲ့ အာကာသတွင်းနက်ကြီးတွေဆိုတာ အာကာသထဲမှာ ဆွဲငင်အားအလွန်အမင်းများတဲ့ အရပ်ဒေသကို ခေါ်ဆိုတာဖြစ်ပါတယ်။
ဆွဲငင်အား များလွန်းလို့ အလင်းရောင်တောင် သူ့နားက ဖြတ်သွားမိရင် လွတ်အောင် ပြေးမထွက်နိုင်ပဲ တွင်းနက်ထဲ ကျသွားပါတယ်တဲ့။ ဘာကြောင့် ဒီလို ဆွဲငင်အား အရမ်းပြင်းထန် နေရသလဲဆိုတော့ ဒြပ်ထုတွေဟာ
အလွန် သေးငယ်တဲ့ နေရာလေးမှာ အတင်းဖိသိပ်ထားခြင်း ခံထားရ လို့ပါ။ ဒီလို အတင်းအကြပ် ဖိသိပ်ခံရတာ မျိုးက ကြယ်တွေ သက်တမ်းကုန်ပြီး သေသွားတဲ့အ ခါမျိုးမှာ ဖြစ်တတ်ပါတယ်။
ဘာအလင်းရောင်မှ တွင်းနက်ကြီးထဲက ထွက်မလာတာမို့ ဒီတွင်းနက်ကြီးကို ဘယ်လိုမှ မျက်စေ့နဲ့ မြင်နိုင်စွမ်း မရှိပါဘူး။ အာကာသကို ကြည့်တဲ့ နက္ခတ်ကြည့် မှန်ပြောင်းတွေ နဲ့လဲ
မမြင်နိုင်ပါဘူး။ ဒါပေမယ့် ပတ်ဝန်းကျင်က ကြယ်တွေရဲ့ လှုပ်ရှားပုံကို ကြည့်ချင်းအားဖြင့် တွင်းနက်ကြီးတွေ ရှိတာကို သိပ္ပံပညာရှင်တွေက သိနိုင်ပါတယ်။
အာကာသ တွင်းနက်ကြီးတွေ ဘယ်လောက်ကြီးသလဲ
ကြီးမားတဲ့ တွင်းနက်ကြီးတွေ ရှိသလို အရွယ်သေးငယ်တဲ့ တွင်းနက်ကြီးတွေလဲ ရှိပါတယ်။ အချို့ သိပ္ပံပညာရှင်တွေက အက်တမ်မြူမှုံ လောက်ထိအောင် သေးတဲ့ တွင်းနက်တွေ ရှိမယ်လို့ ယုံကြည်ကြပါတယ်။
အဲ့ တွင်းနက်လေးတွေဟာ အရွယ်သေးပေမယ့် သူတို့ရဲ့ ဒြပ်ထုကတော့ တောင်ကြီး တစ်လုံးစာလောက်ကို လေးပါတယ်တဲ့။ ဒြပ်ထု ဆိုတာက သူတို့မှာ ပါဝင်တဲ့ အရာဝတ္ထုတွေရဲ့ ပမာဏကို ပြောတာဖြစ်ပါတယ်။
အာကာသထဲမှာ အလွယ်တကူ ရှာဖွေလို့ ရတဲ့ တွင်းနက်တွေကတော့ ကြယ်တာရာ တွင်းနက် (Stellar Black Holes) ကြီးတွေပဲ ဖြစ်ပါတယ်။ ဒီတွင်းနက်ကြီးတွေဟာ ဒြပ်ထုအားဖြင့် ကျွန်တော်တို့ နေမှာ ရှိတဲ့ ဒြပ်ထုပမာဏထက် အဆ ၂၀ ခန့်ထိ ရှိနိုင်ပါတယ်။
