ကမာၻေပၚက တန္ဖိုးအႀကီးဆုံး နာရီေတြက ဘာေတြလဲ

ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး နာရီတွေက ဘာတွေလဲ၊ ဘယ်လောက်အထိဈေးကြီးသလဲဆိုတာကို သိချင်စိတ်ဖြစ်မိဖူးပါသလား။ သိချင်တယ်ဆိုရင်တော့ အခုပြောပြသွားမယ့် တန်ဖိုးအကြီးဆုံးနာရီများဆိုတဲ့ အကြောင်းအရာကိုအဆုံးထိ ကြည့်ရှုခံစားကြည့်လိုက်ပါလို့ တိုက်တွန်းပါရစေ။

ဒေါ်လာသန်းနဲ့ချီတန်တဲ့နာရီတွေမှာ စိန်၊ ရွှေ အစရှိတဲ့ ရတနာတွေနဲ့ အလှဆင်ထားပါတယ်။ ဒါကြောင့်လည်း သူတို့တန်ဖိုးဟာ မိုးထိုးနေတော့တာပေါ့။ ပြီးတော့ အထဲမှာ အရမ်းရှုပ် ထွေးတဲ့စက်ကိရိယာစနစ်တွေပါလို့

သာမန်နာရီတွေလိုမဟုတ်ဘဲ အချိန်ကို အသေးစိတ်အတိအကျ ဖော်ပြပါတယ်။ ဒီစနစ်တွေကြောင့်လည်းတန်ဖိုးတွေက မတန်တ ဆ မြင့်သွားရတာဖြစ်ပါတယ်။ ကဲ… ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံးနာရီတွေက ဘာတွေလဲဆိုတာ နာရီချစ်သူတွေအတွက် တင်ဆက်လိုက်ပါပြီ။

ဘရေဂိတ် အိတ်ဆောင်နာရီ (Brequet Pocket Watch )

ဒီဇိုင်းက စွဲမက်စရာကောင်းလှတဲ့ ဒီအိတ်ဆောင်နာရီလေးကို ဘရေဂိတ် ( Brequet ) ဆိုတဲ့ နာရီထုတ်လုပ်ရေးကုမ္ပဏီက ရွှေ (၁၈) ကာရက်နဲ့လုပ်ထားတာပါ။ ဒါ့အပြင် ဒီနာရီကို လက်နဲ့ အနု စိတ်ပုံဖော်ထားတာဖြစ်ပြီး

နာရီမျက်နှာပြင်ကိုကြည့်လိုက်ရုံနဲ့လက်ရာအင်မတန် ကောင်းမွန်သေသပ်မှန်း တန်းခနဲသိနိုင်ပါတယ်။ နာရီက ချိန်းကြိုးလေးလည်းပါသေးတယ်လေ။ ဒီနာရီရဲ့ တန်ဖိုးကတော့ ဒေါ်လာ (၇၃၄ဝဝဝ) ဖြစ်ပါတယ်။

ဘလောင့်ပန် ဆယ်ဗင်တင်းသတ်တီဖိုက် ဂရန်းကွန်ပလီကေးရှင်း ( Blancpain 1735 Grande Complication )

ဘလောင့်ပန် ( Blancpain ) ကုမ္ပဏီက ထုတ်လုပ်တဲ့ ဒီနာရီက တော့ ပတ်လို့အတော်ကောင်းမှာပါ။ နာရီအိမ်ကို ပလက်တီနမ်နဲ့လုပ်ထားပြီး နာရီကြိုးကိုတော့ မိကျောင်းသားရေနဲ့ လုပ်ထားတာပါ။ အထဲကအင်ဂျင်ကို အစိတ်အပိုင်းပေါင်း (၇၄ဝ) နဲ့ လုပ်ထားတာဖြစ်ပြီး

အဲဒီအစိတ်အပိုင်းအားလုံးဟာလက်လုပ်တွေချည်းပါပဲ။ ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ ထုတ်လုပ်ဖူးသမျှ လက်ပတ်နာ ရီတွေထဲမှာ ဒီနာရီဟာလည်းဖွဲ့စည်းတည်ဆောက်ပုံ အရှုပ်ထွေးဆုံး နာရီတွေထဲပါနေတာပါ။ တန်ဖိုးကလည်း ဒေါ်လာ ၈ဝဝဝဝဝ ( ဒေါ်လာ ရှစ်သိန်း) ဖြစ်ပါတယ်။

လူးဝီမွိုင်နည်း မဂျစ်ထရယ်လစ် (Louis Moinet Magistralis)

