အိမ္သုံး ေလေအးေပးစက္မ်ားထက္ ပိုေအးေစသည့္ သုတ္ေဆးျဖဴ

Guinness World Records book တွင် ကမ္ဘာ့အဖြူဆုံး သုတ်ဆေး စံချိန်တင်သော သုတ်ဆေးတစ်မျိုးကို အမေရိကန်နိုင်ငံမှ Purdue University တွင် သိပ္ပံပညာရှင်များက ဖန်တီးနိုင်ခဲ့ပြီး

အဆိုပါ သုတ်ဆေးအဖြူရောင်သည် ကမ္ဘာ့ပူနွေးမှုကို ဖြေရှင်းပေးနိုင်လိမ့်မည်။ Purdue University မှ စက်မှုအင်ဂျင်နီယာ ပါမောက္ခ Xiulin Ruan က ဖန်တီးထုတ်လုပ်ခဲ့သည်။

၎င်းသုတ်ဆေး၏ အဖြူရောင်သည် ၉၈.၁% အထိ နေအလင်းရောင်ကို ရောင်ပြန်လွှတ်ပေးပြီး အနီအောက် ရောင်ခြည်အပူကိုပါ ပြန်ထုတ်လွှတ်ပေးနိုင်သည်။ သို့ဖြစ်ရာ အဆောက်အဦများ

အနီးရှိ လေထုကို အေးမြအောင် ပြုပေးနေမည် ဖြစ်သည်။ နေမှ ရောက်လာသော အပူများကို စုပ်ယူမှု နည်းပါးသည်။ သို့ဖြစ်ရာ အဆောက်အဦအတွင်း အေးနေစေရန် လေအေးပေးစက် သုံးစွဲမှုကို လျှော့ချပေးနိုင်မည် ဖြစ်သည်။

ယခုအခါ စီးပွားဖြစ် ထုတ်လုပ်လျက်ရှိသော သုတ်ဆေးအဖြူရောင်သည် နေရောင်ကို ၈၀ မှ ၉၀ ရာခိုင်နှုန်းအထိသာ ရောင်ပြန်လွှတ်သည်။ “သုံးနေကျ စီးပွားဖြစ်ထုတ်လုပ်သည့် သုတ်ဆေးအဖြူသည် ပိုအေးသွားစေရမည့်အစား ပိုပူနွေးလာစေသည်။

ဈေးကွက်ထဲတွင် ရောင်းချနေသော သုတ်ဆေးများသည် အပူကို ၈၀-၉၀ရာခိုင်နှုန်းအထိသာ ပြန်လည်စွန့်ထုတ်ရန် ဒီဇိုင်းထုတ်ထားသည်။ ပတ်ဝန်းကျင်ထက် မျက်နှာပြင် ပိုအေးသွားအောင် မပြုလုပ်နိုင်ပေ” ဟု Purdue University ၏ ထုတ်ပြန်ကြေညာချက်တွင် ပြောပြထားသည်။

အမိုးဧရိယာ ၁,၀၀၀ စတုရန်းပေခန့်ကို ၎င်းသုတ်ဆေးဖြူ သုတ်ပေးထားပါက အအေးဓာတ်ပေးသည့် စွမ်းအား ၁၀ ကီလိုဝပ်အထိ ထုတ်ပေးနိုင်သည်ဟု Purdue University မှ သုတေသီက ပြောသည်။ Ruan ၏ အဆိုရ အိမ်သုံး လေအေးပေးစက်များထက် သုတ်ဆေးဖြူက ပိုအစွမ်းထက်သည်။

“ဒီစီမံကိန်းကို ကျွန်တော်တို့ လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်က စတင်ခဲ့တဲ့အခါမှာ စွမ်းအင် ချွေတာရေးနဲ့ ရာသီဥတု ပြောင်းလဲခြင်းတို့ကို စိတ်ထဲမှာ ထားရှိခဲ့ပါတယ်” ဟု Ruan က “This Is Purdue” အမည်ရှိ podcast အသံဖိုင်ထုတ်လွှင့်မှုတွင် ပြောပြထားသည်။