ကျွန်တော်တို့ နေထိုင်ရာ နဂါးငွေ့တန်း (Milky Way Galaxy) ကြယ်စုကြီး အတွင်းထဲမှာ ဒီလို ကြယ်တာရာ တွင်နက်ကြီးတွေ အများအပြား ရှိမယ်လို့ ယုံကြည်ကြပါတယ်။
အကြီးဆုံး တွင်းနက်ကြီးတွေကိုတော့ “ဧရာမ တွင်းနက်ကြီးများ” လို့ ခေါ်ပါတယ် (Supermassive Blak Holes)။ ဒီတွင်းနက်ကြီးတွေဟာ ဘယ်လောက်တောက် ကြီးလဲဆိုရင် ကျွန်တော်တို့ နေရဲ့ ဒြပ်ထုတဲ့ အဆ တစ်သန်း လောက်ထိအောင် ရှိနိင်ပါတယ်တဲ့။
သိပ္ပံပညာရှင်တွေကတော့ Galaxy ကြယ်စုကြီးတွေ အားလုံးနီးပါးရဲ့ အလယ်ဗဟိုမှာ ဒီလို ဧရာမ တွင်းနက်ကြီးတွေ ရှိနေမယ်လို့ ယုံကြကြပါတယ်။
ကျွန်တော်တို့ နဂါးငွေ့တန်း ကြယ်စုကြီးရဲ့ အလယ်ဗဟိုမှာလဲ ဧရာမ တွင်းနက်ကြီး တစ်ခု ရှိနေပါတယ်။ အဲ့ဒီ တွင်းနက်ကြီးဟာ နေရဲ့ ဒြပ်ထုရဲ့ အဆ ၄ သန်းလောက် ကြီးမားပါတယ်။
Milky Way Galaxy ကြီးရဲ့ အလယ်ဗဟိုမှာ ဧရာမ တွင်းနက်ကြီးတစ်ခု ရှိနေပါတယ် Milky Way Galaxy ကြီးရဲ့ အလယ်ဗဟိုမှာ ဧရာမ တွင်းနက်ကြီးတစ်ခု ရှိနေပါတယ်
တွင်းနက်ကြီးတွေ ဘယ်လိုဖြစ်လာလဲ
ပညာရှင်တွေက တွင်နက် သေးသေး လေးတွဟာ စကြာဝဠာကြီး စဖြစ်ကတဲက ပေါ်ပေါက်လာတယ်လို့ ဆိုပါတယ်။
ကြယ်တာရာ တွင်းနက်တွေကတော့ ကြယ်တွေ သက်တမ်းကုန်တဲ့အခါ ပြင်းထန်စွာ ပေါက်ကွဲပြီး (Supernova) ကြွင်းကျန်ရစ်တဲ့ ဒြပ်ထုတွေကနေ ဖြစ်ပေါ်လာတယ်လို့ ယူဆပါတယ်။
ဧရာမ တွင်းနက်ကြီးတွေကတော့ ကြယ်စုကြီးတွေ စဖြစ်လာ ကတဲက အတူတူ ဖြစ်လာကြတယ်လို့ ပြောပါတယ်။
တွင်းနက်ကြီးတွေကို မမြင်နိုင်ဘူးဆို ဘယ်လိုသိနိုင်မလဲ
Black holes တွေဟာဆွဲငင်အား အလွန်ပြင်းထန်တာမို့ အလင်းရောင်ကိုတောင် လွတ်ထွက်မသွားအောင်ကို ဆွဲထားနိုင်ပါတယ်။ ဒါ့ကြောင့် ဘလက်ဟိုး တွင်းနက်ကြီးတွေကို မျက်စေ့နဲ့ မမြင်နိုင်ပါဘူး။ ဒါပေမယ့်လို့ ဒီတွင်းနက်ကြီးတွေရဲ့
