ေယာက္်ားနဲ႔ကြဲၿပီး အိမ္လခလည္း မေပးႏိုင္ေတာ့တဲ့ဘဝမို႔.. လသားအ႐ြယ္ ကေလးငယ္ေလးနဲ႔အတူ က်ဳံးနံေဘးမွာ ေနေနရရွာတဲ့ သားသည္မိခင္တစ္ဦးရဲ႕အျဖစ္

စာဖတ်သူအပေါင်းတို့ခင်ဗျာ … အခုအခါသမယဟာဆိုရင် ကိုဗစ်ဒဏ် နိုင်ငံရေးဒဏ်တွေကြောင့် အများစုဟာ အလုပ်အကိုင် အဆင်မပြေ စားဝတ်နေရေးကြပ်တည်း နေရချိန်ဖြစ်ပါတယ်။

ဒုက္ခအမျိုးမျိုးကြောင့် ဆိုးဆိုးဝါးဝါးဖြစ်နေသူတွေကို မန္တလေးမှ ကိုဝမ်းက တက်စွမ်းသလောက် ကူညီပေးနေတာ နှစ်အတော်ကြာနေပြီပဲ ဖြစ်ပါတယ်။

ဒီနေ့မှာလည်း ကိုဝမ်းက သူ့ရဲ့ လူမှု့ကွန်ယက်အကောင့်ကနေပြီး ဒုက္ခရောက်နေတဲ့ သားအမိနှစ်ယောက်အကြောင်းကို အခုလို ရေးသားဖော်ပြလာခဲ့ပါတယ်နော်။

”နေစရာအိမ်မရှိ၍ ကျုံးဘေးမိုးရွာထဲ နေနေရတဲ့သားအမိ”မန္တလေးမြို့၆၆လမ်း ကျုံးတောင်ဖက်မိုးရေထဲ သားအမိနှစ်ယောက် ဒုက္ခရောက်နေတယ်လို့ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအသင်းက ကိုသိန်းထွန်းအောင်က ဖုန်းဆက်လာတာနဲ့..

တိုင်ပင်ပြီး မေးမြန်းကြည့်ရာ ယောကျာ်းဖြစ်သူနဲ့ ကွဲတာကြာပြီဖြစ်ကြောင်း အလုပ်ကမရှိ လသားကလေးက တစ်ဖက်နဲ့ အိမ်လခမပေးနိုင်တာနဲ့ အိမ်ပေါ်ကဆင်းပြီး ခြေဦးတည့်ရာ ထွက်ခဲ့တာလို့သိရပါတယ်။

ဒါနဲ့ ကိုသိန်းထွန်းအောင်နဲ့ တိုင်ပင်ပြီး တစ်လ လေးသောင်းတန်အခန်းကို၂လစာအဖြစ် ဌားပေးပြီး လောလောဆယ် စားသောက်ဖို့ နှစ်သောင်းကျပ် စုစုပေါင်းတစ်သိန်းကျပ် ကူညီပေးခဲ့ပါတယ် ။

ရေရှည် နေထိုင်ရန်နဲ့ လုပ်ကိုင်စားရန် လိုအပ်နေပါသဖြင့် လှုဒါန်းလိုပါက လှုဒါန်းနိုင်ပါသည်။ ဦးမျိုးလွင်+ဒေါ်နန်းချယ်ရီတို့ကို ရည်စူး၍ ကျန်ရစ်သူ မိသားစုမှ လှုဒါန်းပါသည်။

ONE TO ONE ကလေးလူနာကူညီရေး / ကိုဝမ်း (စိုင်းနေမျိုးမောင်မောင်) / 09765765179 ၊ မန္တလေးမြို့ ” ဆိုပြီး ရေးတင်ခဲ့တာပါ …

အခုလို ခက်ခဲတဲ့ကာလမှာ တက်စွမ်းသလောက်ဖေးမကူညီ လုပ်ကိုင် လှုတန်းပေးတဲ့ ကိုဝမ်းရဲ့လုပ်ရပ်အတွက် သာဓုခေါ်မိပါတယ်။

စာဖတ်သူတို့ထဲမှ ဒီသားမိနှစ်ယောက်အတွက် ကူညီပေးနိုင်သူများရှိရင်လည်း ကူညီပေးနိုင်ဖို့ ဒီစာလေးကို တင်ပေးလိုက်ပါတယ် …

ကိုယ်မကူညီနိုင်တောင် ကူညီနှိုင်သူနဲ့တွေ့ရင် ကုသိုလ်ရပါတယ်နော်.. ဒါ့ကြောင့် ဒီပို့စ်လေးကို ရှယ်ပေးပြီး ကုသိုလ်ယူသွားပါအုံးနော်။

စာဖတ်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေလို့ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်ခင်ဗျ။

