ဖြူကောင်တွောအလွန်အေးဆေးတဲ့သတ္တဝါတွေဖြစ်ပါတယ်။သူတို့တစ်တွေဟာဘယ်သူ့ကိုမှလည်းရန်ရှာတိုက်ခိုက်ခြင်းမရှိသလို၊အေးအေးဆေးဆေးနေတတ်တဲ့သတ္တဝါတွေဖြစ်ပါတယ်။
ဒါပေမယ့်သူတို့ကိုယောင်လို့မှားလို့တိုက်ခိုက်မိတဲ့တောကောင်တွေလည်းမချောင်ပါဘူး။ အသက်သေတာချင်းတူရင်တောင်သူတို့ကိုရန်ရှာတဲ့တောကောင်တွေဟာမချိမဆန့်သေရပါတယ်။
ဘရားဇီးနိုင်ငံ၊နေရာဒေသအတိအကျဖော်ပြမထားတဲ့တောအုပ်နဲ့နီးစပ်တဲ့နေရာတစ်ခုမှာ စပါးကြီးမြွေတစ်ကောင်ဟာဖြူကိုမျိုဖို့ ကြိုးစားခဲ့ပါတယ်။
စပါးကြီးမြွေတွေဟာ အစားအလွန်လောဘကြီးတဲ့ မြွေတွေဖြစ်ပြီး၊ အရွယ်ရောက်ပြီး စပါးကြီးမြွေတစ်ကောင်ဟာ နွားရိုင်းပေါက် အရွယ်လောက် တိရစ္ဆာန်ကို မျိုပြီးရင် တစ်နေရာရာမှာ သုံးလခန့် ပုန်းခိုနေတတ်ပါတယ်။
ယခုစပါးကြီးမြွေကတော့ အကောင်ပေါက် အရွယ်သာ ရှိသေးပြီး၊ ဖြူတစ်ကောင်ကို မျိုဖို့ ကြိုးစားမိရာကနေ ဖြူဆူးတွေ ခန္ဓာကိုယ်တစ်ခုလုံး ဆူးခဲ့ရပါတယ်။ ဗွီဒီယိုဆရာရဲ့ အိမ်မွေးခွေးဟာ မြွေကို သဲကြီးမည်းကြီး ကိုက်တော့မယောင် ထိုးဟောင်နေတာကိုလည်း တွေ့ရပါတယ်။
ကျွမ်းကျင်ပညာရှင်တွေကတော့ဒီမြွေဟာသေဖို့သာရှိတော့တယ်လို့မှတ်ချက်ပေးခဲ့ကြပါတယ်။ မြွေသေမသေကိုတော့မူလသတင်းမှာဖော်ပြထားခြင်း မရှိပါဘူး။
မှတ်ချက်ရေးသူတစ်ဦးကတော့ဆူးတွေကိုနှုတ်ပေးလိုက်ပါလို့ရေးထားသလို၊အခြားတစ်ဦးကလည်းမြွေအတွက်တော့ကံဆိုးတဲ့နေ့လို့ဆိုပါတယ်။အခြားတစ်ဦးကတော့ဒါကမြွေရဲ့ဝတ်စုံ အသစ်ပါလို့ရေးခဲ့ပါတယ်။
ဖြူကောင်တွော အလွန်အေးဆေးတဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။ သူတို့တစ်တွေဟာ ဘယ်သူ့ကိုမှလည်း ရန်ရှာတိုက်ခိုက်ခြင်း မရှိသလို၊ အေးအေးဆေးဆေး နေတတ်တဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။
ဒါပေမယ့်သူတို့ကိုယောင်လို့မှားလို့တိုက်ခိုက်မိတဲ့တောကောင်တွေလည်းမချောင်ပါဘူး။ အသက်သေတာချင်းတူရင်တောင်သူတို့ကို ရန်ရှာတဲ့တောကောင်တွေဟာမချိမဆန့်သေရပါတယ်။
ဘရားဇီးနိုင်ငံ၊နေရာဒေသအတိအကျဖော်ပြမထားတဲ့တောအုပ်နဲ့နီးစပ်တဲ့နေရာတစ်ခုမှာ စပါးကြီးမြွေတစ်ကောင်ဟာဖြူကိုမျိုဖို့ ကြိုးစားခဲ့ပါတယ်။
စပါးကြီးမြွေတွေဟာအစားအလွန်လောဘကြီးတဲ့ မြွေတွေဖြစ်ပြီး၊အရွယ်ရောက်ပြီး စပါးကြီးမြွေတစ်ကောင်ဟာနွားရိုင်းပေါက်အရွယ်လောက်တိရစ္ဆာန်ကို မျိုပြီးရင် တစ်နေရာရာမှာ သုံးလခန့် ပုန်းခိုနေတတ်ပါတယ်။
ယခုစပါးကြီးမြွေကတော့အကောင်ပေါက်အရွယ်သာရှိသေးပြီး၊ဖြူတစ်ကောင်ကို မျိုဖို့ ကြိုးစားမိရာကနေ ဖြူဆူးတွေ ခန္ဓာကိုယ်တစ်ခုလုံး ဆူးခဲ့ရပါတယ်။
ဗွီဒီယိုဆရာရဲ့အိမ်မွေးခွေးဟာမြွေကိုသဲကြီးမည်းကြီးကိုက်တော့မယောင်ထိုးဟောင်နေတာကိုလည်းတွေ့ရပါတယ်။
ကျွမ်းကျင်ပညာရှင်တွေကတော့ဒီမြွေဟာသေဖို့သာရှိတော့တယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။ မြွေသေမသေကိုတော့မူလသတင်းမှာဖော်ပြထားခြင်း မရှိပါဘူး။
မှတ်ချက်ရေးသူတစ်ဦးကတော့ ဆူးတွေကို နှုတ်ပေးလိုက်ပါလို့ ရေးထားသလို၊ အခြားတစ်ဦးကလည်း မြွေအတွက်တော့ ကံဆိုးတဲ့နေ့လို့ ဆိုပါတယ်။ အခြားတစ်ဦးကတော့ ဒါက မြွေရဲ့ ဝတ်စုံ အသစ်ပါလို့ ရေးခဲ့ပါတယ်။
Credit
Zawgyi
Credit