အလေးချိန် ၉ ကာရက်ရှိတဲ့စိန်အရိုင်းတုံးကြီးကို တွေ့ရှိခဲ့ပေမဲ့လည်း ၎င်းအား ဖန်ခွက်စတစ်ခုလိုသာထင်နေခဲ့တဲ့ အမျိုးသားတစ်ဦးရဲ့အဖြစ်

အမေရိကန်နိုင်ငံ၊ Arkansas ပြည်နယ်မှအမျိုးသားတစ်ဦးဟာ ကမ္ဘာ့အကြီးဆုံးစိန်များထဲမှတစ်ခုဖြစ်တဲ့ ၉ ကာရက်ရှိတဲ့စိန်တုံးတစ်တုံးအားတွေ့ရှိခဲ့ပါတယ်။

၎င်းကျောက်မျက်ရတနာအား ရှာဖွေတွေ့ရှိခဲ့သူဖြစ်တဲ့ Kevin Kinard ဟာ ၎င်းဟာ ဖန်ခွက်ရဲ့အပိုင်းအစတစ်ခုသာဖြစ်သည်ဟု ကနဦး ယူဆထားခဲ့ပါတယ်။

အသက် ၃၃ နှစ်ရှိ Kevin ဟာ ၎င်းစိန်တုံးကို Crater Diamonds State Park ၌တွေ့ရှိခဲ့တာပါ။ ၎င်းစိန်ဟာ State Park အား ၁၉၇၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ချိန်မှစ၍

ရှာဖွေတွေ့ရှိခဲ့တဲ့ ဒုတိယမြောက်အကြီးဆုံးစိန်တုံးသာဖြစ်ပါတယ်။ အမေရိကန်၌တွေ့ရှိခဲ့တဲ့ အကြီးဆုံးစိန်တုံးမှာ ၁၆.၃၇ ကာရက်ရှိတဲ့“ Amarillo Starlight” စိန်သာဖြစ်ပြီး

၎င်းကို ၁၉၇၅ ခုနှစ် သြဂုတ်လတွင် ရှာဖွေတွေ့ရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပင် Kevin ရဲ့စိန်မှာ ၉.၀၇ ကာရက်ရှိပါတယ်။

ထိုကျောက်မျက်ရတနာအရိုင်းကို“ Kinard Friendship Diamond” ဟုခေါ်ပြီး Arkansas ပြည်နယ်ရှိ ၎င်းပန်းခြံဟာ ရှာဖွေတွေ့ရှိတဲ့စိန်ကြီးများကို နာမည်ပေးရသည့်အစဉ်အလာတစ်ခုရှိပါတယ်။

ထိုနေရာတွင် စိန်များ (သို့) အခြားဓာတ်သတ္တုများရှာဖွေတွေ့ရှိတဲ့ဧည့်သည်များအားလုံးဟာ ၎င်းတို့ကို ကိုယ်တိုင်ထိန်းသိမ်းထားနိုင်ပါတယ်။

စိန်ကို တွေ့ခဲ့စဉ်က Kevin ဟာ ၎င်းကတောက်ပြောင်ပြီးစိတ်ဝင်စားစရာကောင်းသည်ဟုသာထင်ခဲ့တာကြောင့် ၎င်းအား သူ့အိတ်ထဲသို့ ထည့်ခဲ့လိုက်ပါတယ်။ Kevin ဟာ ပန်းခြံအရာရှိများကအတည်ပြုပေးလိုက်တဲ့အထိ

၎င်းဟာ စိန်တုံးဖြစ်နေမှန်းကို သူမသိနေခဲ့ပါဘူး။၎င်းအဖိုးတန်ကျောက်မျက်ရဲ့တန်ဖိုးနှင့်ပတ်သက်၍ သေချာစွာ မသိရသေးပါဘူး။ ကျောက်မျက်ရတနာကို ကျွမ်းကျင်သူတစ်ဦးက

ကိုယ်တိုင်ခန့်မှန်းပေးရန် လိုအပ်ပါသေးတယ်။ ကမ္ဘာ့အကြီးဆုံးဖြစ်တဲ့ “ Amarillo Starlight” စိန်တုံးကတော့ ၎င်းရဲ့သန့်စင်ပြီး

အလေးချိန် ၇.၅၄ ရှိပြီး ၎င်းဟာ အနည်းဆုံးဒေါ်လာ ၁၅၀,၀၀၀ တန်ဖိုးအထိ ရှိခဲ့ပါတယ်။ Arkansas ပြည်နယ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့တစ်ခုတည်းသောစိန်တွင်းအဖြစ် လူသိများပါတယ်။

လူတွေဟာ ၎င်းတို့ရဲ့အဖိုးတန်ကျောက်တုံးတွေကိုတွေ့နိုင်မလားဆိုတဲမျှော်လင့်ချက်ဖြင့် ၎င်းတို့ရဲ့ကံကြမ္မာကိုစမ်းသပ်ဖို့ ၎င်းပန်းခြံသို့ သွားရောက်ရှာဖွေလေ့ရှိကြပါတယ်။

crd

Zawgyi













crd