လတ်တလောမှာ နိုင်ငံရေးအခြေအနေတွေနဲ့ ကိုဗစ်ရောဂါကြောင့် ပြည်သူအများအပြားဟာ စားဝတ်နေရေးအတွက် အကြပ်အတည်းဖြစ်လာခဲ့ပါတယ်။
ဒီလို ကြပ်တည်းနေတဲ့ကြားကနေ ဝိသမလောဘသားတွေကြောင့် ကုန်ဈေးနှုန်းတွေကလည်း အဆမတန်မြင့်တက်လာခဲ့လို့ ပြည်သူတွေ အခက်တွေ့စေခဲ့ပါတယ်။
တချို့ပြည်သူတွေဆိုရင် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်လာလို့ စေတနာရှင်များအား အကူအညီများတောင်းခံလာကြတာ တွေ့ရပါတယ်။
ယခုနောက်ပိုင်းမှာတော့ အလှူရှင်များက အခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စုများကို လိုအပ်တဲ့ အခြေခံစားသောက်ကုန်တွေအပြင် ငွေကြေးတချို့ပါ ကူညီလှူဒါန်းပေးလာကြတာ တွေ့ရပါတယ်။
ယခုမှာလည်း မြဝတီမြို့မှာ ကြည်နူးစရာကောင်းတဲ့ လှူဒါန်းမှုတစ်ခုကို ထပ်မံကြားသိရပါတယ်။ ဒါကတော့ မြဝတီမြို့ “ပတ္တမြားမယ်” ဆီဆိုင်မိသားစုက..
ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေအတွက် ကျပ်သိန်းပေါင်း(၁၀၀၀) ကျော်လောက် အကုန်ကျခံပြီး လှူဒါန်းခဲ့တာဖြစ်ပါတယ်။အဆိုပါစေတနာရှင် အလှူရှင်မိသားစုဟာ..
ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေကို ဆန်၊ဆီ စားနပ်ရိက္ခာမျိုးစုံအပြင် တစ်လုံး(၁၉) သိန်းတန် အောက်ဆီဂျင်စက် အလုံး (၂၀)ကိုပါ လှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။
ဆီဆိုင်မှာ ဆီလာဖြည့်သူတွေကို ကျေးဇူးရှင်လို့ သတ်မှတ်ပြီး ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေအား အခုလို မျှဝေလှူဒါန်းပေးတာကတော့ တကယ့်ကို မွန်မြတ်လှပါတယ်။
ပရိသတ်တွေက လည်း ကျပ်သိန်းပေါင်း(၁၀၀၀)ကျော်ဖိုး အကုန်အကျခံပြီး အလှူပြုလုပ်ခဲ့တဲ့ မြဝတီမြို့က “ပတ္တမြားမယ်” ဆီဆိုင်မိသားစုကို ဒီထက်မက လှူဒါန်းနိုင်အောင် ဆုတောင်းပေးလိုက်ပါဦးနော်…။
Zawgyi
လတ္တေလာမွာ ႏိုင္ငံေရးအေျခအေနေတြနဲ႔ ကိုဗစ္ေရာဂါေၾကာင့္ ျပည္သူအမ်ားအျပားဟာ စားဝတ္ေနေရးအတြက္ အၾကပ္အတည္းျဖစ္လာခဲ့ပါတယ္။
ဒီလို ၾကပ္တည္းေနတဲ့ၾကားကေန ဝိသမေလာဘသားေတြေၾကာင့္ ကုန္ေစ်းႏႈန္းေတြကလည္း အဆမတန္ျမင့္တက္လာခဲ့လို႔ ျပည္သူေတြ အခက္ေတြ့ေစခဲ့ပါတယ္။
တခ်ိဳ႕ျပည္သူေတြဆိုရင္ စားဝတ္ေနေရးအတြက္ အခက္အခဲျဖစ္လာလို႔ ေစတနာရွင္မ်ားအား အကူအညီမ်ားေတာင္းခံလာၾကတာ ေတြ့ရပါတယ္။
ယခုေနာက္ပိုင္းမွာေတာ့ အလႉရွင္မ်ားက အခက္အခဲျဖစ္ေနတဲ့ အိမ္ေထာင္စုမ်ားကို လိုအပ္တဲ့ အေျခခံစားေသာက္ကုန္ေတြအျပင္ ေငြေၾကးတခ်ိဳ႕ပါ ကူညီလႉဒါန္းေပးလာၾကတာ ေတြ့ရပါတယ္။
ယခုမွာလည္း ျမဝတီၿမိဳ႔မွာ ၾကည္ႏူးစရာေကာင္းတဲ့ လႉဒါန္းမႈတစ္ခုကို ထပ္မံၾကားသိရပါတယ္။ ဒါကေတာ့ ျမဝတီၿမိဳ႔ “ပတၲျမားမယ္” ဆီဆိုင္မိသားစုက..
ဆင္းရဲႏြမ္းပါးတဲ့ မိသားစုေတြအတြက္ က်ပ္သိန္းေပါင္း(၁၀၀၀) ေက်ာ္ေလာက္ အကုန္က်ခံၿပီး လႉဒါန္းခဲ့တာျဖစ္ပါတယ္။အဆိုပါေစတနာရွင္ အလႉရွင္မိသားစုဟာ..
ဆင္းရဲႏြမ္းပါးတဲ့ မိသားစုေတြကို ဆန္၊ဆီ စားနပ္ရိကၡာမ်ိဳးစံုအျပင္ တစ္လံုး(၁၉) သိန္းတန္ ေအာက္ဆီဂ်င္စက္ အလံုး (၂၀)ကိုပါ လႉဒါန္းေပးခဲ့ေၾကာင္း သိရပါတယ္။
ဆီဆိုင္မွာ ဆီလာျဖၫ့္သူေတြကို ေက်းဇူးရွင္လို႔ သတ္မွတ္ၿပီး ဆင္းရဲႏြမ္းပါးတဲ့ မိသားစုေတြအား အခုလို မ်ွေဝလႉဒါန္းေပးတာကေတာ့ တကယ့္ကို မြန္ျမတ္လွပါတယ္။
ပရိသတ္ေတြက လည္း က်ပ္သိန္းေပါင္း(၁၀၀၀)ေက်ာ္ဖိုး အကုန္အက်ခံၿပီး အလႉျပဳလုပ္ခဲ့တဲ့ ျမဝတီၿမိဳ႔က “ပတၲျမားမယ္” ဆီဆိုင္မိသားစုကို ဒီထက္မက လႉဒါန္းႏိုင္ေအာင္ ဆုေတာင္းေပးလိုက္ပါဦးေနာ္…။