ဆွဲအားသက်ရောက်မှုကို အနီးအနားက ကြယ်တွေနဲ့ ဓါတ်ငွေ့တိမ်တိုက်တွေမှာ မြင်နိုင်ပါတယ်။ ဒီအနီးအနားက ကြယ်တွေ၊ အရာဝတ္ထုတွေနဲ့ ဓါတ်ငွေ့တိမ်တိုက်တွေရဲ့ လှုပ်ရှားသွားလာမှုကို ကြည့်ပြီး တွင်းနက်ကြီးတွေ ရှိမရှိ သိနိုင်ပါတယ်။
အကယ်လို့ ဘလက်ဟိုး တွင်းနက်ကြီးတွေနဲ့ ကြယ်တွေဟာ အတော်လေး နီးကပ်နေမယ်ဆိုရင် အလွန်အင်အားကောင်းတဲ့ စွမ်းအားမြင့် အလင်းရောင်တွေ ထုတ်လွှတ်ပေးပါတယ်။ ဒီအလင်းရောင်ကို လူ့မျက်စေ့နဲ့တော့ မမြင်နိုင်ပါဘူး။
ဒါပေမယ့် ဂြိုလ်တုတွေနဲ့ နက္ခတ်ကြည့် မှန်ပြောင်းတွေ အသုံးပြုပြီးတော့ ဒီ စွမ်းအားမြင့် အလင်းရောင်လှိုင်းတွေကို ထောက်လှမ်းနိုင်ပါတယ်။
ဘလက်ဟိုး တွင်းနက်ကြီးတွေဟာ ကမ္ဘာမြေကြီးကို ဖျက်စီးပစ်နိုင်သလား
တွင်းနက်ကြီးတွေဟာ အာကာသထဲ ခရီးလှည့်လည်ပြီး ကြယ်တွေ၊ ဂြိုလ်တွေနဲ့ လတွေကို ဝါးမြိုစားသုံးနေတာ မဟုတ်ပါဘူး။ ဒီလိုပဲ ကမ္ဘာကြီးကလဲ ဘယ်တွင်းနက်ကြီးထဲမှ ပြုတ်ကျသွားစရာ အကြောင်းမရှိပါဘူး။ ဘာကြောင့်ဆို ကမ္ဘာနဲ့ နီးတဲ့နားမှာ ဘယ်တွင်းနက်ကြီးမှ ရှိမနေလို့ပါ။
အကယ်လို့ လက်ရှိနေမင်းကြီးသာ တွင်းနက်ကြီး ဖြစ်သွားမယ် ဆိုရင်လဲ ကမ္ဘာကတော့ ဒီ ဘလက်ဟိုးထဲ ပြုတ်ကျသွားစရာ မရှိပါဘူး။ ဘာလို့ဆို ဒီဖြစ်လာမယ့် တွင်းနက်ကြီးက လက်ရှိနေနဲ့ ဆွဲငင်အား တူနေတာမို့ ကမ္ဘာက ဒီ ဘလက်ဟိုးကို ဆက်ပြီး နေကို ပတ်သလိုပဲ ဆက်ပတ်နေ ဦးမှာမို့ပါ။
ကျွန်တော်တို့ နေမင်းကြီးကလဲ ဘယ်တော့မှ black hole တစ်ခုအနေနဲ့ ပြောင်းလဲသွားစရာမရှိပါဘူး။ ကျွန်တော်တို့ရဲ့ နေက တွင်းနက်ကြီးတစ်ခုဖြစ်လောက်အောင် ကြီးမားတဲ့ ဒြပ်ထုမရှိလို့ပါ။ ခရက်ဒစ်.
