ရွမ္းေတြရဲ႕ ရင္ထဲမွာ စြဲလမ္းခ်စ္ခင္ ေလးစားခံရသူတစ္ဦးျဖစ္တဲ့ မဟာေဒဝီသုစႏၵီရဲ႕ ဝမ္းနည္းေၾကကြဲဖြယ္ရာ ဘဝအေၾကာင္း

သီပေါစော်ဘွားစဝ်ကြာဆိုင်နဲ့မဟာဒေဝီစဝ်သုစန္ဒီ

မဟာဒေဝီ သုစန္ဒီဟာ ရှမ်း တွေရဲ့ ရင်ထဲမှာ စွဲလမ်းချစ်ခင် လေးစားခံရသူတစ်ဦးဖြစ်ပါ တယ်။ မဟာဒေဝီရဲ့ဘဝက ဝမ်းနည်းကြေကွဲဖွယ်ရာတွေနဲ့ ပြည့်နှက်နေတယ်။

မဟာဒေဝီ စဝ်သုစန္ဒီက ရှမ်း အမျိုးသမီး တစ်ယောက်တော့ မဟုတ္ဘူး။ သူ့မူလအမည်က မစ္စ အင်ဂီအဲဗားဟတ် (Miss Inge Eberhasd) ပါ။ ဩစကြီးယား နိုင်ငံသူ ဖြစ်ပါတယ်။

၁၉၄၄ ခုနှစ်မှာ ပြည်သူလူ ထုက အသက် (၂၀)အရွယ် မိုင်းလုံစော်ဘွား စဝ်ကြာဆိုင်ကို သီပေါစော်ဘွားအဖြစ် တင်မြှောက် ကြတယ်။

သီပေါစော်ဘွားလေး စဝ်ကြာဆိုင်ဟာ အဲဒီအချိန်က အိန္ဒိယနိုင်ငံ ဒါဂျီလင်မြို့မှာ ပညာဆည်းပူးခဲ့ပြီး စီနီယာ ကန်းဘရစ် (Senior Cambridge)အောင်မြင်ပြီးပါပြီ။

ပညာလိုလားတဲ့ စဝ်ကြာဆိုင်က စော်ဘွားအဖြစ်ဘိသိက်မခံသေးဘဲ အမေရိကန်ပြည်ထောင်စု ကိုလိုရာဒိုပြည်နယ် ဒင်ဗာမြို့မှာ သတ္တုတွင်းအင်ဂျင်နီယာပညာ သွားရောက်သင်ယူရင်း
အင်ဂီနဲ့ ဖူးစာဆုံကြတာပါ။

သူတို့ အချစ်ဇာတ်လမ်းက စိတ်ဝင်စားဖို့ အလွန်ကောင်းတယ်။ စဝ်ကြာဆိုင်က သူ့ကိုယ် သူ ရှမ်းစော်ဘွားတစ်ယောက်လို့ ပြောမထားဘဲအင်ဂီနဲ့ ၁၉၅၃ ခုနှစ်မှာ လက်ထပ်တယ်။

အင်ဂီ က လင့်မျက်နှာကို တစ်ရွာမှတ် ထင်ပြီး စဝ်ကြာဆိုင် ပြည်တော် ပြန်ချိန်မှာ မြန်မာနိုင်ငံကိုအတူ လိုက်ပါလာတယ်။

၁၉၅၄ ခုနှစ် နှစ်ဦး ဇန္နဝါရီလမွာ သူတို့စီးလာတဲ့ပင်လယ်ကူးသင်္ဘောကြီး ရန်ကုန်ဆိပ်ကမ်းကို ဆိုက်ကပ်တော့မယ်ဆိုတော့ သင်္ဘောပေါ်ပါလာမယ့် စော်ဘွားကို လူတွေက ကမ်းလုံးညွတ်အောင် ကြိုနေကြတယ်။

အင်ဂီက ကြိုဆိုနေတဲ့ ပရိသတ် ကို လှမ်းကြည့်ရင်း သူတို့သင်္ဘော ပေါ်မှာ ဗီအိုင်ပီပါလာပြီလို့ သူ့ခင်ပွန်းကို ပြောတယ်။ ဒါပေမယ့် အဲဒီအချိန်အထိ ဗီအိုင်ပီဟာ သူ့ခင်ပွန်း စဝ်ကြာဆိုင်လို့ သူမသိဘူး။