ဒီနာရီကတော့ တမူထူးခြားပြီး မဟာဆန်ပါတယ်။ ပတ်လိုက်ရင် စတိုင်သိပ်ကျမယ့်ဒီအဖိုးထိုက် နာရီထဲမှာ ဥက္ကာခဲ အပိုင်းအစအ စစ်တစ်ခု ပါပါတယ်။ ပြီးရင်နေ့စွဲတွေကိုလည်း အတိအကျ ဖော် ပြပေးပါသေးတယ်။ တန်ဖိုးကတော့ဒေါ်လာ ရှစ်သိန်းခြောက်သောင်း ( ဒေါ်လာ ၈၆ဝဝဝဝ ) ပါတဲ့။

အူဘလို ဘလက်ခ်ကက်ဗီယာဘန်း (Hublot Black Caviar Bang)

အူဘလို ( Hublot ) ကုမ္ပဏီက ထုတ်တဲ့ဘလက်ခ်ကက်ဗီယာဘန်းနာရီဟာ ၂ဝဝ၉ ခုနှစ်မှာ ထွက်ပါတယ်။ ဒီလက်ပတ်နာရီကို အနက်ရောင်စိန်ပွင့်ပေါင်း (၅ဝ၁) ပွင့် ၊ ရွှေဖြူ (၁၈) ကာရက်နဲ့အ လှဆင်ထားလို့ တည်ငြိမ်တဲ့ အလှမျိုးနဲ့ကျက်သရေ ရှိနေပါတော့တယ်။ တန်ဖိုးကတော့ ဒေါ်လာ တစ်သန်း( 1 million ) ပါ။

ရှိုပတ်ဒ် စူပါအိုက်စ်ကျုဘ် (Chopard Super Ice Cube)

ဒီနာရီကိုတော့ ရှိုပတ်ဒ် ( Chopard ) ဆိုတဲ့ ဆွစ်ကုမ္ပဏီကထုတ် ပါတယ်။ နာရီကို ကုဗတုံးပုံစံလေးတွေ လုပ်ထားတဲ့ စိန်တွေနဲ့ အ စီအရီ ဖန်တီးထားတာပါ။ လက်ပတ်နာရီလည်းဖြစ်၊ စိန်လက် ကောက်လည်းဖြစ်တဲ့ ဒီနာရီဟာ ရေစိုခံတဲ့အပြင် ခြစ်ရာ၊

ပွန်းရာလည်း မထင်နိုင်ပါဘူးတဲ့။ ဒီလောက်ထိ အဖိုးထိုက်ပြီး စွဲမက်စရာကောင်းလှတဲ့စိန်နာရီကို မလိုချင်တဲ့အမျိုးသမီးရယ်လို့ ရှိမယ်မထင်ပါဘူးနော်။ တန်ဖိုးကတော့ဒေါ်လာ (၁ ဒသမ ၁) သန်းဖြစ်ပါတယ်။

စကိုင်းမွန်းတိုးဘီယွန် (Sky Moon Tourbillon)

ပထိပ်ခ်ဖီးလစ်ပ် Patek Philippe ကုမ္ပဏီက ထုတ်ဖူးသမျှနာရီတွေထဲမှာဒီနာရီက ဖွဲ့စည်းပုံအရှုပ်ထွေးဆုံး လက်ပတ်နာရီဖြစ်ပါတယ်။ သူ့မှာမျက်နှာပြင်နှစ်ဖက်ပါပြီး တစ်ဖက်က ညကောင်း ကင်ယံဆိုတဲ့နာမည်အတိုင်း

အပြာရင့်ရောင်အောက်ခံနဲ့ဖြစ်ပြီး နောက်တစ်ဖက်ကတော့ အဖြူရောင်အောက်ခံနဲ့ဖြစ်ပါတယ်။ နာရီတန်ဖိုးကတော့ ဒေါ်လာ (၁ ဒသမ ၃) သန်းဖြစ်ပါတယ်။

တိုးဒီအေးလ် (Tour de I’lle)

ဗက်ရ်ှရွန်ကွန်စတက်တန် ( Vacheron Constatin ) ဆိုတဲ့ဆွစ်ဇာလန်နာရီကုမ္ပဏီကြီးက ကုမ္ပဏီသက်တမ်း နှစ် (၂၅ဝ) အထိမ်း အမှတ်အနေနဲ့ တိုးဒီအေးလ် ဆိုတဲ့ ဒီနာရီကို ၂ဝဝ၅ ခုနှစ်မှာထုတ် လုပ်ခဲ့တာဖြစ်ပါတယ်။

