အာဖဂန်အမျိုးသမီးငယ်တစ်ဦးဟာ သူမရဲ့ခင်ပွန်းနဲ့ ဝေးရာကိုထွက်ပြေးတာကြောင့် နှာခေါင်းနဲ့ နားရွက်ကိုဖြတ်တောက်ပစ်ခံခဲ့ရပါတယ်။
သူမနာမည်ကတော့ Aesha Mohammadzai ပဲဖြစ်ပြီး Bibi Aisha လို့လည်း သိကြပါတယ်။ သူမဟာ အာဖဂန်နစ္စတန်အလယ်ပိုင်းရှိ တောင်တန်းများမှာ တာလီဘန်သားသတ်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့်
ခုလိုနှာခေါင်းနဲ့ နားရွက် အဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဖြစ်ပုံမှာ သူမအသက် ၁၂ နှစ်တွင် မိသားစုအကြွေးကို ဖြေရှင်းရန် တာလီဘန်တိုက်ခိုက်ရေးသမားတစ်ဦးနဲ့
အရောင်းအဝယ်လုပ်ခံခဲ့ရပြီး Aesha ဟာ ရိုက်နှက်ခံရခြင်း၊ ကျွန်လိုဆက်ဆံခံခြင်းနဲ့ မွေးမြူရေးခြံထဲမှာပဲ အိပ်စက်ခဲ့ရပါတယ်။
” နေ့တိုင်း ကျွန်မယောက်ျားနဲ့ သူ့မိသားစုဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ အရပါ နှိပ်စက်ခဲ့ကြပါတယ်…ဒါနဲ့ တစ်ရက်မှာတော့ ကျွန်မလည်း မခံနိုင်တဲ့အဆုံး ထွက်ပြေးလာခဲ့မိတယ် ” လို့ TV အစီအစဉ်တစ်ခုမှာ ပြောခဲ့ပါတယ်။
နောက်ဆုံးမှာ သူမနေနဲ့ အဖမ်းခံရပြီး ထောင်ထဲမှာ ၅လထားခံခဲ့ရပါတယ်။ ” ကျွန်မထောင်ထဲက ထွက်လာတော့ သူတို့တွေ ကျွန်မယောကျာ်းဆိကို ပြန်ပို့ပြီး အဲ့ညမှာပဲ ကျွန်မကို တောင်တွေဆိ ခေါ်သွားခဲ့ပါတယ်…
သူတို့က ကျွန်မရဲ့ ခြေထောက်နဲ့ လက်ကိုချည်ထားတယ်။ ကျွန်မအပြစ်က ကျွန်မရဲ့နှာခေါင်းနဲ့နားတွေကို ဖြတ်ပစ်တာလို့ သူတို့ကပြောတယ်…. ပြီးတော့သူတို့ကစပြီး ဖြတ်ဖို့ လုပ်တော့တာပါပဲ “
တာလီဘန်တွေက သူမကိုသေဖို့ တောင်ပေါ်မှာထားခဲ့ကြပေမယ့် နောက်ဆုံးမှာ သူမကိုတွေ့ပြီး အမေရိကန်က အကူအညီပေး လုပ်သားတွေကခေါ်ဆောင်သွားခဲ့ကြပါတယ်။
အဲ့ဒီဖြစ်စဉ်ဖြစ်ပြီးနောက် ၂၀၁၀ ခုနှစ်တုန်းက Time မဂ္ဂဇင်းမျက်နှာဖုံးမှာ သူမရဲ့ မျက်နှာပါလာတဲ့အခါ Aesha Mohammadzai ရဲ့ဖြစ်ရပ်ဟာ တာလီဘန်တွေရဲ့ ကြောက်မက်ဖွယ်ရာ သင်္ကေတဖြစ်လာပါတယ်။
သုံးနှစ်ကြာပြီးနောက် ဝါရှင်တန်အပြင်ဘက် Bethesda Naval ဆေးရုံမှ ဆရာဝန်များဟာ နဖူးနှင့်လက်မောင်းတို့မှ အရေပြားများကို အသုံးပြုပြီး သူမနှာခေါင်းကို ပြန်လည်တည်ဆောက်နိုင်ခဲ့ပြီးနောက် သူမဟာ ဘဝသစ်တစ်ခုကို စတင်နိုင်ခဲ့ပါတယ်။
သူမအနေနဲ့ ကမ္ဘာတစ်ဝန်းက အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတွေကို သတင်းစကားတစ်ခုပို့ဖို့ British TV မှာ သူမရဲ့ မျက်နှာအသစ်နဲ့ ပေါ်ထွက်လာပါတယ်။
“ မတရားပြုကျင့်ခံရတဲ့ အမျိုးသမီးတွေအားလုံး ခွန်အားရှိကြပါ….. ဘယ်တော့မှအရှုံးမပေးပဲ မျှော်လင့်ချက်တွေ မဆုံးရှုံးလိုက်ပါနဲ့ ” ဆိုပြီး သူမဟာ ပြောပြခဲ့ပါတယ်။ခရက်ဒစ်
