စက္ဘီး၊ ဆိုင္ကယ္ ျပင္ၿပီး သားသမီး ၆ေယာက္ကို ၁၁ႏွစ္တိုင္တိုင္ ရွာေကြၽးခဲ့တဲ့ အာဂေမေမ

”သားသမီး (၆) ယောက်ကို (၁၁) နှစ် တိုင်တိုင်” ပင်ပန်းဆင်းရဲစွာ ယောကျ်ားရင့်မာကြီးများနှင့် တန်းတူစက်ဘီး၊ ဆိုင်ကယ်တြွေပင်ရင်း ရှာကျွေးနေတဲ့ ”အာဂ အမေ”…….

အမျိုးသား ဆုံးပါသွား သော်လည်း ဆယ့်တစ်နှစ် တိုင်တိုင် သားသမီး ခြောက်ယောက်နဲ့ ဆိုင်ကယ် စက်ဘီး ပြင်ရင်း ကြိုးစား ခဲ့တယ် ’’ လို့ ဆိုလာသူ ဒေါ်စန်းကြည်..

စာဖတ်ပရိသတ်များ မင်္ဂလာပါ ခင်ဗျာ … ယခု တခါ တင်ဆက် ပေးမှာ ကတော့ ဖခင် မရှိတော့တဲ့ သားသမီး၆ ယောက် အတွက် ၁၁နှစ် တိုင်အောင် စက်ဘီးဆိုင်ကယ် ပြင်ပြီး ရှာကျွေးခဲ့သူ မိခင် ဒေါ်စန်းကြည်ရဲ့ အကြောင်း လေးပဲ ဖြစ်ပါတယ် ။

အဖွား ဒေါ်စန်းကြည်ဟာ အသက် ၆၅ နှစ် ရှိပြီ ဖြစ်ပြီး …. ယောကျာ်းဆုံးတဲ့ အချိန်က စပြီး ဆိုင်ကယ် စက်ဘီးတွေကို စပြင် ခဲ့တယ် လို့ သိရတယ် ။စပြင်တဲ့ အချိန်မှာ အခက် အခဲတွေ ရှိခဲ့ပေမယ့် …

လက်ရှိ အချိန်မှာတော့ ထမင်းစား ရေသောက် အဆင့်ကို ရောက်လို့ နေပါပြီ ။တော်ရုံ ယောကျာ်းတွေတောင် စက်ပြင် လုပ်ငန်းကို မလုပ်နိုင်ကြ ပေမယ့်…မိန်းမသားဖြစ်သူ အဖွား ဒေါ်စန်းကြည်ရဲ့ လုပ်ရပ် ကတော့ လေးစား အတုယူဖွယ် ကောင်းပါတယ်

ဘဝမှာ ဘယ်လိုပဲ အဆိုးတွေနဲ့ ကြုံနေပါစေ… စိတ်ညစ်စရာတွေ ဖြစ်လာပါစေ… ကြံ့ကြံ့ခိုင် နိုင်အောင်ကြိုးစား ရင်ဆိုင်နိုင်အောင်.. အဖွားက သာဓက ပြသွားခဲ့ ပါတယ် ။

ခုဆိုရင် သူမ ချစ်တဲ့ သားသမီးတွေ.. မြေးလေးတွေနဲ့ အတူ နေထိုင် နေပြီး… ပုသိမ်မြို့ မြကျွန်းသာလမ်းမကြီးရဲ့ ရထားလမ်းဘေး တစ်နေရာမှာ ယခုထိ တိုင် ဆိုင်ကယ်ပြင်ဆိုင်လေး နဲ့ ဖြတ်သန်းနေ ပါတယ် ။

အဖွားကို လေးစားချစ်ခင်တယ်ဆိုရင် အဖွားရဲ့အကြောင်းလေးကို လူသိများကာ အဖွားရဲ့ကြံ့ကြံ့ခိုင်တဲ့ စိတ်ဓာတ်ကို အများအားကျ သိမြင်နိုင်အောင် Shareမျှဝေပေးကြပါအုံးနော်။

Zawgyi

”သားသမီး (၆) ေယာက္ကို (၁၁) ႏွစ္ တိုင္တိုင္” ပင္ပန္းဆင္းရဲစြာ ေယာက်္ားရင့္မာႀကီးမ်ားႏွင့္ တန္းတူစက္ဘီး၊ ဆိုင္ကယ္ေတျြပင္ရင္း ရွာေကြၽးေနတဲ့ ”အာဂ အေမ”…….

