ဆိုးဝါးေနတဲ့ တိုင္းျပည္အေျခအေနေၾကာင့္.. အထုပ္ကေလးဆြဲၿပီး ၾသစေတးလ်ကို အုပ္ထိန္းသူ မပါဘဲ.. တစ္ကိုယ္တည္း ထြက္ေျပးေရာက္ရွိလာခဲ့ေသာ အာဖဂန္ ကေလးမေလး

မိဘအုပ်ထိန်းသူ တစ်ယောက်မျှမပါဘဲ အထုပ်ကလေးဆွဲပြီး ဩစတေးလျကို တစ်ကိုယ်တည်း ရောက်လာတဲ့ အာဖဂန်က ကလေးမလေး

တာလီဘန်တွေက အာဖဂန်နစ်စတန်နိုင်ငံရဲ့ မြို့တွေကိုအလျင်အမြန် သိမ်းပိုက်လာခဲ့တာကြောင့် အာဖဂန်ပြည်သူတွေဟာ နိုင်ငံကနေထွက်ပြေးဖို့ ကာဘူးလ်လေဆိပ်မှာ ကြိုးစားခဲ့ပါတယ်။

အမေရိကန်စစ်တပ်ကလည်း ကာဘူးလ်လေဆိပ်ကို ထိန်းချုပ်ပြီး သိန်းနဲ့ချီ ဒုက္ခရောက်နေတဲ့ အာဖဂန်ပြည်သူတွေကို ၎င်းတို့ရဲ့ C-17 သယ်ပို့လေယာဉ်များဖြင့် နိုင်ငံကနေ ကယ်ထုတ်ပေးခဲ့ပါတယ်။

နိုင်ငံကနေ ထွက်ပြေးတဲ့ အာဖဂန်ပြည်သူတွေဟာ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့်ထွက်ပြေးခဲ့ကြသလို ထွက်ပြေးလာတဲ့ သူတွေထဲမှာ အမျိုးသမီးများနဲ့ ကလေးသူငယ်တွေ နည်းပါးခဲ့ကြောင်း သိရပါတယ်

ယမန်နေ့က နိုင်ငံတကာရဲ့ သတင်းဖော်ပြချက်တွေမှာ အထုပ်ကလေးဆွဲပြီး လက်တစ်ဖက်က ဘောလုံးလေးပိုက်ထားတဲ့ ကလေးမလေးတစ်ယောက်ရဲ့ ပုံရိပ်တချို့ ဖော်ပြခဲ့ပါတယ်။

ဒီကလေးမလေးဟာ အာဖကန်ကနေ မိဘအုပ်ထိန်းသူတစ်ယောက်မျှမပါပဲ ဩစတေးလျနိုင်ငံကို တစ်ကိုယ်တည်းရောက်လာခဲ့သူပဲ ဖြစ်ပါတယ်။

အဆိုပါကလေးမလေးကို ဩစတေးလျ တာဝန်ရှိသူတွေက ကယ်ဆယ်ထားကြောင်း ဖော်ပြချက်အရ သိရပါတယ်။

ကလေးမလေးဟာ လက်ရှိ Hotel တစ်ခုမှာ ကွာရန်တင်းဝင်နေပြီး သူ့လိုပဲ Hotel ကွာရန်တင်းဝင်နေတဲ့ တစ်ကိုယ်တည်း ကလေး(၁၀)ယောက်နီးပါးလောက်လည်း ရှိတယ်လို့ ဆိုပါတယ်။

နောက်ရက်များမှာလည်း အဆိုပါ ကလေးတွေလိုမျိုး အုပ်ထိန်းသူမပါဘဲ ဩစတေးလျကို ပိုမိုရောက်ရှိလာမယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားခဲ့ကြပါတယ်။

တချို့ပြည်သူတွေကတော့ အဆိုပါကလေးမလေးဟာလေဆိပ်က ထွက်ပြေးလာနေရင်း မိဘများနဲ့ ကွဲကွာပြီး လေယာဉ်ပေါ်ပါလာခဲ့တယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

