သင့္ဖုန္းကို Lock ခ်ထားတဲ့ပုံစံက ေျပာျပေပးမယ့္ သင့္အေၾကာင္းက ဘာေတြလဲ ဖတ္ၾကည့္လိုက္ေတာ့

သင့်ဖုန်းကို Lock ချထားတဲ့ပုံစံက ပြောပြပေးမယ့် သင့်အကြောင်းက ဘာတွေလဲ ဖတ်ကြည့်လိုက်တော့

သင့်ဖုန်းကို Lock ချထားတဲ့ပုံစံက ပြောပြပေးမယ့် သင့်အကြောင်း

သင်ဟာ ဘယ်လိုစိတ်နေစိတ်ထားရှိတဲ့လူလဲဆိုတာ သိချင်ပါသလား။ ဒီ စမ်းသပ်ချက်လေးက သင့်အကြောင်းကို ပြည့်ပြည့်စုံစုံ ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

ပုံထဲမှာ ဖုန်းကို lock ချနိုင်တဲ့ ပုံစံအမျိုးမျိုးကို ပေးထားမှာ ဖြစ်တဲ့အတွက် ဒီပုံစံတွေထဲက သင်အများဆုံးအသုံးပြုနေတဲ့ lock ပုံစံလေးကို ရွေးချယ်ပြီး

သင့်ရဲ့စိတ်နေစိတ်ထားကို လေ့လာကြည့်လိုက်ရအောင်နော်။

(၁) Pattern Lock

Pattern Lock ချပုံကို အသုံးပြုရင်တော့ သင်ဟာ တစ်ခြားလူတွေအကြောင်းကို အမြဲတွေးနေသူ တစ်ယောက်ပါ။

အမှန်တော့ ဒီလိုတွေးနေရတာက သူတို့ရဲ့မကောင်းကြောင်းတွေကို တွေးနေတာမဟုတ်ဘဲ သူတို့ရဲ့ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့ တွေးနေခြင်းပဲ ဖြစ်ပါတယ်။

အပြင်ပိုင်းပုံစံအနေအထားအရ သင်ဟာ ပွင့်ပွင့်လင်းလင်းနေတတ်တဲ့သူလို့ ထင်နိုင်ပေမယ့် တစ်ကယ့်စိတ်အတွင်းပိုင်းမှာတော့ သင်ဟာ တစ်ယောက်ထဲ တစ်သီးတစ်သန့်နေတတ်တဲ့ သူမျိုးပါ။

ကျဆုံးရမှာနဲ့ တစ်ယောက်ထဲအထီးကျန်ရမှာကို ကြောက်နေတဲ့အတွက် အဆက်မပြတ် အသစ်အသစ်တွေကို

ကြိုးစားလေ့လာနေပြီး လူတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်ကြပါတယ်။

သူငယ်ချင်းတွေအပေါ်မှာ သံယောဇဉ်ကြီးတတ်ပေမယ့် ဘယ်သူ့ကိုမှ အလွယ်တကူ ယုံကြည်လေ့မရှိပါဘူး။

ဒါ့အပြင် ကိုယ်ခံစားနေရတဲ့ ခံစားချက်တွေကို ရင်ထဲမှာပဲ အမြဲသိမ်းထားတတ်ပြီး တစ်ခြားသူတွေကိုလည်း အလွယ်တကူ ဖွင့်ဟထုတ်ပြောခြင်း မရှိပါဘူး။

လူတိုင်းရဲ့အမြင်မှာတော့ သင်ဟာ သိမ်မွေ့နူးညံ့တဲ့သူတစ်ယောက်လို့ မြင်ပါတယ်။

(၂) PIN Number

PIN Number ကိုအသုံးပြုရင်တော့ သင်ဟာ စိတ်ခံစားချက်တွေများတဲ့အတွက် သင့်ပတ်ဝန်းကျင်က လူတွေက သင့်ရဲ့စိတ်ကို ခန့်မှန်းရခက်ပါတယ်။

ပြောရရင် ခန့်မှန်းရခက်တဲ့လူစားမျိုးပေါ့။ ဒါ့အပြင် သင်ဟာ အလွန်ချစ်တတ်ပြီး လူတိုင်းနဲ့အဆင်ပြေပြေ ပေါင်းသင်းဆက်ဆံတတ်ပါတယ်။