စဝ် ကြာဆိုင်က အင်ဂီရဲ့ အချစ်ဟာ ဂုဏ်ဒြပ်တွေကို ချစ်တာမဟုတ်ဘဲ မြန်မာနိုင်ငံသား သာမန္လူ တစ်ယောက်ကို ချစ်မြတ်နိုးတာပဲ ဖြစ်စေချင်ခဲ့တယ်။

ရွှေထီးတွေ အရောင်တဝင်းဝင်းနဲ့ ကမ်းလုံး ညွတ်ကြိုနေတဲ့ ပရိသတ်ကြီးဟာ သူတို့ကို ကြိုနေတာလို့ သိရချိန် မွာ အင်ဂီခမျာ တအံ့တဩဖြစ်ရ တယ်။

သီပေါစော်ဘွား စဝ်ကြာ ဆိုင်က အင်ဂီကို စဝ်သုစန္ဒီအမည် ပေးပြီး မဟာဒေဝီ တင်မြှောက်ပါတယ်။ အင်ဂီက မြန်မာဘာသာ စကား၊ ရှမ်းဘာသာစကားတွေကို သင်ယူတယ်။

နိုင်ငံခြားသူ တစ်ယောက်လိုမနေဘဲ ရှမ်းအမျိုး သမီးတစ်ယောက်လို ဝတ္စား ဆင်ယင်ကာ လူရောစိတ်ပါ လုံးဝပြောင်းလဲပစ်လိုက်တာ ဒေသခံ တွေနဲ့ တစ်သားတည်းနေတယ်။ သူတို့နှစ်ဦးမှာ မာရာရီနဲ့ ကိန္နရီ အမည်ရှိတဲ့ သမီးတော်နှစ်ပါးထွန်း ကားတယ်။

အနောက်တိုင်းက သတ္တု အင်ဂျင်နီယာ ပညာသင်ယူလာတဲ့ စဝ်ကြာဆိုင်က ရှမ်းကုန်းမြေ မြင့်မှာ ဓာတ်သတ္တုတွေ ရှာဖွေတယ်။ တူးဖော်ထုတ်လုပ်ဖို့ စီမံတယ်။

ခေတ်အမြင် ခေတ်အတွေးတွေ ရွိသူမို့ အစဉ်အဆက် စော်ဘွားတွေ ခံစားနေတဲ့ လယ်ယာ မြေတွေကို အမှန်တကယ်စိုက်ပျိုး လုပ်ကိုင်နေတဲ့ တောင်သူလယ် သမားတွေရဲ့ လက်ထဲလွှဲပြောင်းပေးအပ်တယ်။

စိုက်ပျိုးရေး ခေတ်မီတိုးတက်အောင် နိုင်ငံခြားက လယ်ထွန်စက်တွေ တင်သွင်းတယ်။ မွေးမြူရေးခေတ်မီ တိုးတက်အောင် မျိုးကောင်း မျိုးသန့်နွားတွေ၊ ကြက်ပေါက်တွေ တင်သွင်းပေးပြီး မွေးမြူစေတယ်။

နိုင်ငံခြားသူ အင်ဂီက မဟာ ဒေဝီ စဝ်သုစန္ဒီအဖြစ်နဲ့ ရှမ်းပြည် နယ်ဖွံ့ဖြိုးတိုးတက်ရေးကို သူ့ ကြင်ရာတော်နဲ့ လက်ချင်းတွဲပြီး တစ်ဖက်တစ်လမ်းက ကြိုးပမ်း ဆောင်ရွက်တယ်။ မိခင်နဲ့ ကလေးစောင့်ရှောက်ရေး အသင်းကို ဖွဲ့ စည်းထူထောင်တယ်။

ရှမ်းပြည် နယ် သီပေါဒေသမှာ မိခင်က ကလေးလေးယောက်မွေးရင် သုံးယောက်က အသက် (၂)နှစ် မပြည့်ခင်မှာ သေဆုံးတယ်။ ကလေးသူငယ် သေဆုံးနှုန်းက အင်မတန်မြင့်မားတာကြောင့် သားဖြားဆရာမေတြ ငှားရမ်းတယ်။

