ကံနိမ့္ေနလွ်င္ ေဗဒင္ေမးစရာမလိုပဲ တသက္တာ ယၾတာ ေခ်နည္း

ကံနိမ့်နေလျှင် ဗေဒင်မေးစရာမလိုပဲ တသက်တာ ယတြာ ချေနည်း

တသက်တာ ယတြာချေနည်းလေး

ဗေဒင်လက္ခဏာ မေးပြီး ယ တြာ ချေရန်ငွေကြေးအခက် အခဲရှိသူများအတွက်အလွယ်ကူဆုံးတသက်သာ ယတြာ ချေနည်းပဲဖြစ်ပါတယ်။ မွေးသက္ကရာဇ် ကိုတည်ပါ ရောက်ဆဲ သက္ကရာဇ်ဖြင့်ပေါင်းပါ

ပေါင်းရကိန်းကို (၃) နှင့်မြှောက်ပြီး မြှောက်ရကိန်းကို (၇) နှင့်စားပါလေအကြွင်းကို အောက်ပါ လင်္ကာအတိုင် ယတြာချေရန်ဖြစ်ပါသည်။ မီး ၊ ရွှေ ၊ စိုး ၊ ငါး ၊ သံဃာအား ကျွေးငြား ဆွမ်းကိုသာ ၊ ယာယီမမေ့ ၊ အမြန်ရွှေ. ဟူ၍ ဖြစ်သည်။

(၁) ကြွင်းပါက ဆီမီသက်စေ့ ပူဇော်ရပါမည်။

(၂) ကြွင်းပါက ဘုရားတွင် ရွှေသင်္ကန်းကပ်လှူ ပူဇော်ရပါမည်။

(၃) ကြွင်းပါက ရုက္ခစိုးနတ်အား ပူဇော်ပသရပါမည်။

(၄) ကြွင်းပါက ငါး သက်စေ့လွှတ်ရပါမည်။

(၅) ကြွင်းပါက ရဟန်း သံဃာတော်များအားအိမ်တွင်ပင့်ဖိတ်၍ ဆွမ်းကြွေးရပါမည်။

(၆) ကြွင်းပါက ယာယီခရီးထွက်ပေးရပါမည်။

(၇) သို့မဟုတ် (၀) ကြွင်းပါက နေထိုင်ရာအရပ်ရွေ.ပြောင်းခြင်း (သို့) အိပ်ရာနေရာပြောင်းအိပ်ရပါမည်

အထက်ပါနည်းအတိုင်း နှစ်စဉ်ဆောင်ရွက်ပါက အခက်အခဲများကျော်လွှာကာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဆိုးကျိုးများပျောက် ကောင်းကျိုးရောက်စေမည် ဟုဆိုလိုပါသည်။

လက္ခဏာဂုရုကြီး

Zawgyi

ကံနိမ့္ေနလွ်င္ ေဗဒင္ေမးစရာမလိုပဲ တသက္တာ ယၾတာ ေခ်နည္း

တသက္တာ ယၾတာေခ်နည္းေလး

ေဗဒင္လကၡဏာ ေမးၿပီး ယ ၾတာ ေခ်ရန္ေငြေၾကးအခက္ အခဲရွိသူမ်ားအတြက္အလြယ္ကူဆုံးတသက္သာ ယၾတာ ေခ်နည္းပဲျဖစ္ပါတယ္။ ေမြးသကၠရာဇ္ ကိုတည္ပါ ေရာက္ဆဲ သကၠရာဇ္ျဖင့္ေပါင္းပါ

ေပါင္းရကိန္းကို (၃) ႏွင့္ေျမႇာက္ၿပီး ေျမႇာက္ရကိန္းကို (၇) ႏွင့္စားပါေလအႂကြင္းကို ေအာက္ပါ လကၤာအတိုင္ ယၾတာေခ်ရန္ျဖစ္ပါသည္။ မီး ၊ ေ႐ႊ ၊ စိုး ၊ ငါး ၊ သံဃာအား ေကြၽးျငား ဆြမ္းကိုသာ ၊ ယာယီမေမ့ ၊ အျမန္ေ႐ႊ. ဟူ၍ ျဖစ္သည္။

(၁) ႂကြင္းပါက ဆီမီသက္ေစ့ ပူေဇာ္ရပါမည္။

(၂) ႂကြင္းပါက ဘုရားတြင္ ေ႐ႊသကၤန္းကပ္လႉ ပူေဇာ္ရပါမည္။

(၃) ႂကြင္းပါက ႐ုကၡစိုးနတ္အား ပူေဇာ္ပသရပါမည္။

(၄) ႂကြင္းပါက ငါး သက္ေစ့လႊတ္ရပါမည္။

(၅) ႂကြင္းပါက ရဟန္း သံဃာေတာ္မ်ားအားအိမ္တြင္ပင့္ဖိတ္၍ ဆြမ္းေႂကြးရပါမည္။

(၆) ႂကြင္းပါက ယာယီခရီးထြက္ေပးရပါမည္။

(၇) သို႔မဟုတ္ (၀) ႂကြင္းပါက ေနထိုင္ရာအရပ္ေ႐ြ.ေျပာင္းျခင္း (သို႔) အိပ္ရာေနရာေျပာင္းအိပ္ရပါမည္

အထက္ပါနည္းအတိုင္း ႏွစ္စဥ္ေဆာင္႐ြက္ပါက အခက္အခဲမ်ားေက်ာ္လႊာကာ စိတ္ခ်မ္းသာ ကိုယ္က်န္းမာၿပီး ဆိုးက်ိဳးမ်ားေပ်ာက္ ေကာင္းက်ိဳးေရာက္ေစမည္ ဟုဆိုလိုပါသည္။

လကၡဏာဂု႐ုႀကီး