(( နတ်ကျွန်းစေတီတော်ထင်းတုံးတင် ကျန်ရစ်ရခြင်း၏ရာဇဝင်အမိုင်းအကျဉ်း))
စဝ်ဖာ့နွယ်လုံ(စဝ့်ဆေဟွမ်းဖွောင်းမိန်း) ၏သမီးတော်၃ပါးရှိခဲ့ရာယေ့ဆောင်လုမ်း၊အီဆောင်ဖွန်၊အာမ်ဆောင်နျတ်ဟူ၍အမည်ရှိကြလေသည်။
စဝ့်ဟိုဆိုင်ခေါ်စဝ်ဆမ်လုန်ခူမိန်း(ယခုနတ်ကျွန်းသခင်နတ်မင်းကြီး)သည်၊မောဘုရင်စဝ်ဆေခန်ဖာ့၏မိဖုရားခေါင်ကြီး(မရီးတော်)ကမကျေနပ်၍အဆိပ်ခတ်သောကြောင့်ကွယ်လွန်ခဲ့ရာ၊
၎င်းမသေခင်နောက်ဆုံးAD-1307တွင်မိန်းခမ်းတီယခုပူတာအိုလန်းကျို-နမ့်ထုန်ခူးတွင်၃လခန်ခေတ္တစံမြန်နေခဲ့သည်။ထိုအချိန်စဝ့်ဟိုဆိုင်ကနယ်ခံအမတ်ပညာရှိများ၊ရပ်မိရပ်ဖများ၏အဖူးမျှော်ခံယင်းစကားစမည်ပြောကြရာတွင်
ငါအခုအသက်၇၀ကျော်ပြီ၊တစ်ဘဝလုံးစစ်တိုက်ခြင်းနှင့်မင်းစည်းစိမ်၌သာမွေ့လျော်ပျော်ပါးခဲ့သည်။လမ်းမှာတွေ့ရသောဆင်းတုတော်ဘုရားသည်နတ်စည်းစိမ်ကဲ့သို့ခံစားရသောတန်ခိုးရှင်လား?ဟူ၍မေးရာနယ်ခံပညာရှိများ
ကဂေါတမမြတ်စွာဘုရားအကြောင်းကိုရှင်းပြပြီးကုသိုလ်၊အကုသိုလ်တို့ကိုလုပ်ခဲ့ကြလို့၃၁ဖြစ်ပေါ်လာပုံကိုရှင်းပြခဲ့လေသည်။ပြီးနောက်ကောင်းမှု့လုံရွှေဆပ်မင်းကြီး၏ပါရမီဖြည့်ပုံတွေနှင့်တစ်ကွကောင်းမှုလုံစေတီတော်ကိုစဝ်လုမ်းလုန်မင်းကြီးခေတ်
ကတည်ထားခဲ့ပုံ၊အခုလည်းနှစ်ကြာညောင်း၍ပျက်စီးနေကြပုံကိုရှင်းပြခဲ့လေသည်။ထိုအခါမှခေါင်းတညိတ်ညိတ်ဖြင်အတန်ကြာမျှော်ငေးနေခဲ့ပြီးနောက်၊လေးဖြင့်စွာနှင့်ငါအိုပြီမင်းတို့ပြောသလိုဆိုယင်ငါဘာသာရေးလုပ်ရတော့မယ်၊
မင်းတို့ပြောသလိုနောက်ဘဝအတွက်ငါကြိုးစားလုပ်ရတော့မယ်။ဒီတစ်ခါအစ်ကိုတော်ကိုတွေ့ပြီးရင်ငါအနားယူတော့မယ်၊ခမ်းတီကိုလာပြီးငါတရားရှာကုသိုလ်ရှာတော့မယ်၊ရွှေဆပ်မင်းစေတီကြီးကိုပြင်ထားကြပါထိုအချိန်ကမိန်းကျိုယခုအလယ်ပိုင်းမြေပြန့်လွင်ပြင်နမ့်ကျိုမြစ်ဝဲယာ
ကိုအုပ်ချုပ်နေသူမှာစဝ့်တဝ့်လိန်းဆိုင်(မန်နေအမျိုး)ဖြစ်လေသည်။စဝ့်ဟိုဆိုင်သည်မန်နေစော်ဘွားအားမင်းကဦးဆောင်ပြီးစေတီတော်ကိုကိုပြင်ထားကြပါပြီးရင်ငါကိုယ်တိုင်ထီးတော်လာတင်မယ်ဟူ၍မှာကြားပြီးအာသံဘက်သို့ထွက်ခွာလာခဲ့လေသည်။
အာသံမှအပြန်မောပြည်ကိုသွားခဲ့ပြီးမိုးကောင်းသို့ပြန်လာကာထိုမှာတဖန်အစ်ကိုဘုရင်ကနန်းတော်သစ်ဖွင့်ပွဲကိုဖိတ်ကြားပြီးထိုအခီန်မှအသတ်ခံခဲ့ရခြင်းဖြစ်လေသည်။ဒေါမနဿနှင့်စိတ်အစွဲတို့ချက်ချင်းဝက်ထီးကြီးဘဝဖြင်ဥပပ္ပတ္တိပဋိသန္ဓေနေမွေးလာခဲ့သည်။