ခေတ်မီသားဖွားခန်းတွေ ထူထောင်တယ်။ လူနာတင်ကားခြောက်စီးကို နိုင်ငံခြားက မှာယူတယ်။မဟာဒေဝီရဲ့ မိခင်နဲ့ ကေလး စောင့်ရှောက်ရေးအသင်းမှာ အင်္ဂလိပ်-မြန်မာ ကပြားအမျိုးသမီးဖြစ်တဲ့ မဂ္ဂီက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ပါတယ်။

ဒေသခံတွေရဲ့ ပညာရေးကို မြှင့်တင်ဖို့အတွက် စော်ဘွား ကျောင်း ဖောင်ဒေးရှင်းကို တည် ထောင်တယ်။မဂ္ဂီကကျောင်း အုပ်ဆရာမကြီး တာဝန်ယူတယ်။

ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးကို ခေတ်မီတိုးတက် အောင် တစ္ဖက္က ကြိုးပမ်းရင်းတစ်ဖက်မှာ ဒေသတွင်း အမြစ်တွယ်နေတဲ့ လောင်းကစား ပပျောက်ရေးကိုလည်း ဆောင်ရွက်လို့အောင်မြင်မှုတွေ ရလာတယ်။

ဒေသခံတွေက မဟာဒေဝီ ဖြစ်လာတဲ့ နိုင်ငံခြားသူကို သူတို့ဒေသရဲ့ အကျိုးကို ဆောင်တာကြောင့် စဝ်မယ် ဆိုပြီး တမြတ်တနိုးခေါ်ကြတယ်။

ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် စော်ဘွားစဝ်ကြာဆိုင်နဲ့ မဟာဒေဝီ စဝ်သုစန္ဒီတို့ ၁၉၅၄ ခုနှစ်က ၁၉၆၂ ခုနှစ်အထိ ရှစ်နှစ်တာ တက်ညီလက်ညီ ဆောင်ရွက် နေကြခိုက်မှာပဲ မြန်မာနိုင်ငံတစ်ခုလုံး ကံဆိုးမိုးမှောင်ကျပါတယ်။

၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်တဲ့ စစ်အာဏာရှင် တွေက မြန်မာနိုင်ငံကို အာဏာ သိမ်းလိုက်တယ်။
ရှမ်းပြည်နယ် ကောင်စီအ တွင်းရေးမှူး အထက်လွှတ်တော်

ကိုယ်စားလှယ် တာဝန်တွေကို ထမ်းဆောင်ရင်း ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် စဝ် ကြာဆိုင်က ဆောင်ရွက်တယ်။ ရှမ်းပြည်သူလူထုက စဝ်ကြာဆိုင် ကို ချစ်ခင်လေးစား ကြတယ်။

ဒါကို ဗိုလ်ချုပ်နေဝင်းက ကြိုက်ပုံမရပါဘူး။ တောင်ကြီးမြို့မှာ အစည်းအဝေးတက်ပြီး သီပေါမြို့ကိုပြန်ဖို့ ဟဲဟိုးလေဆိပ်ကို ဆင်းလာတဲ့ သီပေါစော်ဘွား စဝ်ကြာဆိုင်ကို စစထောက်လှမ်းရေးက လမ်းခု လတ်မှာပဲ ဖမ်းဆီးလိုက်တယ်။

လက်စတုံးလုပ်ပြီး ဖျောက်ဖျက် ပစ်လိုက်တယ်။ဒီနေ့အထိ သီပေါစော်ဘွား စဝ်ကြာဆိုင်ရဲ့အလောင်းဘယ်မှာမြှုပ်နှံထားတယ် ဆိုတာမိသားစုက သိခွင့်မရပါဘူး။

သီပေါဟော်နန်းကိုလည်း စစ္တပ္က သိမ်းပိုက်လိုက်တယ်။ မဟာဒေဝီ စဝ်သုစန္ဒီနဲ့ သမီးတော်လေး နှစ်ပါးလည်း နေအိမ် အကျယ်ချုပ်ဖြစ်သွားတယ်။

နိုင်ငံခြားသူ ဖြစ်တဲ့ စဝ်သုစန္ဒီဟာ (ခြောက်နှစ် နဲ့ သုံးနှစ်အရွယ်) သမီးတော်လေး တွေဖြစ်တဲ့ မာရာရီနဲ့ ကိန္နရီကို ခေါ်ဆောင်ပြီး ၁၉၆၄ ခုနှစ်မှာ မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်း ရှောင်ကြရတယ်။