ရွှေ (၁၈) ကာရက်နဲ့ လုပ်ထားတဲ့ ဒီနာရီမှာ မျက်နှာပြင်က အရောင်မပြန်နိုင်တဲ့ပြာလဲ့လဲ့ နီလာမှန်သားပြင်ပါ။ ဒီနှစ်ဖက်လှ နာရီရဲ့ တန်ဖိုးကတော့ဒေါ်လာ (၁ ဒသမ ၅) သန်း ဖြစ်ပါသတဲ့။

ပလက်တီနမ်ဝေါဒ်တိုင်းမ် (Platinum World Time)

ပထိပ်ခ်ဖီးလစ်ပ် Patek Philippe ကုမ္ပဏီထုတ် ဒီနာရီကတော့ ၂ဝဝ၂ ခုနှစ် လေလံမှာ ဒေါ်လာ (၄) သန်းကျော်နဲ့ လေလံအောင်သွားပါတယ်။ ကုမ္ပဏီက ဒီလိုနာရီမျိုး တစ်လုံးတည်းပဲ ထုတ်ခဲ့တယ်လို့ အခိုင်အမာယူဆရပြီး

၂ဝဝ၂ ခုနှစ်တုန်းကဆိုရင်တော့ ဒီနာရီဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံးလက်ပတ်နာရီပေါ့။ ကိုယ်ဘယ်နိုင်ငံပဲ ရောက်ရောက်၊ နာရီက သက်ဆိုင်ရာနိုင်ငံရဲ့အ ချိန်ကို သူ့ဘာသာသူ အော်တိုလှည့်ပြီးဖော်ပြပေးမှာပါ။

စူပါကွန်ပလီကေးရှင်း (Super Complication)

ပထိပ်ခ်ဖီးလစ်ပ် Patek Philippe ကုမ္ပဏီကပဲ ဟင်နရီဂရေ့ဗ်စ်ဂျူနီယာ Henry Graves Jr. ဆိုတဲ့ ဘဏ်လုပ်ငန်းရှင်အတွက် ၁၉၃၃ ခုနှစ်မှာ ဒီအိတ်ဆောင်နာရီကို ရွှေ (၁၈) ကာရက်နဲ့ဖန်တီး ခဲ့တာပါ။ ဒီ ဒီဇိုင်းထုတ်ဖို့၊ ဒီနာရီဖြစ်လာဖို့ ကုမ္ပဏီက အချိန်ငါးနှစ် ယူခဲ့ရပါတယ်။ တန်ဖိုးက ဒေါ်လာ (၁၁) သန်းပါ။

စိန်လက်ကောက်နာရီ

ရှိုပတ်ဒ် ( Chopard ) ဆိုတဲ့ ဆွစ်ကုမ္ပဏီကပဲ ထုတ်လုပ်တဲ့ ဒီလက်ပတ်နာရီကတော့ နာရီထက် လက်ကောက်နဲ့ပဲ ပိုတူပါတယ်။ ကုမ္ပဏီကလည်း ဒါကိုလက်ဝတ်ရတနာအဖြစ်ပဲ ပိုပြီး ဦး စားပေးဖန်တီးထားတာပါ။

ဒီလက်ကောက်နာရီကို စိန်ပွင့်ရောင်စုံပေါင်း (၂ဝ၁) ကာရက်နဲ့ လုပ်ထားပါတယ်။ ဒါကြောင့် သူ့ကိုကြည့်လိုက်ရင်ပန်းရောင်စုံ ဝန်းရံထားတဲ့ နာရီလို့ ထင်ရပါလိမ့်မယ်။ တန်ဖိုး ဒေါ်လာ (၂၆) သန်းရှိတဲ့ ဒီလက်ကောက်နာရီက တော့ စိန်ရောင်စုံတဖိတ်ဖိတ်နဲ့တလက်လက် တောက်ပနေပါတယ်။

Credit, NPNews

Zawgyi

ကမာၻေပၚမွာ တန္ဖိုးအႀကီးဆုံး နာရီေတြက ဘာေတြလဲ၊ ဘယ္ေလာက္အထိေဈးႀကီးသလဲဆိုတာကို သိခ်င္စိတ္ျဖစ္မိဖူးပါသလား။ သိခ်င္တယ္ဆိုရင္ေတာ့ အခုေျပာျပသြားမယ့္ တန္ဖိုးအႀကီးဆုံးနာရီမ်ားဆိုတဲ့ အေၾကာင္းအရာကိုအဆုံးထိ ၾကည့္ရႈခံစားၾကည့္လိုက္ပါလို႔ တိုက္တြန္းပါရေစ။