Zawgyi
Black Hole ဆိုတဲ့ အာကာသတြင္းနက္ႀကီးေတြဆိုတာ အာကာသထဲမွာ ဆြဲငင္အားအလြန္အမင္းမ်ားတဲ့ အရပ္ေဒသကို ေခၚဆိုတာျဖစ္ပါတယ္။
ဆြဲငင္အား မ်ားလြန္းလို႔ အလင္းေရာင္ေတာင္ သူ႔နားက ျဖတ္သြားမိရင္ လြတ္ေအာင္ ေျပးမထြက္ႏိုင္ပဲ တြင္းနက္ထဲ က်သြားပါတယ္တဲ့။ ဘာေၾကာင့္ ဒီလို ဆြဲငင္အား အရမ္းျပင္းထန္ ေနရသလဲဆိုေတာ့ ျဒပ္ထုေတြဟာ
အလြန္ ေသးငယ္တဲ့ ေနရာေလးမွာ အတင္းဖိသိပ္ထားျခင္း ခံထားရ လို႔ပါ။ ဒီလို အတင္းအၾကပ္ ဖိသိပ္ခံရတာ မ်ိဳးက ၾကယ္ေတြ သက္တမ္းကုန္ၿပီး ေသသြားတဲ့အ ခါမ်ိဳးမွာ ျဖစ္တတ္ပါတယ္။
ဘာအလင္းေရာင္မွ တြင္းနက္ႀကီးထဲက ထြက္မလာတာမို႔ ဒီတြင္းနက္ႀကီးကို ဘယ္လိုမွ မ်က္ေစ့နဲ႔ ျမင္ႏိုင္စြမ္း မရွိပါဘူး။ အာကာသကို ၾကည့္တဲ့ နကၡတ္ၾကည့္ မွန္ေျပာင္းေတြ နဲ႔လဲ
မျမင္ႏိုင္ပါဘူး။ ဒါေပမယ့္ ပတ္ဝန္းက်င္က ၾကယ္ေတြရဲ႕ လႈပ္ရွားပုံကို ၾကည့္ခ်င္းအားျဖင့္ တြင္းနက္ႀကီးေတြ ရွိတာကို သိပၸံပညာရွင္ေတြက သိႏိုင္ပါတယ္။
အာကာသ တြင္းနက္ႀကီးေတြ ဘယ္ေလာက္ႀကီးသလဲ
ႀကီးမားတဲ့ တြင္းနက္ႀကီးေတြ ရွိသလို အ႐ြယ္ေသးငယ္တဲ့ တြင္းနက္ႀကီးေတြလဲ ရွိပါတယ္။ အခ်ိဳ႕ သိပၸံပညာရွင္ေတြက အက္တမ္ျမဴမႈံ ေလာက္ထိေအာင္ ေသးတဲ့ တြင္းနက္ေတြ ရွိမယ္လို႔ ယုံၾကည္ၾကပါတယ္။
အဲ့ တြင္းနက္ေလးေတြဟာ အ႐ြယ္ေသးေပမယ့္ သူတို႔ရဲ႕ ျဒပ္ထုကေတာ့ ေတာင္ႀကီး တစ္လုံးစာေလာက္ကို ေလးပါတယ္တဲ့။ ျဒပ္ထု ဆိုတာက သူတို႔မွာ ပါဝင္တဲ့ အရာဝတၳဳေတြရဲ႕ ပမာဏကို ေျပာတာျဖစ္ပါတယ္။
အာကာသထဲမွာ အလြယ္တကူ ရွာေဖြလို႔ ရတဲ့ တြင္းနက္ေတြကေတာ့ ၾကယ္တာရာ တြင္းနက္ (Stellar Black Holes) ႀကီးေတြပဲ ျဖစ္ပါတယ္။ ဒီတြင္းနက္ႀကီးေတြဟာ ျဒပ္ထုအားျဖင့္ ကြၽန္ေတာ္တို႔ ေနမွာ ရွိတဲ့ ျဒပ္ထုပမာဏထက္ အဆ ၂၀ ခန႔္ထိ ရွိႏိုင္ပါတယ္။