၎င်း၏စိတ်ထဲတွင်မိန်းခမ်းတီကိုစိတ်စွဲနေသောကြောင့်ဧရာဝတီမြစ်အတိုင်းထွက်ခွာလာခဲ့လေသည်။လမ်းခရီးတွင်တောင်ယာကိုဝင်၍စားသောကြောင့်သူလူ့ဘဝကမြှောက်စားထားခဲ့သောဝါ့ပျံကမသိ၍လှံနှင့်ပစ်သောအခါ
ထိုဒါဏ်ရာဖြင့်သေပြီးချက်ချင်းနတ်မြွေနဂါးဘဝပြောင်းသွားကာနမ့်ကျိုမလိခမြစ်အတိုင်းမိန်းခမ်းတီသို့ရောက်လာခဲ့ပြီးရှေးကနဂါးဗိမာန်အဟောင်းတွေ့၍ယခုနတ်ကျွန်းနေရာတွင်ဆက်လက်နေထိုင်ခဲ့သည်။
အကျဉ်ချုံးရသော်ကောင်းမှုလုံစေတီထီးတော်တင်လှူပြီးနောက်ပိုင်းတွင်ဝမ်းမြောက်စွာသာဓုခေါ်သောကြောင့်မြွှေနဂါးဘဝမှလူသားကဲ့သို့ဖန်ဆင်းနိုင်သောတန်ခိုးကိုပိုင်ဆိုင်လာခဲ့လေသည်။
၎င်း၏ဇနီးမှာပထမဇနီးကနတ်ဖြစ်၍စဝ့်ဖာ့နွယ်လုံ၏ပထမသမီးတော်နန်းဆောင်လွန်မ်း(နန်းကေဆာမတီ)ဖြစ်လေသည်၊ဒုတိယဇနီးသည်မှာစဝ့်ချန်ဟိုဟီး(မိန်းလန်းစော်ဘွား)၏သမီးတော်ဖြစ်ပြီးယေ့မိုင်ခမ်းဖြစ်လေသည်။ထိုဇနီးသည်အားလူသားဘဝနှင့်ပင်ဆက်သပေးလိုက်ခြင်း့ဖြစ်သည်။
ယခုသစ်လုံးတင်သောဖြစ်စဉ်မှာစဝ့်ဖာ့နွယ်လုံကသူ့သားမက်အားနှစ်စဉ်ဝါဆိုတွင်ဝါဂွမ်များနှင့်ချည်လုံးများ၊ကိုလည်းကောင်း၊ထင်းများကိုမူဝါခေါင်လတွင်ပို့ပေးတတ်လေသည်။ထိုအချိန်ကာလတွင်ထင်းထုံးအမြောက်အမျာကိုမြစ်အတွင်းမျောလာတတ်ကြပြီးထိုနတ်ကျွန်းနေရာသို့အရောက်တွင်မူးထိုထင်းတုံးများအားလုံးပျောက်ကွယ်သွားတတ်ကြလေသည်။
ယနေ့အချိန်တွင်ယောက်ခထီးနှင့်သားမက်တော်တို့ကအချိတ်အဆက်မိမိရာဇဝင်အတိုင်းလက်ခံရရှိကြောင်းလူသားများအားအသိပေးနေသယောင်ဖြစ်နေတော့သည်။ဒါဆိုယင်ထိုရာဇဝင်အတိုင်းဆိုပါလျင်တိုက်းကားပြည်ရွာသာယာဝပြောလာတော့မည့်ရာဇဝင်နိမိတ်ဖြစ်ပြီ
မိန်းခမ်းတီယခုပူတာအိုသည်နှစ်တစ်ရာအတွင်းကြက်ပျံမကျစည်ကားလာတော့မည်ဟူသောလက္ခဏာတဘောင်စကားသည်တကယ်ဖြစ်လာတော့မည်လား??!!
ဟူ၍မျော်လင့်မိပါကြောင်း—မြန်မာပြည်အဝှမ်းကပ်ဘေးကင်းငြိမ်းအေး၍အေးချမ်းသယာဝပြောနိုင်ကြပါစေ။
ဝဏ္ဏဓမ္မ ၊ မန်ပန်
Zawgyi
ထိုဒါဏ်ရာဖြင့်သေပြီးချက်ချင်းနတ်မြွေနဂါးဘဝပြောင်းသွားကာနမ့်ကျိုမလိခမြစ်အတိုင်းမိန်းခမ်းတီသို့ရောက်လာခဲ့ပြီးရှေးကနဂါးဗိမာန်အဟောင်းတွ့၍ယခုနတ်ကျွန်းနေရာတွင်ဆက်လက်နေထိုင်ခဲ့သည်။
ဝဏ္ဏဓမ္မ ၊ မန်ပန်