ခ်စ္သူမိန္းခေလးဝင္စားသည္ဟု ယုံၾကည္ကာ ေႁမြတစ္ေကာင္ႏွင့္လက္ထပ္ခဲ့သည့္အမ်ိဳးသား

ထိုင်းနိုင်ငံမှ အမျိုးသားတစ်ဦးသည် ချစ်သူမိန်းကလေးအား အစွဲလမ်းကြီးစွာ ချစ်ခဲ့ပြီးနောက် အိမ်မွေးတိရစ္ဆာန်ဖြစ်သည့် မြွေဟောက်တစ်ကောင်နှင့် လက်ထပ်ပစ်ခဲ့သည်။

အကြောင်းမှာ လွန်ခဲ့သော ၅နှစ်ခန့်က ချစ်ရသော မိန်းကလေးမှာ ဆုံးပါးသွား၍ ရင်နှင့်မဆန့်အောင် ခံစားရပြီး အိမ်တွင်မွေးထားသော ၁၀ပေအရှည်ရှိသည့် မြွေဟောက်ကို ချစ်သူပြန်ဝင်စားသည်ဟု ယုံကြည်နေခဲ့ခြင်းကြောင့် ဖြစ်သည်။

အမျိုးသားသည် မြွေလေးနှင့်အတူ တီဗီကြည့်ခြင်း အားကစားလုပ်ခြင်း အပြင် သာယာသော ရှုခင်းအလှသို့ သွားရောက်လည်ပတ်သည့်အခါမှာလည်း ခေါ်ဆောင်သွားလျက်ရှိသည်။

ထိုအဖြစ်ကို မြင်တွေ့သူများမှာ အမျိုးသားအား အန္တရာယ်များလှ၍ ဝေးဝေးမှာနေရန် သတိပေးပြောဆိုခဲ့ကြသော်လည်း မေတ္တာစစ် မေတ္တာမှန်နှင့် ချစ်မြတ်နိုး၍ မခွဲခွာလိုကြောင်း ဆိုခဲ့သည်။

Zawgyi

ထိုင္းႏိုင္ငံမွ အမ်ိဳးသားတစ္ဦးသည္ ခ်စ္သူမိန္းကေလးအား အစြဲလမ္းႀကီးစြာ ခ်စ္ခဲ့ၿပီးေနာက္ အိမ္ေမြးတိရစာၦန္ျဖစ္သည့္ ေႁမြေဟာက္တစ္ေကာင္ႏွင့္ လက္ထပ္ပစ္ခဲ့သည္။

အေၾကာင္းမွာ လြန္ခဲ့ေသာ ၅ႏွစ္ခန႔္က ခ်စ္ရေသာ မိန္းကေလးမွာ ဆုံးပါးသြား၍ ရင္ႏွင့္မဆန႔္ေအာင္ ခံစားရၿပီး အိမ္တြင္ေမြးထားေသာ ၁၀ေပအရွည္ရွိသည့္ ေႁမြေဟာက္ကို ခ်စ္သူျပန္ဝင္စားသည္ဟု ယုံၾကည္ေနခဲ့ျခင္းေၾကာင့္ ျဖစ္သည္။

အမ်ိဳးသားသည္ ေႁမြေလးႏွင့္အတူ တီဗီၾကည့္ျခင္း အားကစားလုပ္ျခင္း အျပင္ သာယာေသာ ရႈခင္းအလွသို႔ သြားေရာက္လည္ပတ္သည့္အခါမွာလည္း ေခၚေဆာင္သြားလ်က္ရွိသည္။

ထိုအျဖစ္ကို ျမင္ေတြ႕သူမ်ားမွာ အမ်ိဳးသားအား အႏၲရာယ္မ်ားလွ၍ ေဝးေဝးမွာေနရန္ သတိေပးေျပာဆိုခဲ့ၾကေသာ္လည္း ေမတၱာစစ္ ေမတၱာမွန္ႏွင့္ ခ်စ္ျမတ္ႏိုး၍ မခြဲခြာလိုေၾကာင္း ဆိုခဲ့သည္။