Zawgyi

မိဘအုပ္ထိန္းသူ တစ္ေယာက္မွ်မပါဘဲ အထုပ္ကေလးဆြဲၿပီး ဩစေတးလ်ကိဳ တစ္ကိုယ္တည္း ေရာက္လာတဲ့ အာဖဂန္က ကေလးမေလး

တာလီဘန္ေတြက အာဖဂန္နစ္စတန္နိုင္ငံရဲ႕ ၿမိဳ႕ေတြကိုအလ်င္အျမန္ သိမ္းပိုက္လာခဲ့တာေၾကာင့္ အာဖဂန္ျပည္သူေတြဟာ နိုင္ငံကေနထြက္ေျပးဖို႔ ကာဘူးလ္ေလဆိပ္မွာ ႀကိဳးစားခဲ့ပါတယ္။

အေမရိကန္စစ္တပ္ကလည္း ကာဘူးလ္ေလဆိပ္ကို ထိန္းခ်ဳပ္ၿပီး သိန္းနဲ႕ခ်ီ ဒုကၡေရာက္ေနတဲ့ အာဖဂန္ျပည္သူေတြကို ၎တို႔ရဲ႕ C-17 သယ္ပို႔ေလယာဥ္မ်ားျဖင့္ နိုင္ငံကေန ကယ္ထုတ္ေပးခဲ့ပါတယ္။

နိုင္ငံကေန ထြက္ေျပးတဲ့ အာဖဂန္ျပည္သူေတြဟာ အဝတ္တစ္ထည္ကိုယ္တစ္ခုျဖင့္ထြက္ေျပးခဲ့ၾကသလို ထြက္ေျပးလာတဲ့ သူေတြထဲမွာ အမ်ိဳးသမီးမ်ားနဲ႕ ကေလးသူငယ္ေတြ နည္းပါးခဲ့ေၾကာင္း သိရပါတယ္

ယမန္ေန႕က နိုင္ငံတကာရဲ႕ သတင္းေဖာ္ျပခ်က္ေတြမွာ အထုပ္ကေလးဆြဲၿပီး လက္တစ္ဖက္က ေဘာလုံးေလးပိုက္ထားတဲ့ ကေလးမေလးတစ္ေယာက္ရဲ႕ ပုံရိပ္တခ်ိဳ႕ ေဖာ္ျပခဲ့ပါတယ္။

ဒီကေလးမေလးဟာ အာဖကန္ကေန မိဘအုပ္ထိန္းသူတစ္ေယာက္မွ်မပါပဲ ဩစေတးလ်နိဳင္ငံကို တစ္ကိုယ္တည္းေရာက္လာခဲ့သူပဲ ျဖစ္ပါတယ္။

အဆိုပါကေလးမေလးကို ဩစေတးလ် တာဝန္ရွိသူေတြက ကယ္ဆယ္ထားေၾကာင္း ေဖာ္ျပခ်က္အရ သိရပါတယ္။

ကေလးမေလးဟာ လက္ရွိ Hotel တစ္ခုမွာ ကြာရန္တင္းဝင္ေနၿပီး သူ႕လိုပဲ Hotel ကြာရန္တင္းဝင္ေနတဲ့ တစ္ကိုယ္တည္း ကေလး(၁၀)ေယာက္နီးပါးေလာက္လည္း ရွိတယ္လို႔ ဆိုပါတယ္။

ေနာက္ရက္မ်ားမွာလည္း အဆိုပါ ကေလးေတြလိုမ်ိဳး အုပ္ထိန္းသူမပါဘဲ ဩစေတးလ်ကိဳ ပိုမိုေရာက္ရွိလာမယ္လို႔ တာဝန္ရွိသူေတြက ခန့္မွန္းထားခဲ့ၾကပါတယ္။

တခ်ိဳ႕ျပည္သူေတြကေတာ့ အဆိုပါကေလးမေလးဟာေလဆိပ္က ထြက္ေျပးလာေနရင္း မိဘမ်ားနဲ႕ ကြဲကြာၿပီး ေလယာဥ္ေပၚပါလာခဲ့တယ္လို႔ မွတ္ခ်က္ေပးခဲ့ၾကပါတယ္။