ခံစားချက်တွေကို လျှို့ဝှက်တဲ့နေရာမှာ ကျွမ်းကျင်တဲ့သူဖြစ်တဲ့အတွက် စိတ်ထဲမှာ ဒေါသထွက်နေရင်တောင် အပြင်ပိုင်းမှာတော့ အပြုံးလေးနဲ့ပဲ ပြောဆိုဆက်ဆံတတ်ပါတယ်။

ဒါကြောင့်ပဲ လူတွေက သင့်ရဲ့စိတ်ကိုခန့်မှန်းရခက်တာပေါ့။ အမှန်တစ်ကယ်တော့ သင့်စိတ်ထဲမှာ လူတွေက သင့်ရဲ့ခံစားချက်တွေကို နားလည်ပေးနိုင်ဖို့ မျှော်လင့်နေတာပါ။

လူတစ်ယောက်က သင့်ကိုအချိန်ပေးပြီး ဂရုစိုက်ပေးရင် သင့်စိတ်ထဲမှာ အချစ်ခံရတယ်လို့ ခံစားရတဲ့အတွက် ပျော်ရွှင်နေတတ်ပါတယ်။

လျှို့ဝှက်ချက်တွေများလွန်းတဲ့သင်ဟာ သင့်ရဲ့လျှို့ဝှက်ချက်တွေကို ခင်မင်ရင်းနှီးရတဲ့လူအချို့ကိုပဲ ရင်ဖွင့်လေ့ရှိပါတယ်။

(၃) Face Lock

Face Lock ကိုအသုံးပြုရင်တော့ သင်ဟာ ဘဝကို ရှုပ်ထွေးမှုတွေနဲ့ မနေချင်ဘဲ ရိုးရိုးရှင်းရှင်းသာ ဖြတ်သန်းချင်သူ တစ်ယောက်ပါ။

ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာလည်း တိကျပြတ်သားတဲ့ သူမျိုးပါ။ သင်ဟာ အတိတ်က သင့်အပေါ်မကောင်းခဲ့တဲ့သူတွေကို အလွယ်တကူခွင့်လွှတ်ပေးလေ့ရှိပါတယ်။

ဘာလို့လဲဆိုတော့ သူတို့တွေအပေါ် အညှိုးတွေထားပြီး မုန်းတီးနေရတာက ပင်ပမ်းတယ်လို့ ခံစားရတဲ့အတွက် ဖြစ်ပါတယ်။

နည်းစနစ်ကျတဲ့ စဉ်းစားတွေခေါ်မှုတွေနဲ့ ပြဿနာတွေကို ဖြေရှင်းတတ်ပြီး ဘဝမှာ

သင်လိုချင်တဲ့အောင်မြင်မှုတွေကို ရရှိစေဖို့အတွက် အလုပ်တွေကို အမြဲကြိုးစားပမ်းစား လုပ်လေ့ရှိပါတယ်။

လူတိုင်းကို စိတ်ကောင်းစေတနာထားပြီး ဆက်ဆံတဲ့သင့်ကို လူတိုင်းကလည်း အမြဲကောင်းကောင်းမွန်မွန် ပြန်ဆက်ဆံလေ့ရှိပါတယ်။

ရယ်မောပျော်ရွှင်နေရတာကို နှစ်သက်တတ်ပြီး သင့်ရဲ့အားနည်းချက်ကတော့ တစ်စုံတစ်ခုကို စဉ်းစားဆုံးဖြတ်တဲ့နေရာမှာ စိန်ခေါ်မှုတွေကို ကြုံတွေ့ရတာမျိုးပါ။

ဥပမာ – သင်ကြိုက်တဲ့အရောင်တစ်ရောင်ကို ပြောခိုင်းရင် အဲဒီအရောင်ကိုပြောဖို့ တစ်နေကုန်အချိန်ယူပြီး စဉ်းစားလိုက်ရတာပါပဲ။

(၄) Fingerprint Lock

Fingerprink Lock ကိုအသုံးပြုရင်တော့ သင်ဟာ တစ်စုံတစ်ခုကို စိတ်ထဲကမပါပဲ ပါးစပ်ကအလွယ်တကူ ပြောတတ်တဲ့သူမျိုးပါ။

သင့်သူငယ်ချင်းတွေက သင့်ကိုအချိန်တိုင်းအသုံးချလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ သင်ဟာ သူတို့ပြောတဲ့အတိုင်း၊ ခိုင်းတဲ့အတိုင်း လုပ်တတ်တဲ့အကျင့်ရှိနေလို့ပါ။

