ကိုဗစ်ကာလအတွင်း ရပ်နားထားတဲ့ Taxi ယာဉ်ခေါင်မိုးတွေကို အသီးအနှံ စိုက်ခင်းအဖြစ် ပြောင်းလဲလိုက်တဲ့ ထိုင်း Taxi ကုမ္မဏီတစ်ခုက ဝန်ထမ်းများ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Soi Bang Waek (6), Phasi Charoen ခရိုင်မှာတော့ ကိုဗစ်ရောဂါကူးစက်မှုကာလအတွင်း Taxi ယာဉ်အစီးရေ (၄၀၀) နီးပါးလောက်ဟာ မထွက်ရဘဲ ရပ်နားထားခဲ့ရတာဟာ ယခုဆိုရင် (၁)နှစ်

ကျော်လောက်ရှိပြီ ဖြစ်ပါတယ်။ အချိန်ကြာမြင့်စွာ ရပ်နားထားတာကြောင့် Taxi ယာဉ်အချို့မှာအင်ဂျင်စုတ်ပြဲခြင်း၊ သံချေးတက်ခြင်း၊ တာယာများပြားချပ်လာပြီး ပျက်စီးယိုယွင်းလာတဲ့ အခြေအနေများကို ရောက်ရှိလာခဲ့ပါတယ်။

လက်ရှိမှာTaxi ယာဉ်များကို ဒီအတိုင်းထားရမယ့်အတူတူ ကုမ္မဏီ ဝန်ထမ်းတွေကတော့ ရပ်နားထားတဲ့ Taxi ယာဉ်ရဲ့ ခေါင်မိုးပေါ်တွေကို မြေကွက်အဖြစ် ပြောင်းလဲလာခဲ့ကြပါတယ်။ ဝန်ထမ်းများဟာ Taxi ယာဉ်ခေါင်မိုးပေါ်

တွေမှာ စားစရာ အသီးအနှံပင်တွေကို စိုက်ပျိုးခဲ့တဲ့အပြင် ဟောင်းနွမ်းနေတဲ့ တာယာများကိုလည်း ဖားများ မွေးမြူရေး နေရာတစ်ခုအဖြင့် လုပ်ဆောင်လာခဲ့တယ်လို့ နိုင်ငံပိုင်သတင်းများက ဖော်ပြလာတာ တွေ့ရပါတယ်။

Taxi ယာဉ်တွေကနေထွက်တဲ့ အသီးအနှံတွေကိုလည်း အလုပ်မရှိတဲ့ Taxi ယာဉ်မောင်းတွေက အခမဲ့လာရောက် ခူးယူစားသောက်နိုင်ရန် ရည်ရွယ်တယ်လို့ သိရပါတယ်။ Taxi ကုမ္မဏီတွေကတော့ အလုပ်ရပ်နားထားတဲ့

ယာဉ်မောင်တွေအတွက် Taxi ရန်ပုံငွေတစ်ခုထူထောင်ပြီး အစိုးရအနေနဲ့အရေးပေါ်ကာလတစ်ခုမှာကူညီဖို့ ငွေကြေးအကူအညီတောင်းခံမှုတွေ လုပ်ဆောင်မယ်လို့ သိရပါတယ်။ မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်.

Zawgyi