ေဒၚလာသန္းနဲ႔ခ်ီတန္တဲ့နာရီေတြမွာ စိန္၊ ေ႐ႊ အစရွိတဲ့ ရတနာေတြနဲ႔ အလွဆင္ထားပါတယ္။ ဒါေၾကာင့္လည္း သူတို႔တန္ဖိုးဟာ မိုးထိုးေနေတာ့တာေပါ့။ ၿပီးေတာ့ အထဲမွာ အရမ္းရႈပ္ ေထြးတဲ့စက္ကိရိယာစနစ္ေတြပါလို႔

သာမန္နာရီေတြလိုမဟုတ္ဘဲ အခ်ိန္ကို အေသးစိတ္အတိအက် ေဖာ္ျပပါတယ္။ ဒီစနစ္ေတြေၾကာင့္လည္းတန္ဖိုးေတြက မတန္တ ဆ ျမင့္သြားရတာျဖစ္ပါတယ္။ ကဲ… ကမာၻေပၚမွာ တန္ဖိုးအႀကီးဆုံးနာရီေတြက ဘာေတြလဲဆိုတာ နာရီခ်စ္သူေတြအတြက္ တင္ဆက္လိုက္ပါၿပီ။

ဘေရဂိတ္ အိတ္ေဆာင္နာရီ (Brequet Pocket Watch )

ဒီဇိုင္းက စြဲမက္စရာေကာင္းလွတဲ့ ဒီအိတ္ေဆာင္နာရီေလးကို ဘေရဂိတ္ ( Brequet ) ဆိုတဲ့ နာရီထုတ္လုပ္ေရးကုမၸဏီက ေ႐ႊ (၁၈) ကာရက္နဲ႔လုပ္ထားတာပါ။ ဒါ့အျပင္ ဒီနာရီကို လက္နဲ႔ အႏု စိတ္ပုံေဖာ္ထားတာျဖစ္ၿပီး

နာရီမ်က္ႏွာျပင္ကိုၾကည့္လိုက္႐ုံနဲ႔လက္ရာအင္မတန္ ေကာင္းမြန္ေသသပ္မွန္း တန္းခနဲသိႏိုင္ပါတယ္။ နာရီက ခ်ိန္းႀကိဳးေလးလည္းပါေသးတယ္ေလ။ ဒီနာရီရဲ႕ တန္ဖိုးကေတာ့ ေဒၚလာ (၇၃၄ဝဝဝ) ျဖစ္ပါတယ္။

ဘေလာင့္ပန္ ဆယ္ဗင္တင္းသတ္တီဖိုက္ ဂရန္းကြန္ပလီေကးရွင္း ( Blancpain 1735 Grande Complication )

ဘေလာင့္ပန္ ( Blancpain ) ကုမၸဏီက ထုတ္လုပ္တဲ့ ဒီနာရီက ေတာ့ ပတ္လို႔အေတာ္ေကာင္းမွာပါ။ နာရီအိမ္ကို ပလက္တီနမ္နဲ႔လုပ္ထားၿပီး နာရီႀကိဳးကိုေတာ့ မိေက်ာင္းသားေရနဲ႔ လုပ္ထားတာပါ။ အထဲကအင္ဂ်င္ကို အစိတ္အပိုင္းေပါင္း (၇၄ဝ) နဲ႔ လုပ္ထားတာျဖစ္ၿပီး

အဲဒီအစိတ္အပိုင္းအားလုံးဟာလက္လုပ္ေတြခ်ည္းပါပဲ။ ဒါေၾကာင့္လည္း ကမာၻေပၚမွာ ထုတ္လုပ္ဖူးသမွ် လက္ပတ္နာ ရီေတြထဲမွာ ဒီနာရီဟာလည္းဖြဲ႕စည္းတည္ေဆာက္ပုံ အရႈပ္ေထြးဆုံး နာရီေတြထဲပါေနတာပါ။ တန္ဖိုးကလည္း ေဒၚလာ ၈ဝဝဝဝဝ ( ေဒၚလာ ရွစ္သိန္း) ျဖစ္ပါတယ္။

လူးဝီမြိဳင္နည္း မဂ်စ္ထရယ္လစ္ (Louis Moinet Magistralis)

