သမီးလေး ဆေးရုံတင်ထားရတာမလို့ ခိုးမိတာပါ မလုပ်ကြပါနဲ့ဗျာတဲ့ လက်အုပ်ကလေးချီပြီး ငိုယိုတောင်းပန်စကား ဆိုခဲ့တဲ့ ဖခင်တစ်ဦး
သမီးလေးဆေးရုံ တင်ထားရတာမို့ခိုးမိတာပါဗျာ ကျနော်သူခိုးမဟုတ်ပါဘူးဗျာ ကျနော့်ကိုမလုပ်ကြပါနဲ့ဗျာတဲ့ လက်အုပ်ကလေးချီပြီး ငိုယိုတောင်းပန်စကားဆိုတဲ့ ဖခင်တစ်ဦးရဲ့မေတ္တာ
ဆိုင်ကယ်သူခိုးမိလို့ ပြေးကြည့်မိတာ ကြားလိုက်ရတဲ့အသံက တကယ်ကိုစိတ်မကောင်းစရာပါပဲ။
ဆိုင်ကယ်သူခိုးမိတယ်လို့ ပြောနေအော်နေကြလို့ ပြေးကြည့်မိတာ ကြားလိုက်ရတဲ့အသံက တကိုယ်လုံးတုန်ပြီး ငယ်သံပါအောင် လက်အုပ်လေးချီအော်နေတာ။
img src=”https://fouryoumm.com/wp-content/uploads/2021/05/fouryou1.jpg” alt=”” width=”1200″ height=”1″ class=”aligncenter size-full wp-image-25693″ />
ကျွန်တော့်ကိုမလုပ်ကြပါနဲ့ ဗျာ။ ကျွန်တော့်သမီးလေး ဆေးရုံတင်ထားရလို့ပါဗျာ။ ကျွန်တော့် ကိုမလုပ်ကြပါနဲ့နော် တောင်းပန်ပါတယ်ဗျာတဲ့
အမေရေ အမေ ကျုပ်ကိုကယ်ပါအုံး အမေရယ် တဲ့ မျက်ရည်တွေကျ ခေါင်းငုံ့ပြီး တအားငိုနေတာ။ သမီးရေ ဖေကြီးဒုက္ခရောက်နေပြီ သမီးရေ ဖေကြီးကို ကယ်ပါဦး
လူအုပ်ဝိုင်းထားတဲ့အလယ်မှ ခပ်နွမ်းနွမ်းယောကျာ်းတစ်ယောက် လက်အုပ်ချီပြီး ငိုပြောနေတာ။သမီးလေးအတွက် ငွေရှာမရလို့ လမ်းကတွေ့တဲ့ဆိုင်ကယ် တွန်းလာတာပါ တဲ့။
ဘေးကကြည့်နေတဲ့သူတွေတောင် တချို့ စိတ်မကောင်းဖြစ်နေကြတာ။ရဲကလည်း အတင်းချော့ခေါ် ငါ့ညီကို ဘာမှမလုပ်ပါဘူးတဲ့ ဆေးရုံကို ဖုန်းဆက်မေးတော့လည်း..
တကယ်ပဲ သူ့သမီးလေးက ဆေးရုံတက်နေရတာတဲ့။ဆိုင်ကယ်ပိုင်ရှင်ကလည်း လေးစားစရာပါ အမှုမလုပ်တဲ့အပြင် ဆေးဖိုးဆိုပြီး ငွေနှစ်သောင်းကျပ်ပါ ထပ်ကူညီလိုက်တယ်။
ကိုဗစ်ကာလမှာ အသင့်အတင့် ပိုက်ဆံရှိတဲ့သူတွေက ဟန်မပျက်နေနိုင်ကြပေမယ့် အလုပ်လက်မဲ့ဖြစ်နေတဲ့ အခြေခံလူတန်းစားတွေထဲမှာ ကြံမိကြံရာ လုပ်နေကြရပါတယ်။
img src=”https://fouryoumm.com/wp-content/uploads/2021/05/fouryou1.jpg” alt=”” width=”1200″ height=”1″ class=”aligncenter size-full wp-image-25693″ />
သူလိုကြံမိတဲ့သူတွေ ဒီကာလဆိုးကြီးထဲမှာ ဘယ်နှစ်ယောက်များ ဒုက္ခတွေနဲ့ ကြုံနေကြပီလည်း မသိနိုင်ဘူးလေ။
Zawgyi