တစ်သက်မှာ တစ်ကြိမ်တောင်ကြုံတွေ့ရခဲတဲ့ အကြီးမားဆုံးရွှေတုံးများကို ရှာဖွေတွေ့ရှိခဲ့တဲ့ မိုင်းလုပ်သားတစ်ဦး
သင့်အနေနဲ့ မြေကြီးကိုတူးနေရင်း စိတ်ကူးယဉ်ဆန်လွန်းတဲ့သန်းချီတန်ဖိုးရှိတဲ့ရွှေတုံးတွေကို တွေ့ခဲ့ရင် သင်ဘယ်လိုဖြစ်သွားမယ်ဆိုတာ
ကို စဉ်းစားကြည့်ဖူးပါသလဲ။ သို့ပေမဲ့ ထိုကဲ့သို့သောအဖြစ်အပျက်အလား Henry Dole အမည်ရှိအမျိုးသားဟာ သြစတေးလျအနောက်
ပိုင်း Kambalda မြို့အနီးရှိ Beta Hunt သတ္တုတွင်း၌အကြီးဆုံးရွှေတုံးကိုရှာဖွေတွေ့ရှိခဲ့ရပြီး သူ့ရဲ့မျက်စိကို မယုံမကြည်ဖြစ်ခဲ့ရပါတယ်။
Dole ရှာဖွေတွေ့ရှိခဲ့တဲ့နေရာဟာ Kambalda မြို့ရှိအကြီးဆုံးရွှေမိုင်းတွင်းဘဲဖြစ်ပါတယ်။
၎င်းရှာဖွေတွေ့ရှိမှုဟာ မိုင်းလုပ်သား Dole အား ယူရိုပေါင် ၁၀ သန်း ( ဒေါ်လာ ၁၃,၀၇၇,၉၆၀) တန်ဖိုးရှိတဲ့ အလေးချိန် ၄၀ ကျောက်
(၅၆၀ ပေါင်) တိတိရှိသောရွှေကို ဖော်ထုတ်စေခဲ့ပါတယ်။ ၎င်းအပိုင်းအစများကို ဆွဲထုတ်ရန် နောက်ထပ်လူသုံးယောက်ရဲ့အကူအညီကို
လိုအပ်ခဲ့ရပါတယ်။၎င်းတွေ့ရှိမှုဟာ အလေးချိန် ၁၂.၃ ကျောက် (၁၇၂.၂ ပေါင်) သာရှိသည့်နိုင်ငံ၏ Welcome Stranger nugget ကို
အနိုင်ယူခဲ့ပါတယ်။ နောက်ပိုင်းတွင် Dole ဟာ ခန့်မှန်းခြေအားဖြင့် ယူရိုပေါင် ၁.၅ သန်း (ဒေါ်လာ ၁,၉၆၁,၆၉၄) ခန့်ရှိတဲ့ အလေးချိန် ၉.၄
ကျောက် (၁၃၃ ပေါင်) ရှိသော ဒုတိယမြောက်သတ္တုတုံးကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါသေးတယ်။အတွေ့အကြုံ ၁၆ နှစ်သက်တမ်းကျော်ရှိပြီြ
ဖစ်တဲ့ Dole က ၎င်းကြီးမားတဲ့ရွှေတူးဖော်မှုကို သူအနေနဲ့ ပထမဆုံးအကြိမ်သာတွေ့ဖူးခဲ့ပြီး သူ၏ဘဝတစ်လျှောက်လုံး၌ ဤကဲ့သို့သော
အရာကို မမြင်ဖူးခဲ့ကြောင်းပြောကြားခဲ့ပါတယ်။Dole ဟာ RNC Minerals အတွက် မြေအောက်မီတာ ၅၀၀ ခန့်တွင် အလုပ်လုပ်နေစဉ်
၎င်းမယုံနိုင်စရာကောင်းတဲ့တွေ့ရှိမှုကို ရှာဖွေတွေ့ရှိခဲ့ရတာပါ။ကုမ္ပဏီ၏အမှုဆောင်အရာရှိချုပ် Mark Selby က ထိုကဲ့သို့ကြီးကြီးမား
မားကျောက်တုံးများရှာဖွေခြင်းသည် တစ်သက်တာမှာတစ်ကြိမ်တည်းသာတွေ့ကြုံနိုင်ပြီး ၎င်းတွေ့ရှိမှုက အဆိုပါ မိုင်းတွင်း Beta Hunt
ဟာ “ အလွန်ကြီးမားသောရွှေတွင်း” တစ်ခုဖြစ်လာနိုင်ကြောင်းကို ပြသနေကြောင်း ပြောကြားခဲ့ပါတယ်။ ၎င်းအဖိုးတန်ကြီးမားလွန်းတဲ့ေ
တွ့ရှိမှုကို သတ္တုတွင်းမှသိုလှောင်ရုံသို့ သယ်ယူပို့ဆောင်ရန် လက်နက်ကိုင်အစောင့်များကို ကျမှတ်ခဲ့ရပြီး ၎င်းမိုင်းတွင်း၌လည်း လုံခြုံရေး
တိုးမြှင့်ထားခဲ့ရပါတယ်။ ၎င်းဟာ ကမ္ဘာပေါ်မှာ မယုံနိုင်လောက်စရာကောင်းအောင် ကြီးမားတဲ့ရွှေတူးဖော်မှုတစ်ခုဘဲဖြစ်ပါတယ်