လူတိုင်းက သင့်ကို ကြံ့ခိုင်တဲ့လူလို့ ထင်တတ်ကြပေမယ့် အမှန်တစ်ကယ်တော့ သင်ဟာ သူတို့ပြောတဲ့အတိုင်း မဟုတ်ပါဘူး။

အတိတ်မှာ နာကြင်မှုတွေရခဲ့တဲ့သင်ဟာ အခုအချိန်မှာ လူတွေက သင့်ကိုနာကြင်အောင် လုပ်မှာကို ကြောက်ရွံ့နေတတ်ပါတယ်။

ဒါကြောင့် သင့်ရဲ့ခံစားချက်တွေကို သူစိမ်းတွေကို အလွယ်တကူဖွင့်ဟမပြောတဲ့အပြင်

တစ်ခြားသူတွေရဲ့အတွေးနဲ့အပြောတွေကို ဂရုမစိုက်ပဲ ဘဝမှာ ကိုယ်ဖြစ်ချင်တာတွေကိုပဲ ဖြစ်အောင် လုပ်တတ်ပါတယ်။

အမှန်တစ်ကယ်တော့ သင်ဟာ အလွန်တည်ငြိမ်အေးဆေးတဲ့သူ တစ်ယောက်ဖြစ်ပြီး အလုပ်တစ်ခုမလုပ်ခင်မှာ အချိန်ကြာအောင် စဉ်းစားတွေးခေါ်ပြီးမှ လုပ်လေ့ရှိပါတယ်။

lotaya_quiz

Zawgyi

သင့္ဖုန္းကို Lock ခ်ထားတဲ့ပုံစံက ေျပာျပေပးမယ့္ သင့္အေၾကာင္းက ဘာေတြလဲ ဖတ္ၾကည့္လိုက္ေတာ့

သင့္ဖုန္းကို Lock ခ်ထားတဲ့ပုံစံက ေျပာျပေပးမယ့္ သင့္အေၾကာင္း

သင္ဟာ ဘယ္လိုစိတ္ေနစိတ္ထားရွိတဲ့လူလဲဆိုတာ သိခ်င္ပါသလား။ ဒီ စမ္းသပ္ခ်က္ေလးက သင့္အေၾကာင္းကို ျပည့္ျပည့္စုံစုံ ေဖာ္ျပေပးသြားမွာပဲျဖစ္ပါတယ္။

ပုံထဲမွာ ဖုန္းကို lock ခ်ႏိုင္တဲ့ ပုံစံအမ်ိဳးမ်ိဳးကို ေပးထားမွာ ျဖစ္တဲ့အတြက္ ဒီပုံစံေတြထဲက သင္အမ်ားဆုံးအသုံးျပဳေနတဲ့ lock ပုံစံေလးကို ေ႐ြးခ်ယ္ၿပီး

သင့္ရဲ႕စိတ္ေနစိတ္ထားကို ေလ့လာၾကည့္လိုက္ရေအာင္ေနာ္။

(၁) Pattern Lock

Pattern Lock ခ်ပုံကို အသုံးျပဳရင္ေတာ့ သင္ဟာ တစ္ျခားလူေတြအေၾကာင္းကို အၿမဲေတြးေနသူ တစ္ေယာက္ပါ။

အမွန္ေတာ့ ဒီလိုေတြးေနရတာက သူတို႔ရဲ႕မေကာင္းေၾကာင္းေတြကို ေတြးေနတာမဟုတ္ဘဲ သူတို႔ရဲ႕ျပႆနာေတြကို ကူညီေျဖရွင္းေပးႏိုင္ဖို႔ ေတြးေနျခင္းပဲ ျဖစ္ပါတယ္။

အျပင္ပိုင္းပုံစံအေနအထားအရ သင္ဟာ ပြင့္ပြင့္လင္းလင္းေနတတ္တဲ့သူလို႔ ထင္ႏိုင္ေပမယ့္ တစ္ကယ့္စိတ္အတြင္းပိုင္းမွာေတာ့ သင္ဟာ တစ္ေယာက္ထဲ တစ္သီးတစ္သန႔္ေနတတ္တဲ့ သူမ်ိဳးပါ။

