
အစာရေစာပြတ်မူ့ဘေးမှလွတ်ကင်းလွတ်မြောက်ကြစေရန်

ဒါနကိုမိမိတတ်နိူင်သလောက်နေ့စဥ်ပြုလုပ်ပါ

အရေးကြီးတာက ဒါနပြုပြီးတိုင်းမိမိပြုခဲ့သောဒါနအတွက်ပြန်စဥ်းစားပြီး ပီတိပွားပါ ပီတိမကြာခဏဖြစ်အောင် ပြန်ပြန်စဥ်းစားပါ ကျေနပ်စိတ်ဖြစ်ပါစေ

ပီတိစိတ်တွေစုဆောင်းပါ

ဒါဆိုရင် ငတ်ပြတ်မူ့ကပ်ဘေးက နေလွတ်မြောက်ကြပါလိမ့်မယ်

ဒါနပြုတယ်ဆိုရာမှာလည်း မိမိတတ်နိူင်တာကိုလှူပါ လှူနိူင်တာကိုလှူပါ

(1)ရဟန်းသံဃာတော်တွေကို ဆွမ်း လှူပါ ဆန်လှူပါ

(2)သီလရှင်များ ယောဂီများအား ဆန် ဆီ စားစရာ ငွေကြေးလှူဒါန်းပေးပါ

(3)ဆင်းရဲသောသက်ကြီးရွယ်အိုများအား အစားအစာလှူပေးပါ

(4)မရှိဆင်းရဲသူများအား ဆန်နှင့်စားစရာလှူပေးပါ

(5) ခိုလေးတွေ ဌက်လေးတွေ လမ်းဘေးခွေးလေးတွေကို အစာကျွေးပါ

(6) ပုရွက်ဆိတ်လေးတွေကို ထမင်းလုံး ဆန် ကျွေးပါ ခြေသည်း လက်သည်းလေးတွေကျွေးပါ ထမင်းကျန် ဟင်းကျန်စွန့်ပေမယ့် စိတ်ထဲကနေ မမြင်ရတဲ့သတ္တဝါလေးတွေစားပါစေ ဆိုတဲ့စိတ်နဲ့စွန့်ပေးပါ

(7) အိမ်ရှေ့လေးမှာ ခိုတွေ ခွေးတွေသောက်ဖို့ ရေခွက်လေးထားပြီး ရေဖြည့်ဖြည့်ပေးပါ

အပေါ်ကကုသိုလ်တွေထဲကမိမိတတ်နိူင်တဲ့ကုသိုလ်ကို ပြုကြပါ ခပ်စိပ်စိပ်ပြုကြခြင်းဖြင့် အငတ်ဘေးကိုကျော်လွှားနိူင်ကြပါစေ

မေတ္တာလည်းနေ့စဥ်ပွားကြပါ ရေချိုးတဲ့အခါ ရေနဲ့မိမိခန္ဓာကိုယ်ထိလို့အေးသွားချိန်

“မြန်မာတစ်နိူင်ငံလုံးအေးချမ်းပါစေ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ” လို့မေတ္တာပို့ပေးပါ

သရဏဂုံ ကိုနေ့စဥ် ၁၁ခေါက်အနည်းဆုံးရွတ်ပေးပါ ၇ရက်သားသမီးအပေါင်း ကျန်းမာ ချမ်းသာ အေးချမ်းကြပါစေ

ကျော်ဘိုဘိုဟိန်း

Zawgyi


ဒါနကိုမိမိတတ်နိုင်သလောက်နေ့စဉ်ပြုလုပ်ပါ




ဒါနပြုတယ်ဆိုရာမှာလည်း မိမိတတ်နိုင်တာကိုလှူပါ လှူနိုင်တာကိုလှူပါ








အပေါ်ကကုသိုလ်တွေထဲကမိမိတတ်နိုင်တဲ့ကုသိုလ်ကို ပြုကြပါ ခပ်စိပ်စိပ်ပြုကြခြင်းဖြင့် အငတ်ဘေးကိုကျော်လွှားနိုင်ကြပါစေ


“မြန်မာတစ်နိုင်ငံလုံးအေးချမ်းပါစေ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ” လို့မေတ္တာပို့ပေးပါ


ကျော်ဘိုဘိုဟိန်း