ဒီနာရီကေတာ့ တမူထူးျခားၿပီး မဟာဆန္ပါတယ္။ ပတ္လိုက္ရင္ စတိုင္သိပ္က်မယ့္ဒီအဖိုးထိုက္ နာရီထဲမွာ ဥကၠာခဲ အပိုင္းအစအ စစ္တစ္ခု ပါပါတယ္။ ၿပီးရင္ေန႔စြဲေတြကိုလည္း အတိအက် ေဖာ္ ျပေပးပါေသးတယ္။ တန္ဖိုးကေတာ့ေဒၚလာ ရွစ္သိန္းေျခာက္ေသာင္း ( ေဒၚလာ ၈၆ဝဝဝဝ ) ပါတဲ့။

အူဘလို ဘလက္ခ္ကက္ဗီယာဘန္း (Hublot Black Caviar Bang)

အူဘလို ( Hublot ) ကုမၸဏီက ထုတ္တဲ့ဘလက္ခ္ကက္ဗီယာဘန္းနာရီဟာ ၂ဝဝ၉ ခုႏွစ္မွာ ထြက္ပါတယ္။ ဒီလက္ပတ္နာရီကို အနက္ေရာင္စိန္ပြင့္ေပါင္း (၅ဝ၁) ပြင့္ ၊ ေ႐ႊျဖဴ (၁၈) ကာရက္နဲ႔အ လွဆင္ထားလို႔ တည္ၿငိမ္တဲ့ အလွမ်ိဳးနဲ႔က်က္သေရ ရွိေနပါေတာ့တယ္။ တန္ဖိုးကေတာ့ ေဒၚလာ တစ္သန္း( 1 million ) ပါ။

ရႈိပတ္ဒ္ စူပါအိုက္စ္က်ဳဘ္ (Chopard Super Ice Cube)

ဒီနာရီကိုေတာ့ ရႈိပတ္ဒ္ ( Chopard ) ဆိုတဲ့ ဆြစ္ကုမၸဏီကထုတ္ ပါတယ္။ နာရီကို ကုဗတုံးပုံစံေလးေတြ လုပ္ထားတဲ့ စိန္ေတြနဲ႔ အ စီအရီ ဖန္တီးထားတာပါ။ လက္ပတ္နာရီလည္းျဖစ္၊ စိန္လက္ ေကာက္လည္းျဖစ္တဲ့ ဒီနာရီဟာ ေရစိုခံတဲ့အျပင္ ျခစ္ရာ၊

ပြန္းရာလည္း မထင္ႏိုင္ပါဘူးတဲ့။ ဒီေလာက္ထိ အဖိုးထိုက္ၿပီး စြဲမက္စရာေကာင္းလွတဲ့စိန္နာရီကို မလိုခ်င္တဲ့အမ်ိဳးသမီးရယ္လို႔ ရွိမယ္မထင္ပါဘူးေနာ္။ တန္ဖိုးကေတာ့ေဒၚလာ (၁ ဒသမ ၁) သန္းျဖစ္ပါတယ္။

စကိုင္းမြန္းတိုးဘီယြန္ (Sky Moon Tourbillon)

ပထိပ္ခ္ဖီးလစ္ပ္ Patek Philippe ကုမၸဏီက ထုတ္ဖူးသမွ်နာရီေတြထဲမွာဒီနာရီက ဖြဲ႕စည္းပုံအရႈပ္ေထြးဆုံး လက္ပတ္နာရီျဖစ္ပါတယ္။ သူ႔မွာမ်က္ႏွာျပင္ႏွစ္ဖက္ပါၿပီး တစ္ဖက္က ညေကာင္း ကင္ယံဆိုတဲ့နာမည္အတိုင္း

အျပာရင့္ေရာင္ေအာက္ခံနဲ႔ျဖစ္ၿပီး ေနာက္တစ္ဖက္ကေတာ့ အျဖဴေရာင္ေအာက္ခံနဲ႔ျဖစ္ပါတယ္။ နာရီတန္ဖိုးကေတာ့ ေဒၚလာ (၁ ဒသမ ၃) သန္းျဖစ္ပါတယ္။

တိုးဒီေအးလ္ (Tour de I’lle)