ကြၽန္ေတာ္တို႔ ေနထိုင္ရာ နဂါးေငြ႕တန္း (Milky Way Galaxy) ၾကယ္စုႀကီး အတြင္းထဲမွာ ဒီလို ၾကယ္တာရာ တြင္နက္ႀကီးေတြ အမ်ားအျပား ရွိမယ္လို႔ ယုံၾကည္ၾကပါတယ္။
အႀကီးဆုံး တြင္းနက္ႀကီးေတြကိုေတာ့ “ဧရာမ တြင္းနက္ႀကီးမ်ား” လို႔ ေခၚပါတယ္ (Supermassive Blak Holes)။ ဒီတြင္းနက္ႀကီးေတြဟာ ဘယ္ေလာက္ေတာက္ ႀကီးလဲဆိုရင္ ကြၽန္ေတာ္တို႔ ေနရဲ႕ ျဒပ္ထုတဲ့ အဆ တစ္သန္း ေလာက္ထိေအာင္ ရွိနိင္ပါတယ္တဲ့။
သိပၸံပညာရွင္ေတြကေတာ့ Galaxy ၾကယ္စုႀကီးေတြ အားလုံးနီးပါးရဲ႕ အလယ္ဗဟိုမွာ ဒီလို ဧရာမ တြင္းနက္ႀကီးေတြ ရွိေနမယ္လို႔ ယုံၾကၾကပါတယ္။
ကြၽန္ေတာ္တို႔ နဂါးေငြ႕တန္း ၾကယ္စုႀကီးရဲ႕ အလယ္ဗဟိုမွာလဲ ဧရာမ တြင္းနက္ႀကီး တစ္ခု ရွိေနပါတယ္။ အဲ့ဒီ တြင္းနက္ႀကီးဟာ ေနရဲ႕ ျဒပ္ထုရဲ႕ အဆ ၄ သန္းေလာက္ ႀကီးမားပါတယ္။
Milky Way Galaxy ႀကီးရဲ႕ အလယ္ဗဟိုမွာ ဧရာမ တြင္းနက္ႀကီးတစ္ခု ရွိေနပါတယ္ Milky Way Galaxy ႀကီးရဲ႕ အလယ္ဗဟိုမွာ ဧရာမ တြင္းနက္ႀကီးတစ္ခု ရွိေနပါတယ္
တြင္းနက္ႀကီးေတြ ဘယ္လိုျဖစ္လာလဲ
ပညာရွင္ေတြက တြင္နက္ ေသးေသး ေလးတြဟာ စၾကာဝဠာႀကီး စျဖစ္ကတဲက ေပၚေပါက္လာတယ္လို႔ ဆိုပါတယ္။
ၾကယ္တာရာ တြင္းနက္ေတြကေတာ့ ၾကယ္ေတြ သက္တမ္းကုန္တဲ့အခါ ျပင္းထန္စြာ ေပါက္ကြဲၿပီး (Supernova) ႂကြင္းက်န္ရစ္တဲ့ ျဒပ္ထုေတြကေန ျဖစ္ေပၚလာတယ္လို႔ ယူဆပါတယ္။
ဧရာမ တြင္းနက္ႀကီးေတြကေတာ့ ၾကယ္စုႀကီးေတြ စျဖစ္လာ ကတဲက အတူတူ ျဖစ္လာၾကတယ္လို႔ ေျပာပါတယ္။
တြင္းနက္ႀကီးေတြကို မျမင္ႏိုင္ဘူးဆို ဘယ္လိုသိႏိုင္မလဲ
Black holes ေတြဟာဆြဲငင္အား အလြန္ျပင္းထန္တာမို႔ အလင္းေရာင္ကိုေတာင္ လြတ္ထြက္မသြားေအာင္ကို ဆြဲထားႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဘလက္ဟိုး တြင္းနက္ႀကီးေတြကို မ်က္ေစ့နဲ႔ မျမင္ႏိုင္ပါဘူး။ ဒါေပမယ့္လို႔ ဒီတြင္းနက္ႀကီးေတြရဲ႕