က်ဆုံးရမွာနဲ႔ တစ္ေယာက္ထဲအထီးက်န္ရမွာကို ေၾကာက္ေနတဲ့အတြက္ အဆက္မျပတ္ အသစ္အသစ္ေတြကို

ႀကိဳးစားေလ့လာေနၿပီး လူေတြနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေနတတ္ၾကပါတယ္။

သူငယ္ခ်င္းေတြအေပၚမွာ သံေယာဇဥ္ႀကီးတတ္ေပမယ့္ ဘယ္သူ႔ကိုမွ အလြယ္တကူ ယုံၾကည္ေလ့မရွိပါဘူး။

ဒါ့အျပင္ ကိုယ္ခံစားေနရတဲ့ ခံစားခ်က္ေတြကို ရင္ထဲမွာပဲ အၿမဲသိမ္းထားတတ္ၿပီး တစ္ျခားသူေတြကိုလည္း အလြယ္တကူ ဖြင့္ဟထုတ္ေျပာျခင္း မရွိပါဘူး။

လူတိုင္းရဲ႕အျမင္မွာေတာ့ သင္ဟာ သိမ္ေမြ႕ႏူးညံ့တဲ့သူတစ္ေယာက္လို႔ ျမင္ပါတယ္။

(၂) PIN Number

PIN Number ကိုအသုံးျပဳရင္ေတာ့ သင္ဟာ စိတ္ခံစားခ်က္ေတြမ်ားတဲ့အတြက္ သင့္ပတ္ဝန္းက်င္က လူေတြက သင့္ရဲ႕စိတ္ကို ခန႔္မွန္းရခက္ပါတယ္။

ေျပာရရင္ ခန႔္မွန္းရခက္တဲ့လူစားမ်ိဳးေပါ့။ ဒါ့အျပင္ သင္ဟာ အလြန္ခ်စ္တတ္ၿပီး လူတိုင္းနဲ႔အဆင္ေျပေျပ ေပါင္းသင္းဆက္ဆံတတ္ပါတယ္။

ခံစားခ်က္ေတြကို လွ်ိဳ႕ဝွက္တဲ့ေနရာမွာ ကြၽမ္းက်င္တဲ့သူျဖစ္တဲ့အတြက္ စိတ္ထဲမွာ ေဒါသထြက္ေနရင္ေတာင္ အျပင္ပိုင္းမွာေတာ့ အၿပဳံးေလးနဲ႔ပဲ ေျပာဆိုဆက္ဆံတတ္ပါတယ္။

ဒါေၾကာင့္ပဲ လူေတြက သင့္ရဲ႕စိတ္ကိုခန႔္မွန္းရခက္တာေပါ့။ အမွန္တစ္ကယ္ေတာ့ သင့္စိတ္ထဲမွာ လူေတြက သင့္ရဲ႕ခံစားခ်က္ေတြကို နားလည္ေပးႏိုင္ဖို႔ ေမွ်ာ္လင့္ေနတာပါ။

လူတစ္ေယာက္က သင့္ကိုအခ်ိန္ေပးၿပီး ဂ႐ုစိုက္ေပးရင္ သင့္စိတ္ထဲမွာ အခ်စ္ခံရတယ္လို႔ ခံစားရတဲ့အတြက္ ေပ်ာ္႐ႊင္ေနတတ္ပါတယ္။

လွ်ိဳ႕ဝွက္ခ်က္ေတြမ်ားလြန္းတဲ့သင္ဟာ သင့္ရဲ႕လွ်ိဳ႕ဝွက္ခ်က္ေတြကို ခင္မင္ရင္းႏွီးရတဲ့လူအခ်ိဳ႕ကိုပဲ ရင္ဖြင့္ေလ့ရွိပါတယ္။

(၃) Face Lock

Face Lock ကိုအသုံးျပဳရင္ေတာ့ သင္ဟာ ဘဝကို ရႈပ္ေထြးမႈေတြနဲ႔ မေနခ်င္ဘဲ ႐ိုး႐ိုးရွင္းရွင္းသာ ျဖတ္သန္းခ်င္သူ တစ္ေယာက္ပါ။

ျပႆနာေတြကို ေျဖရွင္းတဲ့ေနရာမွာလည္း တိက်ျပတ္သားတဲ့ သူမ်ိဳးပါ။ သင္ဟာ အတိတ္က သင့္အေပၚမေကာင္းခဲ့တဲ့သူေတြကို အလြယ္တကူခြင့္လႊတ္ေပးေလ့ရွိပါတယ္။

