တစ်ချို့လည်းပဲ စဉ်းစားချင်မှ စဉ်းစားမှာ၊ဘုရားထဲမှာ ဌာပနာတယ်။ဌာပနာဆိုတာ…ထည့်သွင်းတာ၊ ထည့်သွင်းခြင် း တည်ထား ခြင်းလို့ အဓိပ္ပါယ်ရ ပါတယ်။အဲဒီတော့ ရတနာတွေ ဘာကိစ္စဘုရားထဲမှာ ထည့်ကြတာတုန်း။နိုင်ငံခြားသားတွေ အမြင်နဲ့ကြည်ရင်တော့ ဒါဟာ အကျိုးမရှိဘူးလို့ ပြောမှာပေါ့နော်။
ဒါတွေထည့်လိုက်လို့ဘာအကျိုးရှိမှာတုန်း။ဘုရားရုပ်ပွား ဆင်းတုတော် ထည့်တာတော့ထားပါတော့။ရတန ာတွေ ထည့် တယ်၊အခု ခေတ်ည်း ထ ည့်တာပဲ။ကြ ည် ညိုတဲ့ပုဂ္ဂိုလ်တွေက ကိုယ့်သဒ္ဓါတရားနဲ့ ကိုယ် ထည့်ကြတယ်။
ဘာအတွက် ထည့်တာလဲဆိုတော့ ကြည်ညိုလို့ လှူတာပဲ သိတယ်။သို့သော်…တကယ့်အစစ်အမှန်က ရည်ရွယ်ချက် ရှိတယ်။မြတ် စွာဘုရား ပရိနိဗ္ဗာ န်စံတဲ့အခါ ဘုရားရဲ့ ဓာတ်တော်တွေကို ရှစ်ပြည်ထောင်မင်းတွေကို ခွဲဝေပြီး ပေးလိုက်တယ်။
ဓာတ်တော်တွေက ရှစ်ပြည်ထောင်တောင်ရောက်သွားတယ်။ဒီဓာတ်တော်တွေကို အန္တရာယ်ဖြစ်မှာစိုးလို့အရှင်မဟာကဿပတို့က အဇာတသတ်မင်းနဲ့ တို င် ပင်ပြီးတော့ဓာတ်တော်တိုက်ကြီး တစ်ခုလုပ်ပြီး ဓာတ်တော်တွေ စုထည့်ထားတယ်တဲ့။
အဲဒီလို စုထည့်ထားပြီး အင်မတန် တန်ဖိုးရှိတဲ့ ပတ္တမြား တစ်လုံးကို အဲဒီထဲမှာ ထည့်ထားပြီး စာရေ းထားတယ်။ နောင်တစ်ချိ န်ကျရင်…ဒီဓာတ် တော်တိုက်ကြီး ပျက်စီးသွားရင်ပြင်ဆင်ဖို့အတွက် ငွေကြေး မတတ်နိုင်ဘူးဆိုရင် ဒီပတ္တမြားတုံးကြီးကို ရောင်းချပြီး ပြုပြင်ပါတဲ့။
အဲဒီတော့ ရတနာတွေ ထည့်သွင်းထားခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ…သင်္ခါရသဘောတရားအရ တစ်နေ့ကျ ပျက်မှာပဲ။maintenance လိုတယ်လေ။mainte nance အတွက် ထည့်ခဲ့တာ။ဒီလိုဆိုလို့ရှိရင်တော့ ရည်ရွယ်ချက် ကောင်းတယ်ပေါ့။maintenance အတွက် deposit လုပ်ထားခဲ့တာ။ဒါတွေကိုယူပြီးဘုရား ပြ င် ရမယ်ပေါ့။အဲဒီ ရည်ရွယ်ချက်ပဲ။
နောက်ပိုင်းကျတော့…ဒီရည်ရွယ်ချက်က တဖြည်းဖြည်း ပျောက်လာတဲ့ သဘောပဲ။မြန်မာပြည်မှာ…ကုသိုလ်ရှင်တွေ ဆိုင်းဘုတ် ထိုးလေ့ ရှိကြတယ်လေ။ဘုရာ းတံတိုင်းတို့ ဘာတို့ ညာတို့ အကုန်လုံးပေါ့။ကုသိုလ်ရှင်တွေ ဘာလို့ ထိုးတာတုန်း..?နာမည် ကြော်ငြာတာလား။
