အိန္ဒိယနိုင်ငံ၊ ပြည်နယ်ကြီးတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ Madhya Pradeshပြည်နယ်က အရပ်(၂၉)လက်မသာရှိတဲ့
လူပုလေး (Basori Lal 50နှစ်)ဟာ ပြည်နယ်တစ်ခွင်မှာတော့ အလွန်နာမည်ကြီးတဲ့ ဆယ်လီတစ်ဦးဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အသက်(၅၀)နှစ်အရွယ်ရှိပြီဖြစ်တဲ့ Basori Lalဟာ အရပ်အမြင့် (၂၉)လက်မသာရှိတာကြောင့် ဒေသခံလူတွေနဲ့ အခြားနယ်က ဧည့်သည်တွေက သူ့ကို အထူးအဆန်းအနေနဲ့ လာရောက်ကြည့်ရှုလေ့ရှိကြတာဖြစ်ပါတယ်။
Basorilal လူပုလေးဟာ သူ့ရဲ့အကို Gopi Lal (၅၅နှစ်)နဲ့ အတူနေထိုင်တာဖြစ်ပါတယ်။
အဆိုပါလူပုလေးရဲ့အကြောင်းကိုအိန္ဒိယသတင်းထောက်တွေက အနံ့ခံနိုင်ခဲ့ပြီး သူနေတဲ့ရွာကို သွားကာ အင်တာဗျူးတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
လူပုလေးရဲ့ အစ်ကိုဖြစ်သူ Gopi Lalက Basori Lalတည်ရှိနေတာဟာ သူတို့ရဲ့မိသားစုကို ဘုရားပေးတဲ့ဆုလဒ်တစ်ခုဖြစ်သလို သူ့ရဲ့အစ်ကိုဖြစ်ရတာကို ဂုဏ်ယူမိကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
Gopi Lalက ”ပြည်နယ်မှာရှိတဲ့ အခြားရွာတွေက ဧည့်သည်တွေဟာ Basori Lalကိုကြည့်ဖို့ ကျွန်တော့်အိမ်ကို လာကြပါတယ်။
ဒါဟာ ကျွန်တော်တို့မိသားစုအတွက် ဂုဏ်ယူစရာပါ။ လူတွေက Basori Lalကို ချစ်ကြပြီး ဂရုစိုက်ကြတာကိုတွေ့လို့ အလွန်ကိုပဲဂုဏ်ယူရပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် Gopi က သူတို့မိသားစုအနေနဲ့ Basori Lalဟာ လူပုလေးဖြစ်ကြောင်းကို အသက်(၅)နှစ်အရွယ်မှာ သတိထားမိတာဖြစ်ကြောင်းနဲ့ မွေးဖွားလာတုန်းက သူဟာ ပုံမှန်ကလေးအရွယ်အစားပဲဖြစ်တယ်လို့ ပြောခဲ့ပါသေးတယ်။
လူပုလေး Basori Lalကလည်း သူဟာ အရပ်အမောင်းကြောင့် ဘယ်တော့မှ စိတ်ဓာတ်မကျကြောင်း၊ သူများတွေလည်း အလုပ်လုပ်ကိုင်ပြီး
ဘဝကိုရှင်သန်ကြောင်းနဲ့ အရင်က ရွာသားတွေက သူ့ကို ဂြိုလ်သားတစ်ဦးလို့ ခေါ်ကြကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။
လူပုလေး Basori Lalက ”ကျွန်တေ်ာ့အရပ်ကြောင့် ဘယ်တော့မှဒုက္ခမရောက်ပါဘူး။ အခြားသူတွေလို အလုပ်လုပ်တယ်။ အိပ်တယ်။ စားတယ်။ အကုန်လုံးအဆင်ပြေပါတယ်။
အရပ်ကြောင့် ဘာပြဿနာမှလည်း ရင်မဆိုင်ရပါဘူး။ အရင်တုန်းကတော့ လူတွေက ကျွန်တော့်ကို စကြ၊ ပြောင်ကြနဲ့ပါ။ ဂြိုလ်သားလို့လည်းပြောကြာပါတယ်။ ဒါပေမယ့် အဲဒါတွေက
အရင်တုန်းကပါ။
အခုတော့ ကျွန်တော်ဟာ ရွာသူရွာသားတွေရဲ့ အချစ်တော်ဖြစ်ပါတယ်။ ကျွန်တော် လက်မထပ်ပါဘူး။ ဘဝတစ်ခုလုံးကို ကျွန်တေ်ာ့အကိုနဲ့ပဲ နေထိုင်သွားမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။ခရက်ဒစ်