ဘာလို႔လဲဆိုေတာ့ သူတို႔ေတြအေပၚ အညႇိဳးေတြထားၿပီး မုန္းတီးေနရတာက ပင္ပမ္းတယ္လို႔ ခံစားရတဲ့အတြက္ ျဖစ္ပါတယ္။

နည္းစနစ္က်တဲ့ စဥ္းစားေတြေခၚမႈေတြနဲ႔ ျပႆနာေတြကို ေျဖရွင္းတတ္ၿပီး ဘဝမွာ

သင္လိုခ်င္တဲ့ေအာင္ျမင္မႈေတြကို ရရွိေစဖို႔အတြက္ အလုပ္ေတြကို အၿမဲႀကိဳးစားပမ္းစား လုပ္ေလ့ရွိပါတယ္။

လူတိုင္းကို စိတ္ေကာင္းေစတနာထားၿပီး ဆက္ဆံတဲ့သင့္ကို လူတိုင္းကလည္း အၿမဲေကာင္းေကာင္းမြန္မြန္ ျပန္ဆက္ဆံေလ့ရွိပါတယ္။

ရယ္ေမာေပ်ာ္႐ႊင္ေနရတာကို ႏွစ္သက္တတ္ၿပီး သင့္ရဲ႕အားနည္းခ်က္ကေတာ့ တစ္စုံတစ္ခုကို စဥ္းစားဆုံးျဖတ္တဲ့ေနရာမွာ စိန္ေခၚမႈေတြကို ႀကဳံေတြ႕ရတာမ်ိဳးပါ။

ဥပမာ – သင္ႀကိဳက္တဲ့အေရာင္တစ္ေရာင္ကို ေျပာခိုင္းရင္ အဲဒီအေရာင္ကိုေျပာဖို႔ တစ္ေနကုန္အခ်ိန္ယူၿပီး စဥ္းစားလိုက္ရတာပါပဲ။

(၄) Fingerprint Lock

Fingerprink Lock ကိုအသုံးျပဳရင္ေတာ့ သင္ဟာ တစ္စုံတစ္ခုကို စိတ္ထဲကမပါပဲ ပါးစပ္ကအလြယ္တကူ ေျပာတတ္တဲ့သူမ်ိဳးပါ။

သင့္သူငယ္ခ်င္းေတြက သင့္ကိုအခ်ိန္တိုင္းအသုံးခ်ေလ့ရွိပါတယ္။ ဘာလို႔လဲဆိုေတာ့ သင္ဟာ သူတို႔ေျပာတဲ့အတိုင္း၊ ခိုင္းတဲ့အတိုင္း လုပ္တတ္တဲ့အက်င့္ရွိေနလို႔ပါ။

လူတိုင္းက သင့္ကို ႀကံ့ခိုင္တဲ့လူလို႔ ထင္တတ္ၾကေပမယ့္ အမွန္တစ္ကယ္ေတာ့ သင္ဟာ သူတို႔ေျပာတဲ့အတိုင္း မဟုတ္ပါဘူး။

အတိတ္မွာ နာၾကင္မႈေတြရခဲ့တဲ့သင္ဟာ အခုအခ်ိန္မွာ လူေတြက သင့္ကိုနာၾကင္ေအာင္ လုပ္မွာကို ေၾကာက္႐ြံ႕ေနတတ္ပါတယ္။

ဒါေၾကာင့္ သင့္ရဲ႕ခံစားခ်က္ေတြကို သူစိမ္းေတြကို အလြယ္တကူဖြင့္ဟမေျပာတဲ့အျပင္

တစ္ျခားသူေတြရဲ႕အေတြးနဲ႔အေျပာေတြကို ဂ႐ုမစိုက္ပဲ ဘဝမွာ ကိုယ္ျဖစ္ခ်င္တာေတြကိုပဲ ျဖစ္ေအာင္ လုပ္တတ္ပါတယ္။

အမွန္တစ္ကယ္ေတာ့ သင္ဟာ အလြန္တည္ၿငိမ္ေအးေဆးတဲ့သူ တစ္ေယာက္ျဖစ္ၿပီး အလုပ္တစ္ခုမလုပ္ခင္မွာ အခ်ိန္ၾကာေအာင္ စဥ္းစားေတြးေခၚၿပီးမွ လုပ္ေလ့ရွိပါတယ္။

lotaya_quiz