ရည်ရွယ်ချက်က ဘာလဲ။ကိုယ့်ကို လူသိစေချင်လို့ ထိုးတာလား။မသိလည်း ဘာဖြစ်လဲ..?လှူတာက လှူတာပဲပေါ့။အဲဒီ တော့ ဆိုင်းဘုတ် ထိုးခြင်းရဲ့ ရည် ရွယ်ချက်က ဘာလဲဆိုရင်အမျှဝေတဲ့သဘော၊ မြင်တဲ့ပုဂ္ဂိလ်က သာဓုခေါ်ရအောင်လို့။ဒါ့ကြောင့်မို့…ရှေးတုန်းက မိ သားစုကေ ာင်းမှုဆို တာရဲ့ နောက် မှာ…နတ်လူ သာဓုခေါ်စေသော် ဆိုတာလေးပါတယ်။
အခုခေတ်ကတော့…အဲဒီ နတ်လူသာဓု ခေါ်စေသော်ဆိုတာလေးပျောက်သွားပြီး နာမည်ကြော်ငြာတာ ဖြစ်သွားတယ်။ဒါက ပြောင်းလဲလာတဲ့ သ ဘောပေါ့နော်။မူရင်းအဓိပ္ပါယ် ပျောက်သွားပြီးတော့ ပြောင်းလဲလာတဲ့ သဘောဟာ ဒီလိုပဲ ရှိတယ်ပေ့ါ။စပြီးလုပ်တဲ့ အချိန်ကတော့ အဓိပ္ပါယ်ရှိတယ်။ အဲဒီအဓိ ပ္ပ ါယ်ရှိတာတွေဟာ နောက်ပိုင်း အဓိပ္ပါယ် မသိတော့ဘူး။တစ်မျိုးတစ်မည် ပြောင်းလဲသွားတတ်တယ်။
ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
Zawgyi
တစ္ခ်ိဳ႕လည္းပဲ စဥ္းစားခ်င္မွ စဥ္းစားမွာ၊ဘုရားထဲမွာ ဌာပနာတယ္။ဌာပနာဆိုတာ…ထည့္သြင္းတာ၊ ထည့္သြင္းျခင္ း တည္ထား ျခင္းလို႔ အဓိပၸါယ္ရ ပါတယ္။အဲဒီေတာ့ ရတနာေတြ ဘာကိစၥဘုရားထဲမွာ ထည့္ၾကတာတုန္း။ႏိုင္ငံျခားသားေတြ အျမင္နဲ႔ၾကည္ရင္ေတာ့ ဒါဟာ အက်ိဳးမရွိဘူးလို႔ ေျပာမွာေပါ့ေနာ္။
ဒါေတြထည့္လိုက္လို႔ဘာအက်ိဳးရွိမွာတုန္း။ဘုရား႐ုပ္ပြား ဆင္းတုေတာ္ ထည့္တာေတာ့ထားပါေတာ့။ရတန ာေတြ ထည့္ တယ္၊အခု ေခတ္ည္း ထ ည့္တာပဲ။ၾက ည္ ညိဳတဲ့ပုဂၢိဳလ္ေတြက ကိုယ့္သဒၶါတရားနဲ႔ ကိုယ္ ထည့္ၾကတယ္။
ဘာအတြက္ ထည့္တာလဲဆိုေတာ့ ၾကည္ညိဳလို႔ လႉတာပဲ သိတယ္။သို႔ေသာ္…တကယ့္အစစ္အမွန္က ရည္႐ြယ္ခ်က္ ရွိတယ္။ျမတ္ စြာဘုရား ပရိနိဗၺာ န္စံတဲ့အခါ ဘုရားရဲ႕ ဓာတ္ေတာ္ေတြကို ရွစ္ျပည္ေထာင္မင္းေတြကို ခြဲေဝၿပီး ေပးလိုက္တယ္။