မဟာဒေဝီတစ်ဖြစ်လည်း အင်ဂီက တစ်ဖက်မှာ ကျောင်းဆရာမ လုပ်ရင်း ကျောင်းပြန်တက်တယ်။ Ph.D ပါရဂူဘွဲ့ရတယ်။ အလုပ် လုပ်ကိုင်ရင်း သမီးလေးတွေကို မြေတောင်မြှောက်တယ်။သူ့ဘဝကို ဆက်လက်ထူထောင်ပါတယ်။

နိုင်ငံခြားကို ဆေးကုသဖို့ ထြက္လာတဲ့ ဗိုလ်ချုပ်နေဝင်းကို မရအရတွေ့ပြီး သူ့ကြင်ရာတော် စဝ်ကြာဆိုင်ကို ဘယ်ပုံအရေးယူဆောင်ရွက်သလဲ ဆိုတဲ့အကြောင်းကို မေးတယ်။ အဖြေတော့ မရပါဘူး။

ဒီအကြောင်းတွေကို အင်ဂီ က Twilight Over Burma (မှုန် ရီဆိုင်းဆိုင်း မြန်တိုင်းဌာနီ) အမည်နဲ့ စာတစ်အုပ် ရေးသားထုတ်ဝေတယ်။ ဒီစာအုပ္က နိုင်ငံတကာမှာ ပေါက်သွားတယ်။

ဒီစာအုပ် ကို ဖတ်မိသူတွေက လွမ်းမောဖွယ် အဖြစ်အပျက်တွေဖြစ်ခဲ့တဲ့ သီပေါမြို့ကို စိတ်ဝင်တစား သွားကြတယ်။
Twilight Over Burmaအမည်နဲ့ ရုပ်ရှင်ရိုက်တယ်။

မြန်မာနိင်ငံမှာတော့ ယခင်စစ်အစိုးရ အုပျခြုပျစဉျအခြိနျက ( ယခင် စစ်အာဏာရှင် အုပ်ချုပ်စဉ် အချိန်က) ပြခွင့်မပေးခဲ့ပါဘူး။ သီပေါမြို့ဟာ နိုင်ငံခြားခရီးသွားလုပ်ငန်းမှာ ဆွဲဆောင်မှု ကြီးမားတဲ့ နေရာတစ်နေရာဖြစ် လာတယ်။

သီပေါမြို့နဲ့ သီပေါဟော်နန်းကို ကမ္ဘာလှည့်ခရီးသည် တွေ တဖြဲဖြဲ လာရောက်ကြတယ်။သီပေါသူ၊ သီပေါသားတွေကလည်း သူတို့ မဟာဒေဝီရဲ့ ကျေးဇူးကို သိမှတ်နေကြပါတယ်။

ဟော်ဝင်းက အကျယ်ကြီး။ မြက်ခင်းစိမ်းမြတွေကို တယုတယပြုစုထားတယ်။ သီပေါဟော်နန်း က ဥရောပဆန်တယ်။ ဟော်နန်း အတွင်း ဧည့်ဆောင်မှာ ဓာတ်ပုံပြ ခန်းရှိတယ်။

စော်ဘွားနဲ့ မဟာ ဒေဝီရဲ့ တချိန်ကလွမ်းမောဖွယ်အဖြစ်တွေ ကို ဓာတ်ပုံတွေကတဆင့် သရုပ်ဆောင်ပြသနေတုန်းပါ။ လေးစားစွာဖြင့် ခရက်ဒစ်.

Zawgyi

သီေပါေစာ္ဘြားစဝ္ၾကာဆိုင္နဲ႔မဟာေဒဝီစဝ္သုစႏၵီ

မဟာေဒဝီ သုစႏၵီဟာ ရွမ္း ေတြရဲ႕ ရင္ထဲမွာ စြဲလမ္းခ်စ္ခင္ ေလးစားခံရသူတစ္ဦးျဖစ္ပါ တယ္။ မဟာေဒဝီရဲ႕ဘဝက ဝမ္းနည္းေၾကကြဲဖြယ္ရာေတြနဲ႔ ျပည့္ႏွက္ေနတယ္။

