တစ္ခါသုံး ကိုယ္ဝန္ တားေဆးနဲ႔ လမ္းေဘးက ပင္လယ္စာ ေၾကာင့္ အသက္ ဆုံး႐ူံးခဲ့ရတဲ့ မိန္းကေလး (ျမန္မာျပည္မွ ျဖစ္ရပ္မွန္)

တစ်ခါသုံး ကိုယ်ဝန် တားဆေးနဲ့ လမ်းဘေးက ပင်လယ်စာ ကြောင့် အသက် ဆုံးရူံးခဲ့ရတဲ့ မိန်းကလေး (မြန်မာပြည်မှ ဖြစ်ရပ်မှန်)

ကျနော် အဖြစ်အပျက် အမှန်လေး တစ်ခုကို အား လုံး သတိ ထားရအောင်လို့ ပြောချင် ပါတယ် ဘာ ဖြစ်လို့ လဲဆိုတော့ကာ ခု တားဆေးနဲ့ ပင်လယ်စာကြောင့်မို့ အသက် ဆုံးရူံး ခဲ့ရတဲ့ ကျနော့်ရဲ့ သူငယ်ချင်း အတွဲ ဖြစ်နေတာ ကြောင့်မို့ပါ ။

ကိုဗစ်တွေ မဖြစ်ခင် 2019-12 လ ပိုင်းလောက်က ကျနော် အလုပ်လုပ် နေတဲ့ မန်းလေးကို သူငယ်ချင်းတို့ သမီးရည်းစားက အလည် လာကြပါတယ်။ လူငယ် စုံတွဲတွေ ဆိုတော့ တည်းခိုခန်း မှာ တည်းကြ တာပေါ့။ သူတို့ အတွဲက ပဲခူးဘက်က။

လူကြီးတွေ သဘောတူ ထားပေမယ့် မယူဖြစ် ကြသေး ပါဘူး။ သူတို့ ရောက်နေ တဲ့အကြောင်း ကျနော့်ဆီ ဖုန်းဆက်တော့ ညနေ အလုပ်ဆင်းရင် လာခဲ့မယ် ဆိုပြီး သူတို့ တည်းတဲ့ နေရာနား လေးကို ချိန်းလိုက်ပါတယ်။ ကျနော်နဲ့လဲ အရမ်းခင်တော့ ပွင့်ပွင့် လင်းလင်း ပါပဲ။

ဒီလိုနဲ့ ညနေရောက်တော့ သူတို့နဲ့ သွားတွေ့တယ် ဆိုင်သွား ထိုင်ရအောင် ဆိုတော့ သူ့ရဲ့ ကောင်မလေးက လမ်းဘေးက ပင်လယ်စာကြော် စားချင်တယ် လို့ ပူဆာလို့ တွေ့တဲ့ ဆိုင်မှာပဲ ထိုင်စားကြ တယ်။ ကျနော်က ယောက်ျားလေး ဆိုတော့ ဒါတွေ မကြိုက်တော့ ထမင်း ဆီဆမ်း နဲ့ ကြက်ဥကြော်ပဲ မှာ စားဖြစ် ပါတယ်။

စားနေတုန်း ကောင်မလေးက သူ့ကို တိုးတိုးကလေး ကပ်ပြောတယ်။ ပြီးတော့ ဆိုင်ရှင် ဆီကနေပြီး ရေသန့်ဗူး ရှိလား ဆိုပြီး မေးပြီးမှာ လိုက်တယ် ရေရောက် လာတော့ တခါသုံး ကိုယ်ဝန် တားဆေးကို ဖောက်ပြီး ကောင်မလေးရဲ့ လက်ထဲကို မသိမသာ ထည့်ပေး လိုက်တာ မြင်လိုက် တယ်။

ကျနော်ကတော့ မသိချင်ယောင် ဆောင်နေ လိုက်တာပေါ့ စားပြီးသောက်ပြီး ပိုက်ဆံ ရှင်းတဲ့ အချိန် ရောက်တော့ ကောင်မလေးက လက်မှာ အနီစက်တွေ ပေါင်မှာ တွေကော အစက်အပြောက်တွေ ထလာတာနဲ့ မြန်မြန်ပြန်မယ် ဆိုပြီး ထသွားကြတယ်။ ကျနော်လဲ နောက်မှ တွေ့မယ် ဆိုပြီး ပြန်ခဲ့လိုက်တယ်။