Zawgyi
အိႏၵိယနိုင္ငံ၊ ျပည္နယ္ႀကီးေတြထဲက တစ္ခုအပါအဝင္ျဖစ္တဲ့ Madhya Pradeshျပည္နယ္က အရပ္(၂၉)လက္မသာရွိတဲ့
လူပုေလး (Basori Lal 50ႏွစ္)ဟာ ျပည္နယ္တစ္ခြင္မွာေတာ့ အလြန္နာမည္ႀကီးတဲ့ ဆယ္လီတစ္ဦးျဖစ္တယ္လို႔ မီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။
အသက္(၅၀)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ Basori Lalဟာ အရပ္အျမင့္ (၂၉)လက္မသာရွိတာေၾကာင့္ ေဒသခံလူေတြနဲ႕ အျခားနယ္က ဧည့္သည္ေတြက သူ႕ကို အထူးအဆန္းအေနနဲ႕ လာေရာက္ၾကည့္ရႈေလ့ရွိၾကတာျဖစ္ပါတယ္။
Basorilal လူပုေလးဟာ သူ႕ရဲ႕အကို Gopi Lal (၅၅ႏွစ္)နဲ႕ အတူေနထိုင္တာျဖစ္ပါတယ္။
အဆိုပါလူပုေလးရဲ႕အေၾကာင္းကိုအိႏၵိယသတင္းေထာက္ေတြက အနံ႕ခံနိုင္ခဲ့ၿပီး သူေနတဲ့႐ြာကို သြားကာ အင္တာဗ်ဴးေတြျပဳလုပ္ခဲ့တယ္လို႔သိရပါတယ္။
လူပုေလးရဲ႕ အစ္ကိုျဖစ္သူ Gopi Lalက Basori Lalတည္ရွိေနတာဟာ သူတို႔ရဲ႕မိသားစုကို ဘုရားေပးတဲ့ဆုလဒ္တစ္ခုျဖစ္သလို သူ႕ရဲ႕အစ္ကိုျဖစ္ရတာကို ဂုဏ္ယူမိေၾကာင္းလည္း ေျပာဆိုခဲ့ပါတယ္။
Gopi Lalက ”ျပည္နယ္မွာရွိတဲ့ အျခား႐ြာေတြက ဧည့္သည္ေတြဟာ Basori Lalကိုၾကည့္ဖို႔ ကြၽန္ေတာ့္အိမ္ကို လာၾကပါတယ္။
ဒါဟာ ကြၽန္ေတာ္တို႔မိသားစုအတြက္ ဂုဏ္ယူစရာပါ။ လူေတြက Basori Lalကို ခ်စ္ၾကၿပီး ဂ႐ုစိုက္ၾကတာကိုေတြ႕လို႔ အလြန္ကိုပဲဂုဏ္ယူရပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။
ဒါ့အျပင္ Gopi က သူတို႔မိသားစုအေနနဲ႕ Basori Lalဟာ လူပုေလးျဖစ္ေၾကာင္းကို အသက္(၅)ႏွစ္အ႐ြယ္မွာ သတိထားမိတာျဖစ္ေၾကာင္းနဲ႕ ေမြးဖြားလာတုန္းက သူဟာ ပုံမွန္ကေလးအ႐ြယ္အစားပဲျဖစ္တယ္လို႔ ေျပာခဲ့ပါေသးတယ္။
လူပုေလး Basori Lalကလည္း သူဟာ အရပ္အေမာင္းေၾကာင့္ ဘယ္ေတာ့မွ စိတ္ဓာတ္မက်ေၾကာင္း၊ သူမ်ားေတြလည္း အလုပ္လုပ္ကိုင္ၿပီး
ဘဝကိုရွင္သန္ေၾကာင္းနဲ႕ အရင္က ႐ြာသားေတြက သူ႕ကို ၿဂိဳလ္သားတစ္ဦးလို႔ ေခၚၾကေၾကာင္းကိုလည္း ေျပာျပခဲ့ပါတယ္။
လူပုေလး Basori Lalက ”ကြၽန္ေတ္ာ့အရပ္ေၾကာင့္ ဘယ္ေတာ့မွဒုကၡမေရာက္ပါဘူး။ အျခားသူေတြလို အလုပ္လုပ္တယ္။ အိပ္တယ္။ စားတယ္။ အကုန္လုံးအဆင္ေျပပါတယ္။
အရပ္ေၾကာင့္ ဘာျပႆနာမွလည္း ရင္မဆိုင္ရပါဘူး။ အရင္တုန္းကေတာ့ လူေတြက ကြၽန္ေတာ့္ကို စၾက၊ ေျပာင္ၾကနဲ႕ပါ။ ၿဂိဳလ္သားလို႔လည္းေျပာၾကာပါတယ္။ ဒါေပမယ့္ အဲဒါေတြက
အရင္တုန္းကပါ။
အခုေတာ့ ကြၽန္ေတာ္ဟာ ႐ြာသူ႐ြာသားေတြရဲ႕ အခ်စ္ေတာ္ျဖစ္ပါတယ္။ ကြၽန္ေတာ္ လက္မထပ္ပါဘူး။ ဘဝတစ္ခုလုံးကို ကြၽန္ေတ္ာ့အကိုနဲ႕ပဲ ေနထိုင္သြားမွာပါ”လို႔ ေျပာဆိုခဲ့ပါတယ္။ခရက္ဒစ္