မဟာေဒဝီ စဝ္သုစႏၵီက ရွမ္း အမ်ိဳးသမီး တစ္ေယာက္ေတာ့ မဟုတၻဴး။ သူ႔မူလအမည္က မစၥ အင္ဂီအဲဗားဟတ္ (Miss Inge Eberhasd) ပါ။ ဩစႀကီးယား ႏိုင္ငံသူ ျဖစ္ပါတယ္။

၁၉၄၄ ခုႏွစ္မွာ ျပည္သူလူ ထုက အသက္ (၂၀)အ႐ြယ္ မိုင္းလုံေစာ္ဘြား စဝ္ၾကာဆိုင္ကို သီေပါေစာ္ဘြားအျဖစ္ တင္ေျမႇာက္ ၾကတယ္။

သီေပါေစာ္ဘြားေလး စဝ္ၾကာဆိုင္ဟာ အဲဒီအခ်ိန္က အိႏၵိယႏိုင္ငံ ဒါဂ်ီလင္ၿမိဳ႕မွာ ပညာဆည္းပူးခဲ့ၿပီး စီနီယာ ကန္းဘရစ္ (Senior Cambridge)ေအာင္ျမင္ၿပီးပါၿပီ။

ပညာလိုလားတဲ့ စဝ္ၾကာဆိုင္က ေစာ္ဘြားအျဖစ္ဘိသိက္မခံေသးဘဲ အေမရိကန္ျပည္ေထာင္စု ကိုလိုရာဒိုျပည္နယ္ ဒင္ဗာၿမိဳ႕မွာ သတၱဳတြင္းအင္ဂ်င္နီယာပညာ သြားေရာက္သင္ယူရင္း
အင္ဂီနဲ႔ ဖူးစာဆုံၾကတာပါ။

သူတို႔ အခ်စ္ဇာတ္လမ္းက စိတ္ဝင္စားဖို႔ အလြန္ေကာင္းတယ္။ စဝ္ၾကာဆိုင္က သူ႔ကိုယ္ သူ ရွမ္းေစာ္ဘြားတစ္ေယာက္လို႔ ေျပာမထားဘဲအင္ဂီနဲ႔ ၁၉၅၃ ခုႏွစ္မွာ လက္ထပ္တယ္။

အင္ဂီ က လင့္မ်က္ႏွာကို တစ္႐ြာမွတ္ ထင္ၿပီး စဝ္ၾကာဆိုင္ ျပည္ေတာ္ ျပန္ခ်ိန္မွာ ျမန္မာႏိုင္ငံကိုအတူ လိုက္ပါလာတယ္။

၁၉၅၄ ခုႏွစ္ ႏွစ္ဦး ဇႏၷဝါရီလမြာ သူတို႔စီးလာတဲ့ပင္လယ္ကူးသေဘၤာႀကီး ရန္ကုန္ဆိပ္ကမ္းကို ဆိုက္ကပ္ေတာ့မယ္ဆိုေတာ့ သေဘၤာေပၚပါလာမယ့္ ေစာ္ဘြားကို လူေတြက ကမ္းလုံးၫြတ္ေအာင္ ႀကိဳေနၾကတယ္။

အင္ဂီက ႀကိဳဆိုေနတဲ့ ပရိသတ္ ကို လွမ္းၾကည့္ရင္း သူတို႔သေဘၤာ ေပၚမွာ ဗီအိုင္ပီပါလာၿပီလို႔ သူ႔ခင္ပြန္းကို ေျပာတယ္။ ဒါေပမယ့္ အဲဒီအခ်ိန္အထိ ဗီအိုင္ပီဟာ သူ႔ခင္ပြန္း စဝ္ၾကာဆိုင္လို႔ သူမသိဘူး။

စဝ္ ၾကာဆိုင္က အင္ဂီရဲ႕ အခ်စ္ဟာ ဂုဏ္ျဒပ္ေတြကို ခ်စ္တာမဟုတ္ဘဲ ျမန္မာႏိုင္ငံသား သာမႏႅဴ တစ္ေယာက္ကို ခ်စ္ျမတ္ႏိုးတာပဲ ျဖစ္ေစခ်င္ခဲ့တယ္။

ေ႐ႊထီးေတြ အေရာင္တဝင္းဝင္းနဲ႔ ကမ္းလုံး ၫြတ္ႀကိဳေနတဲ့ ပရိသတ္ႀကီးဟာ သူတို႔ကို ႀကိဳေနတာလို႔ သိရခ်ိန္ မြာ အင္ဂီခမ်ာ တအံ့တဩျဖစ္ရ တယ္။

