လူတစ်ယောက်စီတိုင်းတွင် ဝါသနာတစ်ခုစီရှိကြပြီး ဇွဲမလျှော့ပဲ ကြိုးစားလုပ်ဆောင်သွားပါက တစ်ချိန်တွင် အောင်မြင်နိုင်သည်။ ယခုအခါတွင်လည်း ထိုင်းနိုင်ငံ Trang ပြည်နယ်မှ
အသက် ၁၁ နှစ်အရွယ်ကောင်လေးသည် ၅ တန်းကျောင်းသားသာ ရှိသေးသော်လည်း ဝါသနာပါသော ပန်းချီအနုပညာမှတဆင့် ဖိနပ်အလှများလုပ်ရောင်းပြီး မိသားစုအိမ်စားရိတ်
အား ထောက်ပံ့ပေးလျက်ရှိသည်။ ကောင်လေးသည် ၂ နှစ်သားလောက်ကတည်းက ပန်းချီဆွဲရခြင်းကို အထူးနှစ်သက်ပြီး လက်ရာမှာလည်း ပြောင်မြောက်လွန်းတာကြောင့်
ငယ်ရွယ်သေးသော်လည်း သူ၏အရည်အချင်းကို ထုတ်ဖော်ရန် အကြံရခဲ့သည်။ ထို့ကြောင့် ကောင်လေးသည် ဖော့ဖိနပ်ပြောင်လေးတွေကို ဝယ်ယူပြီး ပန်းချီများရေးဆွဲကာ ရုပ်ပုံမျိုးစုံနှင့်
ဂန္ထဝင်ဆန်ဆန် ပုံလေးများကိုပါ ပုံဖော်နိုင်ခဲ့ပြီး ဖိနပ်တစ်ရံကို ၄၅၀ ဘတ်နှင့်ရောင်းချခဲ့ရာ လူကြိုက်များခဲ့သည်။ ကောင်လေးသည် တဖြည်းဖြည်း နာမည်ရလာကာ ဖိနပ်များ ပိုပြီး
ရေးဆွဲပုံဖော်ကာ ထွင်းထုခြင်းများလာခဲ့သော်လည်း ကျောင်းစာကို လက်လွှတ်မခံပဲ အမှတ်ကောင်းရအောင် ကြိုးစားနိုင်ခဲ့သည့်အပြင် TV ချန်နယ်ထဲတွင်တောင် ပြသခွင့်ရခဲ့သည်။
Zawgyi
လူတစ္ေယာက္စီတိုင္းတြင္ ဝါသနာတစ္ခုစီရွိၾကၿပီး ဇြဲမေလွ်ာ့ပဲ ႀကိဳးစားလုပ္ေဆာင္သြားပါက တစ္ခ်ိန္တြင္ ေအာင္ျမင္ႏိုင္သည္။ ယခုအခါတြင္လည္း ထိုင္းႏိုင္ငံ Trang ျပည္နယ္မွ
အသက္ ၁၁ ႏွစ္အ႐ြယ္ေကာင္ေလးသည္ ၅ တန္းေက်ာင္းသားသာ ရွိေသးေသာ္လည္း ဝါသနာပါေသာ ပန္းခ်ီအႏုပညာမွတဆင့္ ဖိနပ္အလွမ်ားလုပ္ေရာင္းၿပီး မိသားစုအိမ္စားရိတ္
အား ေထာက္ပံ့ေပးလ်က္ရွိသည္။ ေကာင္ေလးသည္ ၂ ႏွစ္သားေလာက္ကတည္းက ပန္းခ်ီဆြဲရျခင္းကို အထူးႏွစ္သက္ၿပီး လက္ရာမွာလည္း ေျပာင္ေျမာက္လြန္းတာေၾကာင့္
ငယ္႐ြယ္ေသးေသာ္လည္း သူ၏အရည္အခ်င္းကို ထုတ္ေဖာ္ရန္ အႀကံရခဲ့သည္။ ထို႔ေၾကာင့္ ေကာင္ေလးသည္ ေဖာ့ဖိနပ္ေျပာင္ေလးေတြကို ဝယ္ယူၿပီး ပန္းခ်ီမ်ားေရးဆြဲကာ ႐ုပ္ပုံမ်ိဳးစုံႏွင့္
ဂႏၴ၀င္ဆန္ဆန္ ပုံေလးမ်ားကိုပါ ပုံေဖာ္ႏိုင္ခဲ့ၿပီး ဖိနပ္တစ္ရံကို ၄၅၀ ဘတ္ႏွင့္ေရာင္းခ်ခဲ့ရာ လူႀကိဳက္မ်ားခဲ့သည္။ ေကာင္ေလးသည္ တျဖည္းျဖည္း နာမည္ရလာကာ ဖိနပ္မ်ား ပိုၿပီး
ေရးဆြဲပုံေဖာ္ကာ ထြင္းထုျခင္းမ်ားလာခဲ့ေသာ္လည္း ေက်ာင္းစာကို လက္လႊတ္မခံပဲ အမွတ္ေကာင္းရေအာင္ ႀကိဳးစားႏိုင္ခဲ့သည့္အျပင္ TV ခ်န္နယ္ထဲတြင္ေတာင္ ျပသခြင့္ရခဲ့သည္။