Zawgyi

စာဖတ္သူအေပါင္းတို႔ခင္ဗ်ာ … အခုအခါသမယဟာဆိုရင္ ကိုဗစ္ဒဏ္ ႏိုင္ငံေရးဒဏ္ေတြေၾကာင့္ အမ်ားစုဟာ အလုပ္အကိုင္ အဆင္မေျပ စားဝတ္ေနေရးၾကပ္တည္း ေနရခ်ိန္ျဖစ္ပါတယ္။

ဒုကၡအမ်ိဳးမ်ိဳးေၾကာင့္ ဆိုးဆိုးဝါးဝါးျဖစ္ေနသူေတြကို မႏၲေလးမွ ကိုဝမ္းက တက္စြမ္းသေလာက္ ကူညီေပးေနတာ ႏွစ္အေတာ္ၾကာေနၿပီပဲ ျဖစ္ပါတယ္။

ဒီေန့မွာလည္း ကိုဝမ္းက သူ႔ရဲ့ လူမႈ႔ကြန္ယက္အေကာင့္ကေနၿပီး ဒုကၡေရာက္ေနတဲ့ သားအမိႏွစ္ေယာက္အေၾကာင္းကို အခုလို ေရးသားေဖာ္ျပလာခဲ့ပါတယ္ေနာ္။

”ေနစရာအိမ္မရိွ၍ က်ံဳးေဘးမိုးရြာထဲ ေနေနရတဲ့သားအမိ”မႏၲေလးၿမိဳ႔၆၆လမ္း က်ံဳးေတာင္ဖက္မိုးေရထဲ သားအမိႏွစ္ေယာက္ ဒုကၡေရာက္ေနတယ္လို႔ နန္းေတာ္ေရ႔ွ လူမႈကယ္ဆယ္ေရးအသင္းက ကိုသိန္းထြန္းေအာင္က ဖုန္းဆက္လာတာနဲ႔..

တိုင္ပင္ၿပီး ေမးျမန္းၾကၫ့္ရာ ေယာက်ာ္းျဖစ္သူနဲ႔ ကြဲတာၾကာၿပီျဖစ္ေၾကာင္း အလုပ္ကမရိွ လသားကေလးက တစ္ဖက္နဲ႔ အိမ္လခမေပးႏိုင္တာနဲ႔ အိမ္ေပၚကဆင္းၿပီး ေျခဦးတၫ့္ရာ ထြက္ခဲ့တာလို႔သိရပါတယ္။

ဒါနဲ႔ ကိုသိန္းထြန္းေအာင္နဲ႔ တိုင္ပင္ၿပီး တစ္လ ေလးေသာင္းတန္အခန္းကို၂လစာအျဖစ္ ဌားေပးၿပီး ေလာေလာဆယ္ စားေသာက္ဖို႔ ႏွစ္ေသာင္းက်ပ္ စုစုေပါင္းတစ္သိန္းက်ပ္ ကူညီေပးခဲ့ပါတယ္ ။

ေရရွည္ ေနထိုင္ရန္နဲ႔ လုပ္ကိုင္စားရန္ လိုအပ္ေနပါသျဖင့္ လႈဒါန္းလိုပါက လႈဒါန္းႏိုင္ပါသည္။ ဦးမ်ိဳးလြင္+ေဒၚနန္းခ်ယ္ရီတို႔ကို ရည္စူး၍ က်န္ရစ္သူ မိသားစုမွ လႈဒါန္းပါသည္။

ONE TO ONE ကေလးလူနာကူညီေရး / ကိုဝမ္း (စိုင္းေနမ်ိဳးေမာင္ေမာင္) / 09765765179 ၊ မႏၲေလးၿမိဳ႔ ” ဆိုၿပီး ေရးတင္ခဲ့တာပါ …

အခုလို ခက္ခဲတဲ့ကာလမွာ တက္စြမ္းသေလာက္ေဖးမကူညီ လုပ္ကိုင္ လႈတန္းေပးတဲ့ ကိုဝမ္းရဲ့လုပ္ရပ္အတြက္ သာဓုေခၚမိပါတယ္။

စာဖတ္သူတို႔ထဲမွ ဒီသားမိႏွစ္ေယာက္အတြက္ ကူညီေပးႏိုင္သူမ်ားရိွရင္လည္း ကူညီေပးႏိုင္ဖို႔ ဒီစာေလးကို တင္ေပးလိုက္ပါတယ္ …

ကိုယ္မကူညီႏိုင္ေတာင္ ကူညီႏိႈင္သူနဲ႔ေတြ့ရင္ ကုသိုလ္ရပါတယ္ေနာ္.. ဒါ့ေၾကာင့္ ဒီပို႔စ္ေလးကို ရွယ္ေပးၿပီး ကုသိုလ္ယူသြားပါအံုးေနာ္။

စာဖတ္သူအေပါင္း ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာ ခ်မ္းသာၾကပါေစလို႔ ဆုေတာင္း ေမတၲာပို႔သလိုက္ပါတယ္ခင္ဗ်။