အိမ်ကို မရောက် ခင်မှာ သူငယ်ချင်း ကဖုန်းတွေ ဆက်တိုက် ခေါ်လို့ ကိုင်လိုက် တော့ သူငယ်ချင်း ငါ့ကောင်မလေး ဗိုက်တွေ အရမ်းနာနေလို့ ဘယ်ဆေးခန်း သွားရမလဲလို့ လှမ်းမေးတယ်။ ဆေးခန်းကို သွားတော့ ဆေးရုံ သွားခိုင်းတယ်။ ဒါကြောင့်မို့ နီးစပ်ရာ ဆေးရုံ သွားကြတယ်။ ဆေးရုံ မရောက်ခင်မှာပဲ ကောင်မလေးက သတိ လစ် သွားပြီ။

သူတို့ မိဘတွေဆီ လှမ်းပြော နေတုန်း ရှိသေးတယ် ကောင်မလေးက အသက် မရှိတော့ဖူး မျက်နှာမှာလဲ အနီစက်တွေ အများကြီးနဲ့ အသက် ဆုံးရူံး သွားရှာရတယ် ကျနော်လဲ တော်တော်လန့် သွားတယ်။

သူနာပြုမလေးက ဘာတွေ စားတာလဲ မေးတော့ ပင်လယ်စာ လို့ ပြော လိုက်တယ်။ ပင်လယ်စာနဲ့ ဘာနဲ့ တွဲစားတာ လဲမေးတော့ သူငယ်ချင်းက အမှန်အတိုင်း ပြောရှာတယ်။

နောက်ဆုံး သိလိုက်ရတာက တစ်ခါသုံး တားဆေးနဲ့ ဘယ်ကနေ ထုတ်မှန်း သေချာ မသိတဲ့ ပင်လယ်စာ တွေထဲမှာ ဓာတ် မတည့် ဖြစ်ပြီး Alageric ဖြစ်ပြီး အသက် ဆုံးရူံးတာလို့ သိလိုက်ရ တယ်။ အားလုံးပဲ သတိထားကြဖို့ ရေးပေးလိုက် ရပါတယ်။

ခရက်ဒစ် Shwe yaung news media

Zawgyi

တစ္ခါသုံး ကိုယ္ဝန္ တားေဆးနဲ႔ လမ္းေဘးက ပင္လယ္စာ ေၾကာင့္ အသက္ ဆုံး႐ူံးခဲ့ရတဲ့ မိန္းကေလး (ျမန္မာျပည္မွ ျဖစ္ရပ္မွန္)

က်ေနာ္ အျဖစ္အပ်က္ အမွန္ေလး တစ္ခုကို အား လုံး သတိ ထားရေအာင္လို႔ ေျပာခ်င္ ပါတယ္ ဘာ ျဖစ္လို႔ လဲဆိုေတာ့ကာ ခု တားေဆးနဲ႔ ပင္လယ္စာေၾကာင့္မို႔ အသက္ ဆုံး႐ူံး ခဲ့ရတဲ့ က်ေနာ့္ရဲ႕ သူငယ္ခ်င္း အတြဲ ျဖစ္ေနတာ ေၾကာင့္မို႔ပါ ။

ကိုဗစ္ေတြ မျဖစ္ခင္ 2019-12 လ ပိုင္းေလာက္က က်ေနာ္ အလုပ္လုပ္ ေနတဲ့ မန္းေလးကို သူငယ္ခ်င္းတို႔ သမီးရည္းစားက အလည္ လာၾကပါတယ္။ လူငယ္ စုံတြဲေတြ ဆိုေတာ့ တည္းခိုခန္း မွာ တည္းၾက တာေပါ့။ သူတို႔ အတြဲက ပဲခူးဘက္က။

လူႀကီးေတြ သေဘာတူ ထားေပမယ့္ မယူျဖစ္ ၾကေသး ပါဘူး။ သူတို႔ ေရာက္ေန တဲ့အေၾကာင္း က်ေနာ့္ဆီ ဖုန္းဆက္ေတာ့ ညေန အလုပ္ဆင္းရင္ လာခဲ့မယ္ ဆိုၿပီး သူတို႔ တည္းတဲ့ ေနရာနား ေလးကို ခ်ိန္းလိုက္ပါတယ္။ က်ေနာ္နဲ႔လဲ အရမ္းခင္ေတာ့ ပြင့္ပြင့္ လင္းလင္း ပါပဲ။

