မိန္းမျဖစ္သူေၾကာင့္ မိမိဝါသနာကို ရွာေတြ႕သြားၿပီး နာမည္ႀကီးလာတဲ့ လူသား

တခါတလေကျရင် ကိုယ့်ရဲ့ ဝါသနာကိုရှာမတွေ့ ပဲ ဟိုရောက်ဒီရောက် ဖြစ်နေတတ်ပါတယ်။ အဲ့ဒီလို လူမျိုးတွေအတွက်ဆိုရင် မိန်းမယူလိုက်ဖို့ အကြံပေးချင်ပါတယ်။ ခုဆိုလည်း Noel Cruz ဆိုတဲ့ ဖီလစ်ပီးနိုး-အမေရိကန် အနုပညာရှင် တစ်ယောက်ဟာဆိုရင်

မိန်းမ မရခင်အထိ ကိုယ့်ရဲ့ဝါသနာကို ရှာမတွေ့ပဲ ဟိုယောင်ဒီယောက်နဲ့ ဖြတ်သန်းခဲ့ပါတယ်။ အဲ့ဒါနဲ့ သူယူလိုက်တဲ့ မိန်းမက အရုပ်စုဆောင်းတာကို ဝါသနာပါတဲ့သူဖြစ်ပါတယ်။ တစ်နေ့ကျတော့ သူ့မိန်းမရဲ့ အရုပ်တွေကိုကြည့်ရင်းနဲ့ အကြံအဉာဏ်တစ်ခု

ရသွားပါတယ်။ အရုပ်တွေရဲ့မျက်နှာကို ဆေးခြယ်ပြီး နာမည်ကျော်ကြားတဲ့သူတွေနဲ့ တူအောင်ပြုပြင်ဖို့ပဲ ဖြစ်ပါတယ်။ ထိုကဲ့သို့ ဆေးခြယ်ခြင်းဟာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အင်မတန်ကိုခက်ခဲတဲ့ ပညာတစ်ခုလည်း ဖြစ်ပါတယ်။ အရုပ်တွေရဲ့ မျက်နှာက

အလွန်သေးပြီးတော့ ကုမ္ပဏီတွေကထုတ်တဲ့ ready made အရုပ်တွေကို သေချာပြင်ဆင်ပြီး လုပ်ရတာဖြစ်ပါတယ်။ အရုပ်တွေကို အနုပညာရှင်နဲ့တူအောင် လုပ်ဖို့အပြင် တူတဲ့အရုပ်ကိုပါ ရှာရတဲ့အတွက် ဘယ်လောက်ခက်ခဲလဲဆိုတာ စဉ်းစားကြည့်ရုံနဲ့

သိပါတယ်။ ပထမဦးဆုံးအနေနဲ့ အရုပ်တွေကို ကိုယ်တူစေချင်တဲ့ သူရဲ့အသားအရောင်ကို တူအောင်ခြယ်ရတာဖြစ်ပါတယ်။ အပြင်မှာ မိတ်ကပ်ခြယ်ပေးသလိုပဲ ခြယ်ရတာဖြစ်ပါတယ်။ ပြီးတော့ အရုပ်ရဲ့ မလိုအပ်တဲ့ နေရာတွေ ကိုယ်ပုံတူဆွဲမယ့်သူနဲ့ အရမ်းကွာခြားတဲ့ဟာတွေကို

ဖြတ်တောက်ပြီးလုပ်ရတဲ့အတွက် တစ်ခုပြီးဖို့ဆို အနည်းဆုံးနာရီ ၄၀ လောက်ကြာပါတယ်။ အဲ့ဒီလိုမျိုး သေချာခြယ်ပြီး တူအောင်လုပ်ထားတဲ့ အရုပ်တွေက တစ်ရုပ်ကို ဒေါ်လာ ၅၀၀ ကနေ ဒေါ်လာ ၄,၃၀၀ ထိကျတဲ့ အတွက် တော်တော်ဈေးကြီးတယ် လို့လည်းပြောရမှာပါတယ်။