Source : .dnaindia.com

Zawgyi

Guinness World Records book တြင္ ကမာၻ႔အျဖဴဆုံး သုတ္ေဆး စံခ်ိန္တင္ေသာ သုတ္ေဆးတစ္မ်ိဳးကို အေမရိကန္ႏိုင္ငံမွ Purdue University တြင္ သိပၸံပညာရွင္မ်ားက ဖန္တီးႏိုင္ခဲ့ၿပီး

အဆိုပါ သုတ္ေဆးအျဖဴေရာင္သည္ ကမာၻ႔ပူေႏြးမႈကို ေျဖရွင္းေပးႏိုင္လိမ့္မည္။ Purdue University မွ စက္မႈအင္ဂ်င္နီယာ ပါေမာကၡ Xiulin Ruan က ဖန္တီးထုတ္လုပ္ခဲ့သည္။

၎သုတ္ေဆး၏ အျဖဴေရာင္သည္ ၉၈.၁% အထိ ေနအလင္းေရာင္ကို ေရာင္ျပန္လႊတ္ေပးၿပီး အနီေအာက္ ေရာင္ျခည္အပူကိုပါ ျပန္ထုတ္လႊတ္ေပးႏိုင္သည္။ သို႔ျဖစ္ရာ အေဆာက္အဦမ်ား

အနီးရွိ ေလထုကို ေအးျမေအာင္ ျပဳေပးေနမည္ ျဖစ္သည္။ ေနမွ ေရာက္လာေသာ အပူမ်ားကို စုပ္ယူမႈ နည္းပါးသည္။ သို႔ျဖစ္ရာ အေဆာက္အဦအတြင္း ေအးေနေစရန္ ေလေအးေပးစက္ သုံးစြဲမႈကို ေလွ်ာ့ခ်ေပးႏိုင္မည္ ျဖစ္သည္။

ယခုအခါ စီးပြားျဖစ္ ထုတ္လုပ္လ်က္ရွိေသာ သုတ္ေဆးအျဖဴေရာင္သည္ ေနေရာင္ကို ၈၀ မွ ၉၀ ရာခိုင္ႏႈန္းအထိသာ ေရာင္ျပန္လႊတ္သည္။ “သုံးေနက် စီးပြားျဖစ္ထုတ္လုပ္သည့္ သုတ္ေဆးအျဖဴသည္ ပိုေအးသြားေစရမည့္အစား ပိုပူေႏြးလာေစသည္။

ေဈးကြက္ထဲတြင္ ေရာင္းခ်ေနေသာ သုတ္ေဆးမ်ားသည္ အပူကို ၈၀-၉၀ရာခိုင္ႏႈန္းအထိသာ ျပန္လည္စြန႔္ထုတ္ရန္ ဒီဇိုင္းထုတ္ထားသည္။ ပတ္ဝန္းက်င္ထက္ မ်က္ႏွာျပင္ ပိုေအးသြားေအာင္ မျပဳလုပ္ႏိုင္ေပ” ဟု Purdue University ၏ ထုတ္ျပန္ေၾကညာခ်က္တြင္ ေျပာျပထားသည္။

အမိုးဧရိယာ ၁,၀၀၀ စတုရန္းေပခန႔္ကို ၎သုတ္ေဆးျဖဴ သုတ္ေပးထားပါက အေအးဓာတ္ေပးသည့္ စြမ္းအား ၁၀ ကီလိုဝပ္အထိ ထုတ္ေပးႏိုင္သည္ဟု Purdue University မွ သုေတသီက ေျပာသည္။ Ruan ၏ အဆိုရ အိမ္သုံး ေလေအးေပးစက္မ်ားထက္ သုတ္ေဆးျဖဴက ပိုအစြမ္းထက္သည္။

“ဒီစီမံကိန္းကို ကြၽန္ေတာ္တို႔ လြန္ခဲ့တဲ့ ခုနစ္ႏွစ္ေလာက္က စတင္ခဲ့တဲ့အခါမွာ စြမ္းအင္ ေခြၽတာေရးနဲ႔ ရာသီဥတု ေျပာင္းလဲျခင္းတို႔ကို စိတ္ထဲမွာ ထားရွိခဲ့ပါတယ္” ဟု Ruan က “This Is Purdue” အမည္ရွိ podcast အသံဖိုင္ထုတ္လႊင့္မႈတြင္ ေျပာျပထားသည္။

Source : .dnaindia.com