Zawgyi
အာဖဂန္အမ်ိဳးသမီးငယ္တစ္ဦးဟာ သူမရဲ႕ခင္ပြန္းနဲ႕ ေဝးရာကိုထြက္ေျပးတာေၾကာင့္ ႏွာေခါင္းနဲ႕ နား႐ြက္ကိုျဖတ္ေတာက္ပစ္ခံခဲ့ရပါတယ္။
သူမနာမည္ကေတာ့ Aesha Mohammadzai ပဲျဖစ္ၿပီး Bibi Aisha လို႔လည္း သိၾကပါတယ္။ သူမဟာ အာဖဂန္နစၥတန္အလယ္ပိုင္းရွိ ေတာင္တန္းမ်ားမွာ တာလီဘန္သားသတ္သမားေတြရဲ႕ တိုက္ခိုက္မႈေၾကာင့္
ခုလိုႏွာေခါင္းနဲ႕ နား႐ြက္ အျဖတ္ခံခဲ့ရတာ ျဖစ္ပါတယ္။ ျဖစ္ပုံမွာ သူမအသက္ ၁၂ ႏွစ္တြင္ မိသားစုအေႂကြးကို ေျဖရွင္းရန္ တာလီဘန္တိုက္ခိုက္ေရးသမားတစ္ဦးနဲ႕
အေရာင္းအဝယ္လုပ္ခံခဲ့ရၿပီး Aesha ဟာ ရိုက္ႏွက္ခံရျခင္း၊ ကြၽန္လိုဆက္ဆံခံျခင္းနဲ႕ ေမြးျမဴေရးၿခံထဲမွာပဲ အိပ္စက္ခဲ့ရပါတယ္။
” ေန႕တိုင္း ကြၽန္မေယာက္်ားနဲ႕ သူ႕မိသားစုဟာ စိတ္ပိုင္းဆိုင္ရာေရာ ႐ုပ္ပိုင္းဆိုင္ရာ အရပါ ႏွိပ္စက္ခဲ့ၾကပါတယ္…ဒါနဲ႕ တစ္ရက္မွာေတာ့ ကြၽန္မလည္း မခံနိုင္တဲ့အဆုံး ထြက္ေျပးလာခဲ့မိတယ္ ” လို႔ TV အစီအစဥ္တစ္ခုမွာ ေျပာခဲ့ပါတယ္။
ေနာက္ဆုံးမွာ သူမေနနဲ႕ အဖမ္းခံရၿပီး ေထာင္ထဲမွာ ၅လထားခံခဲ့ရပါတယ္။ ” ကြၽန္မေထာင္ထဲက ထြက္လာေတာ့ သူတို႔ေတြ ကြၽန္မေယာက်ာ္းဆိကို ျပန္ပို႔ၿပီး အဲ့ညမွာပဲ ကြၽန္မကို ေတာင္ေတြဆိ ေခၚသြားခဲ့ပါတယ္…
သူတို႔က ကြၽန္မရဲ႕ ေျခေထာက္နဲ႕ လက္ကိုခ်ည္ထားတယ္။ ကြၽန္မအျပစ္က ကြၽန္မရဲ႕ႏွာေခါင္းနဲ႕နားေတြကို ျဖတ္ပစ္တာလို႔ သူတို႔ကေျပာတယ္…. ၿပီးေတာ့သူတို႔ကစၿပီး ျဖတ္ဖို႔ လုပ္ေတာ့တာပါပဲ “
တာလီဘန္ေတြက သူမကိုေသဖို႔ ေတာင္ေပၚမွာထားခဲ့ၾကေပမယ့္ ေနာက္ဆုံးမွာ သူမကိုေတြ႕ၿပီး အေမရိကန္က အကူအညီေပး လုပ္သားေတြကေခၚေဆာင္သြားခဲ့ၾကပါတယ္။
အဲ့ဒီျဖစ္စဥ္ျဖစ္ၿပီးေနာက္ ၂၀၁၀ ခုႏွစ္တုန္းက Time မဂၢဇင္းမ်က္ႏွာဖုံးမွာ သူမရဲ႕ မ်က္ႏွာပါလာတဲ့အခါ Aesha Mohammadzai ရဲ႕ျဖစ္ရပ္ဟာ တာလီဘန္ေတြရဲ႕ ေၾကာက္မက္ဖြယ္ရာ သေကၤတျဖစ္လာပါတယ္။
သုံးႏွစ္ၾကာၿပီးေနာက္ ဝါရွင္တန္အျပင္ဘက္ Bethesda Naval ေဆး႐ုံမွ ဆရာဝန္မ်ားဟာ နဖူးႏွင့္လက္ေမာင္းတို႔မွ အေရျပားမ်ားကို အသုံးျပဳၿပီး သူမႏွာေခါင္းကို ျပန္လည္တည္ေဆာက္နိုင္ခဲ့ၿပီးေနာက္ သူမဟာ ဘ၀သစ္တစ္ခုကုိ စတင္နိုင္ခဲ့ပါတယ္။
သူမအေနနဲ႕ ကမာၻတစ္၀န္းက အၾကမ္းဖက္ခံေနရတဲ့ အမ်ိဳးသမီးေတြကို သတင္းစကားတစ္ခုပို႔ဖို႔ British TV မွာ သူမရဲ႕ မ်က္ႏွာအသစ္နဲ႕ ေပၚထြက္လာပါတယ္။
“ မတရားျပဳက်င့္ခံရတဲ့ အမ်ိဳးသမီးေတြအားလုံး ခြန္အားရွိၾကပါ….. ဘယ္ေတာ့မွအရႈံးမေပးပဲ ေမွ်ာ္လင့္ခ်က္ေတြ မဆုံးရႈံးလိုက္ပါနဲ႕ ” ဆိုၿပီး သူမဟာ ေျပာျပခဲ့ပါတယ္။ခရက္ဒစ္