ထမင္းနပ္မွန္ဖို႔ခက္ခဲေနခ်ိန္မွာ ႀကိဳက္တာယူ(၅၀) က်ပ္နဲ႔လာေရာင္းခ်ေပးေနလို႔ ဝမ္းနည္းဝမ္းသာျဖစ္ၿပီး မ်က္ရည္က်ေနတဲ့ အဘြားအိုရဲ႕ ဗီဒီယို

ထမင်းနပ်မှန်ဖို့ခက်ခဲနေချိန်မှာ ကြိုက်တာယူ(၅၀) ကျပ်နဲ့လာရောင်းချပေးနေလို့ ဝမ်းနည်းဝမ်းသာဖြစ်ပြီး မျက်ရည်ကျနေတဲ့ အဘွားအိုရဲ့ ဗီဒီယို…..

ကိုဗစ်ရောဂါတွေ၊နိုင်ငံရေးအခြေအနေတွေကြောင့် စီးပွားရေးတွေ ကြပ်တည်းနေသလို အသွားအလာတွေ ကန့်သတ်ထားတာကြောင့်လည်း ခရီးသွားတွေကို မှီခိုပြီး လုပ်ကိုင်စားသောက်နေတဲ့ ပြည်သူတွေလည်း ဒုက္ခရောက်နေကြပါတယ်။

ပုဂံ၊ညောင်ဦးက ပြည်သူတွေဟာလည်း ခရီးသွားတွေ မလာရောက်တော့တာကြောင့် စားဝတ်နေရေးကိုတောင် အနိုင်နိုင်ဖြေရှင်းနေရပါတယ်။ ယခုလိုဒုက္ခရောက်နေကြချိန်မှာ အဆင်ပြေတဲ့ ပြည်သူတွေကလည်း အခက်အခဲဖြစ်နေတဲ့ လူတွေဝယ်ယူနိုင်တဲ့ ဈေးနှုန်းနဲ့ အခြေခံစားသောက်ကုန်တွေကိုရောင်းချပေးနေကြပါတယ်

ယခုမှာတော့ ဈေးလျော့ရောင်း Compaignပြုလုပ်နေတဲ့ ပြည်သူတွေဟာ ကြိုက်တာယူ (၅၀)ကျပ်နဲ့ ပုဂံ၊ညောင်ဦးက ပြည်သူတွေကို ရောင်းချပေးနေခဲ့ပါတယ်။ အရောင်းကားလေးနဲ့ လူဦးရေ (၂၀၀၀)စာလိုက်လံရောင်းချပေးခဲ့တာဖြစ်ပြီး ဒေသခံပြည်သူအများအပြား အားပေးဝယ်ယူခဲ့ကြောင်း သိရှိရပါတယ်။

ခရီးသွားတွေမလာရောက်လို့ ဝမ်းရေးခက်ခဲနေကြတဲ့ အချိန်မှာ ယခုလိုလာရောက်ရောင်းချပေးတာကြောင့် ဝမ်းသာပျော်ရွှင်ပြီး ဝယ်ယူနေကြကာ အချို့အဘွားအိုတွေဆိုရင် မျက်ရည်တွေပါ ကျနေကြပါတယ်။

အဆိုပါ အဘွားအိုတွေငိုနေတာကို ကြည့်ပြီး ဈေးလာရောင်းပေးတဲ့ လူငယ်လေးတွေကလည်း စိတ်မကောင်းဖြစ်နေကြပါတယ်။ လူငယ်လေးတစ်ဦးကတော့ ” ကိုယ်ပါ ရောငို မိတယ်ဘုရားဖူး ခရီးသွားတွေ မရှိလို့ ခုချိန် ထမင်းနပ်မှန်ဖို့တောင်ခက်ခဲ နေတဲ့ ပုဂံ ညောင်ဦးကျေးရွာလေးတွေ ကို ပစ်မထား ကြပါနဲ့ ဗျာ ” ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားပါတယ်။

လူငယ်လေးတွေရဲ့ လာရောက်လှူဒါန်းမှုကြောင့် ဝမ်းသာပြီး မျက်ရည်ကျနေတဲ့ အဘွားအိုတစ်ဦးရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ Credit:Myanmarload

Zawgyi

ထမင္းနပ္မွန္ဖို႔ခက္ခဲေနခ်ိန္မွာ ႀကိဳက္တာယူ(၅၀) က်ပ္နဲ႔လာေရာင္းခ်ေပးေနလို႔ ဝမ္းနည္းဝမ္းသာျဖစ္ၿပီး မ်က္ရည္က်ေနတဲ့ အဘြားအိုရဲ့ ဗီဒီယို…..