Credit
Zawgyi
တစ္သက္မွာ တစ္ႀကိမ္ေတာင္ႀကဳံေတြ႕ရခဲတဲ့ အႀကီးမားဆုံးေ႐ႊတုံးမ်ားကို ရွာေဖြေတြ႕ရွိခဲ့တဲ့ မိုင္းလုပ္သားတစ္ဦး
သင့္အေနနဲ႔ ေျမႀကီးကိုတူးေနရင္း စိတ္ကူးယဥ္ဆန္လြန္းတဲ့သန္းခ်ီတန္ဖိုးရွိတဲ့ေ႐ႊတုံးေတြကို ေတြ႕ခဲ့ရင္ သင္ဘယ္လိုျဖစ္သြားမယ္ဆိုတာ
ကို စဥ္းစားၾကည့္ဖူးပါသလဲ။ သို႔ေပမဲ့ ထိုကဲ့သို႔ေသာအျဖစ္အပ်က္အလား Henry Dole အမည္ရွိအမ်ိဳးသားဟာ ၾသစေတးလ်အေနာက္
ပိုင္း Kambalda ၿမိဳ႕အနီးရွိ Beta Hunt သတၱဳတြင္း၌အႀကီးဆုံးေ႐ႊတုံးကိုရွာေဖြေတြ႕ရွိခဲ့ရၿပီး သူ႔ရဲ႕မ်က္စိကို မယုံမၾကည္ျဖစ္ခဲ့ရပါတယ္။
Dole ရွာေဖြေတြ႕ရွိခဲ့တဲ့ေနရာဟာ Kambalda ၿမိဳ႕ရွိအႀကီးဆုံးေ႐ႊမိုင္းတြင္းဘဲျဖစ္ပါတယ္။
၎ရွာေဖြေတြ႕ရွိမႈဟာ မိုင္းလုပ္သား Dole အား ယူ႐ိုေပါင္ ၁၀ သန္း ( ေဒၚလာ ၁၃,၀၇၇,၉၆၀) တန္ဖိုးရွိတဲ့ အေလးခ်ိန္ ၄၀ ေက်ာက္
(၅၆၀ ေပါင္) တိတိရွိေသာေ႐ႊကို ေဖာ္ထုတ္ေစခဲ့ပါတယ္။ ၎အပိုင္းအစမ်ားကို ဆြဲထုတ္ရန္ ေနာက္ထပ္လူသုံးေယာက္ရဲ႕အကူအညီကို
လိုအပ္ခဲ့ရပါတယ္။၎ေတြ႕ရွိမႈဟာ အေလးခ်ိန္ ၁၂.၃ ေက်ာက္ (၁၇၂.၂ ေပါင္) သာရွိသည့္ႏိုင္ငံ၏ Welcome Stranger nugget ကို
အႏိုင္ယူခဲ့ပါတယ္။ ေနာက္ပိုင္းတြင္ Dole ဟာ ခန႔္မွန္းေျခအားျဖင့္ ယူ႐ိုေပါင္ ၁.၅ သန္း (ေဒၚလာ ၁,၉၆၁,၆၉၄) ခန႔္ရွိတဲ့ အေလးခ်ိန္ ၉.၄
ေက်ာက္ (၁၃၃ ေပါင္) ရွိေသာ ဒုတိယေျမာက္သတၱဳတုံးကိုလည္း ရွာေဖြေတြ႕ရွိခဲ့ပါေသးတယ္။အေတြ႕အႀကဳံ ၁၆ ႏွစ္သက္တမ္းေက်ာ္ရွိၿပီျ
ဖစ္တဲ့ Dole က ၎ႀကီးမားတဲ့ေ႐ႊတူးေဖာ္မႈကို သူအေနနဲ႔ ပထမဆုံးအႀကိမ္သာေတြ႕ဖူးခဲ့ၿပီး သူ၏ဘ၀တစ္ေလွ်ာက္လုံး၌ ဤကဲ့သို႔ေသာ
အရာကို မျမင္ဖူးခဲ့ေၾကာင္းေျပာၾကားခဲ့ပါတယ္။Dole ဟာ RNC Minerals အတြက္ ေျမေအာက္မီတာ ၅၀၀ ခန႔္တြင္ အလုပ္လုပ္ေနစဥ္
၎မယုံႏိုင္စရာေကာင္းတဲ့ေတြ႕ရွိမႈကို ရွာေဖြေတြ႕ရွိခဲ့ရတာပါ။ကုမၸဏီ၏အမႈေဆာင္အရာရွိခ်ဳပ္ Mark Selby က ထိုကဲ့သို႔ႀကီးႀကီးမား
မားေက်ာက္တုံးမ်ားရွာေဖြျခင္းသည္ တစ္သက္တာမွာတစ္ႀကိမ္တည္းသာေတြ႕ႀကဳံႏိုင္ၿပီး ၎ေတြ႕ရွိမႈက အဆိုပါ မိုင္းတြင္း Beta Hunt
ဟာ “ အလြန္ႀကီးမားေသာေ႐ႊတြင္း” တစ္ခုျဖစ္လာႏိုင္ေၾကာင္းကို ျပသေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ၎အဖိုးတန္ႀကီးမားလြန္းတဲ့ေ
တြ႕ရွိမႈကို သတၱဳတြင္းမွသိုေလွာင္႐ုံသို႔ သယ္ယူပို႔ေဆာင္ရန္ လက္နက္ကိုင္အေစာင့္မ်ားကို က်မွတ္ခဲ့ရၿပီး ၎မိုင္းတြင္း၌လည္း လုံၿခဳံေရး
တိုးျမႇင့္ထားခဲ့ရပါတယ္။ ၎ဟာ ကမာၻေပၚမွာ မယုံႏိုင္ေလာက္စရာေကာင္းေအာင္ ႀကီးမားတဲ့ေ႐ႊတူးေဖာ္မႈတစ္ခုဘဲျဖစ္ပါတယ္
Credit