သီေပါေစာ္ဘြား စဝ္ၾကာ ဆိုင္က အင္ဂီကို စဝ္သုစႏၵီအမည္ ေပးၿပီး မဟာေဒဝီ တင္ေျမႇာက္ပါတယ္။ အင္ဂီက ျမန္မာဘာသာ စကား၊ ရွမ္းဘာသာစကားေတြကို သင္ယူတယ္။

ႏိုင္ငံျခားသူ တစ္ေယာက္လိုမေနဘဲ ရွမ္းအမ်ိဳး သမီးတစ္ေယာက္လို ဝတၥား ဆင္ယင္ကာ လူေရာစိတ္ပါ လုံးဝေျပာင္းလဲပစ္လိုက္တာ ေဒသခံ ေတြနဲ႔ တစ္သားတည္းေနတယ္။ သူတို႔ႏွစ္ဦးမွာ မာရာရီနဲ႔ ကိႏၷရီ အမည္ရွိတဲ့ သမီးေတာ္ႏွစ္ပါးထြန္း ကားတယ္။

အေနာက္တိုင္းက သတၱဳ အင္ဂ်င္နီယာ ပညာသင္ယူလာတဲ့ စဝ္ၾကာဆိုင္က ရွမ္းကုန္းေျမ ျမင့္မွာ ဓာတ္သတၱဳေတြ ရွာေဖြတယ္။ တူးေဖာ္ထုတ္လုပ္ဖို႔ စီမံတယ္။

ေခတ္အျမင္ ေခတ္အေတြးေတြ ႐ြိသူမို႔ အစဥ္အဆက္ ေစာ္ဘြားေတြ ခံစားေနတဲ့ လယ္ယာ ေျမေတြကို အမွန္တကယ္စိုက္ပ်ိဳး လုပ္ကိုင္ေနတဲ့ ေတာင္သူလယ္ သမားေတြရဲ႕ လက္ထဲလႊဲေျပာင္းေပးအပ္တယ္။

စိုက္ပ်ိဳးေရး ေခတ္မီတိုးတက္ေအာင္ ႏိုင္ငံျခားက လယ္ထြန္စက္ေတြ တင္သြင္းတယ္။ ေမြးျမဴေရးေခတ္မီ တိုးတက္ေအာင္ မ်ိဳးေကာင္း မ်ိဳးသန႔္ႏြားေတြ၊ ၾကက္ေပါက္ေတြ တင္သြင္းေပးၿပီး ေမြးျမဴေစတယ္။

ႏိုင္ငံျခားသူ အင္ဂီက မဟာ ေဒဝီ စဝ္သုစႏၵီအျဖစ္နဲ႔ ရွမ္းျပည္ နယ္ဖြံ႕ၿဖိဳးတိုးတက္ေရးကို သူ႔ ၾကင္ရာေတာ္နဲ႔ လက္ခ်င္းတြဲၿပီး တစ္ဖက္တစ္လမ္းက ႀကိဳးပမ္း ေဆာင္႐ြက္တယ္။ မိခင္နဲ႔ ကေလးေစာင့္ေရွာက္ေရး အသင္းကို ဖြဲ႕ စည္းထူေထာင္တယ္။

ရွမ္းျပည္ နယ္ သီေပါေဒသမွာ မိခင္က ကေလးေလးေယာက္ေမြးရင္ သုံးေယာက္က အသက္ (၂)ႏွစ္ မျပည့္ခင္မွာ ေသဆုံးတယ္။ ကေလးသူငယ္ ေသဆုံးႏႈန္းက အင္မတန္ျမင့္မားတာေၾကာင့္ သားျဖားဆရာေမၾတ ငွားရမ္းတယ္။

ေခတ္မီသားဖြားခန္းေတြ ထူေထာင္တယ္။ လူနာတင္ကားေျခာက္စီးကို ႏိုင္ငံျခားက မွာယူတယ္။မဟာေဒဝီရဲ႕ မိခင္နဲ႔ ေကလး ေစာင့္ေရွာက္ေရးအသင္းမွာ အဂၤလိပ္-ျမန္မာ ကျပားအမ်ိဳးသမီးျဖစ္တဲ့ မဂၢီက အတြင္းေရးမႉးအျဖစ္ ေဆာင္႐ြက္ပါတယ္။