ကိုဗစ္ေရာဂါေတြ၊နိုင္ငံေရးအေျခအေနေတြေၾကာင့္ စီးပြားေရးေတြ ၾကပ္တည္းေနသလို အသြားအလာေတြ ကန္႔သတ္ထားတာေၾကာင့္လည္း ခရီးသြားေတြကို မွီခိုၿပီး လုပ္ကိုင္စားေသာက္ေနတဲ့ ျပည္သူေတြလည္း ဒုကၡေရာက္ေနၾကပါတယ္။

ပုဂံ၊ေညာင္ဦးက ျပည္သူေတြဟာလည္း ခရီးသြားေတြ မလာေရာက္ေတာ့တာေၾကာင့္ စားဝတ္ေနေရးကိုေတာင္ အနိုင္နိုင္ေျဖရွင္းေနရပါတယ္။ ယခုလိုဒုကၡေရာက္ေနၾကခ်ိန္မွာ အဆင္ေျပတဲ့ ျပည္သူေတြကလည္း အခက္အခဲျဖစ္ေနတဲ့ လူေတြဝယ္ယူနိုင္တဲ့ ေစ်းႏႈန္းနဲ႔ အေျခခံစားေသာက္ကုန္ေတြကိုေရာင္းခ်ေပးေနၾကပါတယ္

ယခုမွာေတာ့ ေဈးေလ်ာ့ေရာင္း Compaignျပဳလုပ္ေနတဲ့ ျပည္သူေတြဟာ ႀကိဳက္တာယူ (၅၀)က်ပ္နဲ႔ ပုဂံ၊ေညာင္ဦးက ျပည္သူေတြကို ေရာင္းခ်ေပးေနခဲ့ပါတယ္။ အေရာင္းကားေလးနဲ႔ လူဦးေရ (၂၀၀၀)စာလိုက္လံေရာင္းခ်ေပးခဲ့တာျဖစ္ၿပီး ေဒသခံျပည္သူအမ်ားအျပား အားေပးဝယ္ယူခဲ့ေၾကာင္း သိရွိရပါတယ္။

ခရီးသြားေတြမလာေရာက္လို႔ ဝမ္းေရးခက္ခဲေနၾကတဲ့ အခ်ိန္မွာ ယခုလိုလာေရာက္ေရာင္းခ်ေပးတာေၾကာင့္ ဝမ္းသာေပ်ာ္ရႊင္ၿပီး ဝယ္ယူေနၾကကာ အခ်ိဳ႕အဘြားအိုေတြဆိုရင္ မ်က္ရည္ေတြပါ က်ေနၾကပါတယ္။

အဆိုပါ အဘြားအိုေတြငိုေနတာ​ကို ၾကည့္ၿပီး ေစ်းလာေရာင္းေပးတဲ့ လူငယ္ေလးေတြကလည္း စိတ္မေကာင္းျဖစ္ေနၾကပါတယ္။ လူငယ္ေလးတစ္ဦးကေတာ့ ” ကိုယ္ပါ ေရာငို မိတယ္ဘုရားဖူး ခရီးသြားေတြ မရွိလို႔ ခုခ်ိန္ ထမင္းနပ္မွန္ဖို႔ေတာင္ခက္ခဲ ေနတဲ့ ပုဂံ ေညာင္ဦးေက်းရြာေလးေတြ ကို ပစ္မထား ၾကပါနဲ႔ ဗ်ာ ” ဆိုၿပီး လူမႈကြန္ယက္ထက္မွာ ေရးသားထားပါတယ္။

လူငယ္ေလးေတြရဲ့ လာေရာက္လႉဒါန္းမႈေၾကာင့္ ဝမ္းသာၿပီး မ်က္ရည္က်ေနတဲ့ အဘြားအိုတစ္ဦးရဲ့ ဗီဒီယိုဖိုင္ကို ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္။

Credit:Myanmarload