အမ်ိဳးသား ဆံုးပါသြား ေသာ္လည္း ဆယ့္တစ္ႏွစ္ တိုင္တိုင္ သားသမီး ေျခာက္ေယာက္နဲ႔ ဆိုင္ကယ္ စက္ဘီး ျပင္ရင္း ႀကိဳးစား ခဲ့တယ္ ’’ လို႔ ဆိုလာသူ ေဒၚစန္းၾကည္..

စာဖတ္ပရိသတ္မ်ား မဂၤလာပါ ခင္ဗ်ာ … ယခု တခါ တင္ဆက္ ေပးမွာ ကေတာ့ ဖခင္ မရိွေတာ့တဲ့ သားသမီး၆ ေယာက္ အတြက္ ၁၁ႏွစ္ တိုင္ေအာင္ စက္ဘီးဆိုင္ကယ္ ျပင္ၿပီး ရွာေကြၽးခဲ့သူ မိခင္ ေဒၚစန္းၾကည္ရဲ့ အေၾကာင္း ေလးပဲ ျဖစ္ပါတယ္ ။

အဖြား ေဒၚစန္းၾကည္ဟာ အသက္ ၆၅ ႏွစ္ ရိွၿပီ ျဖစ္ၿပီး …. ေယာက်ာ္းဆံုးတဲ့ အခ်ိန္က စၿပီး ဆိုင္ကယ္ စက္ဘီးေတြကို စျပင္ ခဲ့တယ္ လို႔ သိရတယ္ ။စျပင္တဲ့ အခ်ိန္မွာ အခက္ အခဲေတြ ရိွခဲ့ေပမယ့္ …

လက္ရိွ အခ်ိန္မွာေတာ့ ထမင္းစား ေရေသာက္ အဆင့္ကို ေရာက္လို႔ ေနပါၿပီ ။ေတာ္ရံု ေယာက်ာ္းေတြေတာင္ စက္ျပင္ လုပ္ငန္းကို မလုပ္ႏိုင္ၾက ေပမယ့္…မိန္းမသားျဖစ္သူ အဖြား ေဒၚစန္းၾကည္ရဲ့ လုပ္ရပ္ ကေတာ့ ေလးစား အတုယူဖြယ္ ေကာင္းပါတယ္

ဘဝမွာ ဘယ္လိုပဲ အဆိုးေတြနဲ႔ ႀကံဳေနပါေစ… စိတ္ညစ္စရာေတြ ျဖစ္လာပါေစ… ႀကံ့ႀကံ့ခိုင္ ႏိုင္ေအာင္ႀကိဳးစား ရင္ဆိုင္ႏိုင္ေအာင္.. အဖြားက သာဓက ျပသြားခဲ့ ပါတယ္ ။

ခုဆိုရင္ သူမ ခ်စ္တဲ့ သားသမီးေတြ.. ေျမးေလးေတြနဲ႔ အတူ ေနထိုင္ ေနၿပီး… ပုသိမ္ၿမိဳ႔ ျမကြၽန္းသာလမ္းမႀကီးရဲ့ ရထားလမ္းေဘး တစ္ေနရာမွာ ယခုထိ တိုင္ ဆိုင္ကယ္ျပင္ဆိုင္ေလး နဲ႔ ျဖတ္သန္းေန ပါတယ္ ။

အဖြားကို ေလးစားခ်စ္ခင္တယ္ဆိုရင္ အဖြားရဲ့အေၾကာင္းေလးကို လူသိမ်ားကာ အဖြားရဲ့ႀကံ့ႀကံ့ခိုင္တဲ့ စိတ္ဓာတ္ကို အမ်ားအားက် သိျမင္ႏိုင္ေအာင္ Shareမ်ွေဝေပးၾကပါအံုးေနာ္။