ေဒသခံေတြရဲ႕ ပညာေရးကို ျမႇင့္တင္ဖို႔အတြက္ ေစာ္ဘြား ေက်ာင္း ေဖာင္ေဒးရွင္းကို တည္ ေထာင္တယ္။မဂၢီကေက်ာင္း အုပ္ဆရာမႀကီး တာဝန္ယူတယ္။

က်န္းမာေရး၊ ပညာေရး၊ စီးပြားေရးကို ေခတ္မီတိုးတက္ ေအာင္ တစၹကၠ ႀကိဳးပမ္းရင္းတစ္ဖက္မွာ ေဒသတြင္း အျမစ္တြယ္ေနတဲ့ ေလာင္းကစား ပေပ်ာက္ေရးကိုလည္း ေဆာင္႐ြက္လို႔ေအာင္ျမင္မႈေတြ ရလာတယ္။

ေဒသခံေတြက မဟာေဒဝီ ျဖစ္လာတဲ့ ႏိုင္ငံျခားသူကို သူတို႔ေဒသရဲ႕ အက်ိဳးကို ေဆာင္တာေၾကာင့္ စဝ္မယ္ ဆိုၿပီး တျမတ္တႏိုးေခၚၾကတယ္။

ျပည္နယ္ဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ ေစာ္ဘြားစဝ္ၾကာဆိုင္နဲ႔ မဟာေဒဝီ စဝ္သုစႏၵီတို႔ ၁၉၅၄ ခုႏွစ္က ၁၉၆၂ ခုႏွစ္အထိ ရွစ္ႏွစ္တာ တက္ညီလက္ညီ ေဆာင္႐ြက္ ေနၾကခိုက္မွာပဲ ျမန္မာႏိုင္ငံတစ္ခုလုံး ကံဆိုးမိုးေမွာင္က်ပါတယ္။

၁၉၆၂ ခုႏွစ္မွာ ဗိုလ္ခ်ဳပ္ေနဝင္း ေခါင္းေဆာင္တဲ့ စစ္အာဏာရွင္ ေတြက ျမန္မာႏိုင္ငံကို အာဏာ သိမ္းလိုက္တယ္။
ရွမ္းျပည္နယ္ ေကာင္စီအ တြင္းေရးမႉး အထက္လႊတ္ေတာ္

ကိုယ္စားလွယ္ တာဝန္ေတြကို ထမ္းေဆာင္ရင္း ရွမ္းျပည္နယ္ ဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ စဝ္ ၾကာဆိုင္က ေဆာင္႐ြက္တယ္။ ရွမ္းျပည္သူလူထုက စဝ္ၾကာဆိုင္ ကို ခ်စ္ခင္ေလးစား ၾကတယ္။

ဒါကို ဗိုလ္ခ်ဳပ္ေနဝင္းက ႀကိဳက္ပုံမရပါဘူး။ ေတာင္ႀကီးၿမိဳ႕မွာ အစည္းအေဝးတက္ၿပီး သီေပါၿမိဳ႕ကိုျပန္ဖို႔ ဟဲဟိုးေလဆိပ္ကို ဆင္းလာတဲ့ သီေပါေစာ္ဘြား စဝ္ၾကာဆိုင္ကို စစေထာက္လွမ္းေရးက လမ္းခု လတ္မွာပဲ ဖမ္းဆီးလိုက္တယ္။

လက္စတုံးလုပ္ၿပီး ေဖ်ာက္ဖ်က္ ပစ္လိုက္တယ္။ဒီေန႔အထိ သီေပါေစာ္ဘြား စဝ္ၾကာဆိုင္ရဲ႕အေလာင္းဘယ္မွာျမႇဳပ္ႏွံထားတယ္ ဆိုတာမိသားစုက သိခြင့္မရပါဘူး။

သီေပါေဟာ္နန္းကိုလည္း စစၱပၠ သိမ္းပိုက္လိုက္တယ္။ မဟာေဒဝီ စဝ္သုစႏၵီနဲ႔ သမီးေတာ္ေလး ႏွစ္ပါးလည္း ေနအိမ္ အက်ယ္ခ်ဳပ္ျဖစ္သြားတယ္။