ဆြဲအားသက္ေရာက္မႈကို အနီးအနားက ၾကယ္ေတြနဲ႔ ဓါတ္ေငြ႕တိမ္တိုက္ေတြမွာ ျမင္ႏိုင္ပါတယ္။ ဒီအနီးအနားက ၾကယ္ေတြ၊ အရာဝတၳဳေတြနဲ႔ ဓါတ္ေငြ႕တိမ္တိုက္ေတြရဲ႕ လႈပ္ရွားသြားလာမႈကို ၾကည့္ၿပီး တြင္းနက္ႀကီးေတြ ရွိမရွိ သိႏိုင္ပါတယ္။
အကယ္လို႔ ဘလက္ဟိုး တြင္းနက္ႀကီးေတြနဲ႔ ၾကယ္ေတြဟာ အေတာ္ေလး နီးကပ္ေနမယ္ဆိုရင္ အလြန္အင္အားေကာင္းတဲ့ စြမ္းအားျမင့္ အလင္းေရာင္ေတြ ထုတ္လႊတ္ေပးပါတယ္။ ဒီအလင္းေရာင္ကို လူ႔မ်က္ေစ့နဲ႔ေတာ့ မျမင္ႏိုင္ပါဘူး။
ဒါေပမယ့္ ၿဂိဳလ္တုေတြနဲ႔ နကၡတ္ၾကည့္ မွန္ေျပာင္းေတြ အသုံးျပဳၿပီးေတာ့ ဒီ စြမ္းအားျမင့္ အလင္းေရာင္လႈိင္းေတြကို ေထာက္လွမ္းႏိုင္ပါတယ္။
ဘလက္ဟိုး တြင္းနက္ႀကီးေတြဟာ ကမာၻေျမႀကီးကို ဖ်က္စီးပစ္ႏိုင္သလား
တြင္းနက္ႀကီးေတြဟာ အာကာသထဲ ခရီးလွည့္လည္ၿပီး ၾကယ္ေတြ၊ ၿဂိဳလ္ေတြနဲ႔ လေတြကို ဝါးၿမိဳစားသုံးေနတာ မဟုတ္ပါဘူး။ ဒီလိုပဲ ကမာၻႀကီးကလဲ ဘယ္တြင္းနက္ႀကီးထဲမွ ျပဳတ္က်သြားစရာ အေၾကာင္းမရွိပါဘူး။ ဘာေၾကာင့္ဆို ကမာၻနဲ႔ နီးတဲ့နားမွာ ဘယ္တြင္းနက္ႀကီးမွ ရွိမေနလို႔ပါ။
အကယ္လို႔ လက္ရွိေနမင္းႀကီးသာ တြင္းနက္ႀကီး ျဖစ္သြားမယ္ ဆိုရင္လဲ ကမာၻကေတာ့ ဒီ ဘလက္ဟိုးထဲ ျပဳတ္က်သြားစရာ မရွိပါဘူး။ ဘာလို႔ဆို ဒီျဖစ္လာမယ့္ တြင္းနက္ႀကီးက လက္ရွိေနနဲ႔ ဆြဲငင္အား တူေနတာမို႔ ကမာၻက ဒီ ဘလက္ဟိုးကို ဆက္ၿပီး ေနကို ပတ္သလိုပဲ ဆက္ပတ္ေန ဦးမွာမို႔ပါ။
ကြၽန္ေတာ္တို႔ ေနမင္းႀကီးကလဲ ဘယ္ေတာ့မွ black hole တစ္ခုအေနနဲ႔ ေျပာင္းလဲသြားစရာမရွိပါဘူး။ ကြၽန္ေတာ္တို႔ရဲ႕ ေနက တြင္းနက္ႀကီးတစ္ခုျဖစ္ေလာက္ေအာင္ ႀကီးမားတဲ့ ျဒပ္ထုမရွိလို႔ပါ။ ခရက္ဒစ္.