ဒီလိုနဲ႔ ညေနေရာက္ေတာ့ သူတို႔နဲ႔ သြားေတြ႕တယ္ ဆိုင္သြား ထိုင္ရေအာင္ ဆိုေတာ့ သူ႔ရဲ႕ ေကာင္မေလးက လမ္းေဘးက ပင္လယ္စာေၾကာ္ စားခ်င္တယ္ လို႔ ပူဆာလို႔ ေတြ႕တဲ့ ဆိုင္မွာပဲ ထိုင္စားၾက တယ္။ က်ေနာ္က ေယာက္်ားေလး ဆိုေတာ့ ဒါေတြ မႀကိဳက္ေတာ့ ထမင္း ဆီဆမ္း နဲ႔ ၾကက္ဥေၾကာ္ပဲ မွာ စားျဖစ္ ပါတယ္။

စားေနတုန္း ေကာင္မေလးက သူ႔ကို တိုးတိုးကေလး ကပ္ေျပာတယ္။ ၿပီးေတာ့ ဆိုင္ရွင္ ဆီကေနၿပီး ေရသန႔္ဗူး ရွိလား ဆိုၿပီး ေမးၿပီးမွာ လိုက္တယ္ ေရေရာက္ လာေတာ့ တခါသုံး ကိုယ္ဝန္ တားေဆးကို ေဖာက္ၿပီး ေကာင္မေလးရဲ႕ လက္ထဲကို မသိမသာ ထည့္ေပး လိုက္တာ ျမင္လိုက္ တယ္။

က်ေနာ္ကေတာ့ မသိခ်င္ေယာင္ ေဆာင္ေန လိုက္တာေပါ့ စားၿပီးေသာက္ၿပီး ပိုက္ဆံ ရွင္းတဲ့ အခ်ိန္ ေရာက္ေတာ့ ေကာင္မေလးက လက္မွာ အနီစက္ေတြ ေပါင္မွာ ေတြေကာ အစက္အေျပာက္ေတြ ထလာတာနဲ႔ ျမန္ျမန္ျပန္မယ္ ဆိုၿပီး ထသြားၾကတယ္။ က်ေနာ္လဲ ေနာက္မွ ေတြ႕မယ္ ဆိုၿပီး ျပန္ခဲ့လိုက္တယ္။

အိမ္ကို မေရာက္ ခင္မွာ သူငယ္ခ်င္း ကဖုန္းေတြ ဆက္တိုက္ ေခၚလို႔ ကိုင္လိုက္ ေတာ့ သူငယ္ခ်င္း ငါ့ေကာင္မေလး ဗိုက္ေတြ အရမ္းနာေနလို႔ ဘယ္ေဆးခန္း သြားရမလဲလို႔ လွမ္းေမးတယ္။ ေဆးခန္းကို သြားေတာ့ ေဆး႐ုံ သြားခိုင္းတယ္။ ဒါေၾကာင့္မို႔ နီးစပ္ရာ ေဆး႐ုံ သြားၾကတယ္။ ေဆး႐ုံ မေရာက္ခင္မွာပဲ ေကာင္မေလးက သတိ လစ္ သြားၿပီ။

သူတို႔ မိဘေတြဆီ လွမ္းေျပာ ေနတုန္း ရွိေသးတယ္ ေကာင္မေလးက အသက္ မရွိေတာ့ဖူး မ်က္ႏွာမွာလဲ အနီစက္ေတြ အမ်ားႀကီးနဲ႔ အသက္ ဆုံး႐ူံး သြားရွာရတယ္ က်ေနာ္လဲ ေတာ္ေတာ္လန႔္ သြားတယ္။

သူနာျပဳမေလးက ဘာေတြ စားတာလဲ ေမးေတာ့ ပင္လယ္စာ လို႔ ေျပာ လိုက္တယ္။ ပင္လယ္စာနဲ႔ ဘာနဲ႔ တြဲစားတာ လဲေမးေတာ့ သူငယ္ခ်င္းက အမွန္အတိုင္း ေျပာရွာတယ္။

ေနာက္ဆုံး သိလိုက္ရတာက တစ္ခါသုံး တားေဆးနဲ႔ ဘယ္ကေန ထုတ္မွန္း ေသခ်ာ မသိတဲ့ ပင္လယ္စာ ေတြထဲမွာ ဓာတ္ မတည့္ ျဖစ္ၿပီး Alageric ျဖစ္ၿပီး အသက္ ဆုံး႐ူံးတာလို႔ သိလိုက္ရ တယ္။ အားလုံးပဲ သတိထားၾကဖို႔ ေရးေပးလိုက္ ရပါတယ္။

ခရက္ဒစ္ Shwe yaung news media