ဓာတ္ေတာ္ေတြက ရွစ္ျပည္ေထာင္ေတာင္ေရာက္သြားတယ္။ဒီဓာတ္ေတာ္ေတြကို အႏၲရာယ္ျဖစ္မွာစိုးလို႔အရွင္မဟာကႆပတို႔က အဇာတသတ္မင္းနဲ႔ တို င္ ပင္ၿပီးေတာ့ဓာတ္ေတာ္တိုက္ႀကီး တစ္ခုလုပ္ၿပီး ဓာတ္ေတာ္ေတြ စုထည့္ထားတယ္တဲ့။
အဲဒီလို စုထည့္ထားၿပီး အင္မတန္ တန္ဖိုးရွိတဲ့ ပတၱျမား တစ္လုံးကို အဲဒီထဲမွာ ထည့္ထားၿပီး စာေရ းထားတယ္။ ေနာင္တစ္ခ်ိ န္က်ရင္…ဒီဓာတ္ ေတာ္တိုက္ႀကီး ပ်က္စီးသြားရင္ျပင္ဆင္ဖို႔အတြက္ ေငြေၾကး မတတ္ႏိုင္ဘူးဆိုရင္ ဒီပတၱျမားတုံးႀကီးကို ေရာင္းခ်ၿပီး ျပဳျပင္ပါတဲ့။
အဲဒီေတာ့ ရတနာေတြ ထည့္သြင္းထားခဲ့တယ္ဆိုတဲ့ အဓိပၸါယ္ဟာ…သခၤါရသေဘာတရားအရ တစ္ေန႔က် ပ်က္မွာပဲ။maintenance လိုတယ္ေလ။mainte nance အတြက္ ထည့္ခဲ့တာ။ဒီလိုဆိုလို႔ရွိရင္ေတာ့ ရည္႐ြယ္ခ်က္ ေကာင္းတယ္ေပါ့။maintenance အတြက္ deposit လုပ္ထားခဲ့တာ။ဒါေတြကိုယူၿပီးဘုရား ျပ င္ ရမယ္ေပါ့။အဲဒီ ရည္႐ြယ္ခ်က္ပဲ။
ေနာက္ပိုင္းက်ေတာ့…ဒီရည္႐ြယ္ခ်က္က တျဖည္းျဖည္း ေပ်ာက္လာတဲ့ သေဘာပဲ။ျမန္မာျပည္မွာ…ကုသိုလ္ရွင္ေတြ ဆိုင္းဘုတ္ ထိုးေလ့ ရွိၾကတယ္ေလ။ဘုရာ းတံတိုင္းတို႔ ဘာတို႔ ညာတို႔ အကုန္လုံးေပါ့။ကုသိုလ္ရွင္ေတြ ဘာလို႔ ထိုးတာတုန္း..?နာမည္ ေၾကာ္ျငာတာလား။
ရည္႐ြယ္ခ်က္က ဘာလဲ။ကိုယ့္ကို လူသိေစခ်င္လို႔ ထိုးတာလား။မသိလည္း ဘာျဖစ္လဲ..?လႉတာက လႉတာပဲေပါ့။အဲဒီ ေတာ့ ဆိုင္းဘုတ္ ထိုးျခင္းရဲ႕ ရည္ ႐ြယ္ခ်က္က ဘာလဲဆိုရင္အမွ်ေဝတဲ့သေဘာ၊ ျမင္တဲ့ပုဂၢိလ္က သာဓုေခၚရေအာင္လို႔။ဒါ့ေၾကာင့္မို႔…ေရွးတုန္းက မိ သားစုေက ာင္းမႈဆို တာရဲ႕ ေနာက္ မွာ…နတ္လူ သာဓုေခၚေစေသာ္ ဆိုတာေလးပါတယ္။
အခုေခတ္ကေတာ့…အဲဒီ နတ္လူသာဓု ေခၚေစေသာ္ဆိုတာေလးေပ်ာက္သြားၿပီး နာမည္ေၾကာ္ျငာတာ ျဖစ္သြားတယ္။ဒါက ေျပာင္းလဲလာတဲ့ သ ေဘာေပါ့ေနာ္။မူရင္းအဓိပၸါယ္ ေပ်ာက္သြားၿပီးေတာ့ ေျပာင္းလဲလာတဲ့ သေဘာဟာ ဒီလိုပဲ ရွိတယ္ေပ့ါ။စၿပီးလုပ္တဲ့ အခ်ိန္ကေတာ့ အဓိပၸါယ္ရွိတယ္။ အဲဒီအဓိ ပၸ ါယ္ရွိတာေတြဟာ ေနာက္ပိုင္း အဓိပၸါယ္ မသိေတာ့ဘူး။တစ္မ်ိဳးတစ္မည္ ေျပာင္းလဲသြားတတ္တယ္။
ပါေမာကၡခ်ဳပ္ဆရာေတာ္ႀကီး
ေဒါက္တာအရွင္နႏၵမာလာဘိဝံသ