ဗက္ရ္ွ႐ြန္ကြန္စတက္တန္ ( Vacheron Constatin ) ဆိုတဲ့ဆြစ္ဇာလန္နာရီကုမၸဏီႀကီးက ကုမၸဏီသက္တမ္း ႏွစ္ (၂၅ဝ) အထိမ္း အမွတ္အေနနဲ႔ တိုးဒီေအးလ္ ဆိုတဲ့ ဒီနာရီကို ၂ဝဝ၅ ခုႏွစ္မွာထုတ္ လုပ္ခဲ့တာျဖစ္ပါတယ္။

ေ႐ႊ (၁၈) ကာရက္နဲ႔ လုပ္ထားတဲ့ ဒီနာရီမွာ မ်က္ႏွာျပင္က အေရာင္မျပန္ႏိုင္တဲ့ျပာလဲ့လဲ့ နီလာမွန္သားျပင္ပါ။ ဒီႏွစ္ဖက္လွ နာရီရဲ႕ တန္ဖိုးကေတာ့ေဒၚလာ (၁ ဒသမ ၅) သန္း ျဖစ္ပါသတဲ့။

ပလက္တီနမ္ေဝါဒ္တိုင္းမ္ (Platinum World Time)

ပထိပ္ခ္ဖီးလစ္ပ္ Patek Philippe ကုမၸဏီထုတ္ ဒီနာရီကေတာ့ ၂ဝဝ၂ ခုႏွစ္ ေလလံမွာ ေဒၚလာ (၄) သန္းေက်ာ္နဲ႔ ေလလံေအာင္သြားပါတယ္။ ကုမၸဏီက ဒီလိုနာရီမ်ိဳး တစ္လုံးတည္းပဲ ထုတ္ခဲ့တယ္လို႔ အခိုင္အမာယူဆရၿပီး

၂ဝဝ၂ ခုႏွစ္တုန္းကဆိုရင္ေတာ့ ဒီနာရီဟာ ကမာၻေပၚမွာ တန္ဖိုးအႀကီးဆုံးလက္ပတ္နာရီေပါ့။ ကိုယ္ဘယ္ႏိုင္ငံပဲ ေရာက္ေရာက္၊ နာရီက သက္ဆိုင္ရာႏိုင္ငံရဲ႕အ ခ်ိန္ကို သူ႔ဘာသာသူ ေအာ္တိုလွည့္ၿပီးေဖာ္ျပေပးမွာပါ။

စူပါကြန္ပလီေကးရွင္း (Super Complication)

ပထိပ္ခ္ဖီးလစ္ပ္ Patek Philippe ကုမၸဏီကပဲ ဟင္နရီဂေရ႕ဗ္စ္ဂ်ဴနီယာ Henry Graves Jr. ဆိုတဲ့ ဘဏ္လုပ္ငန္းရွင္အတြက္ ၁၉၃၃ ခုႏွစ္မွာ ဒီအိတ္ေဆာင္နာရီကို ေ႐ႊ (၁၈) ကာရက္နဲ႔ဖန္တီး ခဲ့တာပါ။ ဒီ ဒီဇိုင္းထုတ္ဖို႔၊ ဒီနာရီျဖစ္လာဖို႔ ကုမၸဏီက အခ်ိန္ငါးႏွစ္ ယူခဲ့ရပါတယ္။ တန္ဖိုးက ေဒၚလာ (၁၁) သန္းပါ။

စိန္လက္ေကာက္နာရီ

ရႈိပတ္ဒ္ ( Chopard ) ဆိုတဲ့ ဆြစ္ကုမၸဏီကပဲ ထုတ္လုပ္တဲ့ ဒီလက္ပတ္နာရီကေတာ့ နာရီထက္ လက္ေကာက္နဲ႔ပဲ ပိုတူပါတယ္။ ကုမၸဏီကလည္း ဒါကိုလက္ဝတ္ရတနာအျဖစ္ပဲ ပိုၿပီး ဦး စားေပးဖန္တီးထားတာပါ။

ဒီလက္ေကာက္နာရီကို စိန္ပြင့္ေရာင္စုံေပါင္း (၂ဝ၁) ကာရက္နဲ႔ လုပ္ထားပါတယ္။ ဒါေၾကာင့္ သူ႔ကိုၾကည့္လိုက္ရင္ပန္းေရာင္စုံ ဝန္းရံထားတဲ့ နာရီလို႔ ထင္ရပါလိမ့္မယ္။ တန္ဖိုး ေဒၚလာ (၂၆) သန္းရွိတဲ့ ဒီလက္ေကာက္နာရီက ေတာ့ စိန္ေရာင္စုံတဖိတ္ဖိတ္နဲ႔တလက္လက္ ေတာက္ပေနပါတယ္။

Credit, NPNews