Zawgyi

တခါတေလက်ရင္ ကိုယ့္ရဲ႕ ဝါသနာကိုရွာမေတြ႕ ပဲ ဟိုေရာက္ဒီေရာက္ ျဖစ္ေနတတ္ပါတယ္။ အဲ့ဒီလို လူမ်ိဳးေတြအတြက္ဆိုရင္ မိန္းမယူလိုက္ဖို႔ အႀကံေပးခ်င္ပါတယ္။ ခုဆိုလည္း Noel Cruz ဆိုတဲ့ ဖီလစ္ပီးႏိုး-အေမရိကန္ အႏုပညာရွင္ တစ္ေယာက္ဟာဆိုရင္

မိန္းမ မရခင္အထိ ကိုယ့္ရဲ႕ဝါသနာကို ရွာမေတြ႕ပဲ ဟိုေယာင္ဒီေယာက္နဲ႔ ျဖတ္သန္းခဲ့ပါတယ္။ အဲ့ဒါနဲ႔ သူယူလိုက္တဲ့ မိန္းမက အ႐ုပ္စုေဆာင္းတာကို ဝါသနာပါတဲ့သူျဖစ္ပါတယ္။ တစ္ေန႔က်ေတာ့ သူ႔မိန္းမရဲ႕ အ႐ုပ္ေတြကိုၾကည့္ရင္းနဲ႔ အႀကံအဉာဏ္တစ္ခု

ရသြားပါတယ္။ အ႐ုပ္ေတြရဲ႕မ်က္ႏွာကို ေဆးျခယ္ၿပီး နာမည္ေက်ာ္ၾကားတဲ့သူေတြနဲ႔ တူေအာင္ျပဳျပင္ဖို႔ပဲ ျဖစ္ပါတယ္။ ထိုကဲ့သို႔ ေဆးျခယ္ျခင္းဟာ လြယ္တဲ့ကိစၥေတာ့ မဟုတ္ပါဘူး။ အင္မတန္ကိုခက္ခဲတဲ့ ပညာတစ္ခုလည္း ျဖစ္ပါတယ္။ အ႐ုပ္ေတြရဲ႕ မ်က္ႏွာက

အလြန္ေသးၿပီးေတာ့ ကုမၸဏီေတြကထုတ္တဲ့ ready made အ႐ုပ္ေတြကို ေသခ်ာျပင္ဆင္ၿပီး လုပ္ရတာျဖစ္ပါတယ္။ အ႐ုပ္ေတြကို အႏုပညာရွင္နဲ႔တူေအာင္ လုပ္ဖို႔အျပင္ တူတဲ့အ႐ုပ္ကိုပါ ရွာရတဲ့အတြက္ ဘယ္ေလာက္ခက္ခဲလဲဆိုတာ စဥ္းစားၾကည့္႐ုံနဲ႔

သိပါတယ္။ ပထမဦးဆုံးအေနနဲ႔ အ႐ုပ္ေတြကို ကိုယ္တူေစခ်င္တဲ့ သူရဲ႕အသားအေရာင္ကို တူေအာင္ျခယ္ရတာျဖစ္ပါတယ္။ အျပင္မွာ မိတ္ကပ္ျခယ္ေပးသလိုပဲ ျခယ္ရတာျဖစ္ပါတယ္။ ၿပီးေတာ့ အ႐ုပ္ရဲ႕ မလိုအပ္တဲ့ ေနရာေတြ ကိုယ္ပုံတူဆြဲမယ့္သူနဲ႔ အရမ္းကြာျခားတဲ့ဟာေတြကို

ျဖတ္ေတာက္ၿပီးလုပ္ရတဲ့အတြက္ တစ္ခုၿပီးဖို႔ဆို အနည္းဆုံးနာရီ ၄၀ ေလာက္ၾကာပါတယ္။ အဲ့ဒီလိုမ်ိဳး ေသခ်ာျခယ္ၿပီး တူေအာင္လုပ္ထားတဲ့ အ႐ုပ္ေတြက တစ္႐ုပ္ကို ေဒၚလာ ၅၀၀ ကေန ေဒၚလာ ၄,၃၀၀ ထိက်တဲ့ အတြက္ ေတာ္ေတာ္ေဈးႀကီးတယ္ လို႔လည္းေျပာရမွာပါတယ္။