ႏိုင္ငံျခားသူ ျဖစ္တဲ့ စဝ္သုစႏၵီဟာ (ေျခာက္ႏွစ္ နဲ႔ သုံးႏွစ္အ႐ြယ္) သမီးေတာ္ေလး ေတြျဖစ္တဲ့ မာရာရီနဲ႔ ကိႏၷရီကို ေခၚေဆာင္ၿပီး ၁၉၆၄ ခုႏွစ္မွာ ျမန္မာႏိုင္ငံကေန ထြက္ေျပးတိမ္း ေရွာင္ၾကရတယ္။

မဟာေဒဝီတစ္ျဖစ္လည္း အင္ဂီက တစ္ဖက္မွာ ေက်ာင္းဆရာမ လုပ္ရင္း ေက်ာင္းျပန္တက္တယ္။ Ph.D ပါရဂူဘြဲ႕ရတယ္။ အလုပ္ လုပ္ကိုင္ရင္း သမီးေလးေတြကို ေျမေတာင္ေျမႇာက္တယ္။သူ႔ဘဝကို ဆက္လက္ထူေထာင္ပါတယ္။

ႏိုင္ငံျခားကို ေဆးကုသဖို႔ ၾထကႅာတဲ့ ဗိုလ္ခ်ဳပ္ေနဝင္းကို မရအရေတြ႕ၿပီး သူ႔ၾကင္ရာေတာ္ စဝ္ၾကာဆိုင္ကို ဘယ္ပုံအေရးယူေဆာင္႐ြက္သလဲ ဆိုတဲ့အေၾကာင္းကို ေမးတယ္။ အေျဖေတာ့ မရပါဘူး။

ဒီအေၾကာင္းေတြကို အင္ဂီ က Twilight Over Burma (မႈန္ ရီဆိုင္းဆိုင္း ျမန္တိုင္းဌာနီ) အမည္နဲ႔ စာတစ္အုပ္ ေရးသားထုတ္ေဝတယ္။ ဒီစာအုပၠ ႏိုင္ငံတကာမွာ ေပါက္သြားတယ္။

ဒီစာအုပ္ ကို ဖတ္မိသူေတြက လြမ္းေမာဖြယ္ အျဖစ္အပ်က္ေတြျဖစ္ခဲ့တဲ့ သီေပါၿမိဳ႕ကို စိတ္ဝင္တစား သြားၾကတယ္။
Twilight Over Burmaအမည္နဲ႔ ႐ုပ္ရွင္႐ိုက္တယ္။

ျမန္မာနိင္ငံမွာေတာ့ ယခင္စစ္အစိုးရ အုပ်ျခဳပ်စဉ်အၿခိန်က ( ယခင္ စစ္အာဏာရွင္ အုပ္ခ်ဳပ္စဥ္ အခ်ိန္က) ျပခြင့္မေပးခဲ့ပါဘူး။ သီေပါၿမိဳ႕ဟာ ႏိုင္ငံျခားခရီးသြားလုပ္ငန္းမွာ ဆြဲေဆာင္မႈ ႀကီးမားတဲ့ ေနရာတစ္ေနရာျဖစ္ လာတယ္။

သီေပါၿမိဳ႕နဲ႔ သီေပါေဟာ္နန္းကို ကမာၻလွည့္ခရီးသည္ ေတြ တၿဖဲၿဖဲ လာေရာက္ၾကတယ္။သီေပါသူ၊ သီေပါသားေတြကလည္း သူတို႔ မဟာေဒဝီရဲ႕ ေက်းဇူးကို သိမွတ္ေနၾကပါတယ္။

ေဟာ္ဝင္းက အက်ယ္ႀကီး။ ျမက္ခင္းစိမ္းျမေတြကို တယုတယျပဳစုထားတယ္။ သီေပါေဟာ္နန္း က ဥေရာပဆန္တယ္။ ေဟာ္နန္း အတြင္း ဧည့္ေဆာင္မွာ ဓာတ္ပုံျပ ခန္းရွိတယ္။

ေစာ္ဘြားနဲ႔ မဟာ ေဒဝီရဲ႕ တခ်ိန္ကလြမ္းေမာဖြယ္အျဖစ္ေတြ ကို ဓာတ္ပုံေတြကတဆင့္ သ႐ုပ္ေဆာင္ျပသေနတုန္းပါ။ ေလးစားစြာျဖင့္ ခရက္ဒစ္.