ကားပျံတွေ ၊ Jetpack အသုံးပြုပြီး ပျံသန်းနိုင်သော လူ (လူပျံ)တွေဟာ လမ်းကြောင်းတစ်ခုပေါ် ရောက်ရှိနေပြီဖြစ်ပါတယ်။ ဆိုင်ကယ်ပျံတွေလည်း လမ်းကြောင်းပေါ် ရောက်လာရမှာပေါ့။
ကလီဖိုးနီးယားအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Jetpack Aviation ဟာ ဂျက်အင်ဂျင်တပ်ဆင်ထားသော Speeder ဆိုတဲ့ ပျံသန်းနိုင်သောဆိုင်ကယ်ရှေ့ပြေးပုံစံကို အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပြီးဖြစ်ပါတယ်။
Jetpack Aviation ဟာ Speeder ဆိုင်ကယ်ပျံအတွက် လိုအပ်တဲ့ပျံသန်းမှုဆိုင်ထိန်းချုပ်ဖို့ ၎င်းတို့ရဲ့ကိုယ်ပိုင် ဆော့ဝဲပရိုဂရမ်တွေကို စောင့်ကြည့်ရန်နှင့် တွန်ကန်အားကိုချိန်ညှိရန်တို့ကို
၁၈ လကြာစမ်းသပ်ခဲ့တဲ့ အကျိုးကျေးဇူးကြောင့် ပထမဆုံး ဆိုင်ကယ်ပျံရှေ့ပြေးပုံစံကို အောင်မြင်စွာစမ်းသပ်ပျံသန်းနိုင်ခဲ့ တာပဲဖြစ်ပါတယ်။
Speeder ဆိုင်ကယ်ပျံ ရှေ့ပြေးပုံစံ
၎င်းဆော့ဝဲများဟာ Speederကို လေပေါ်တွင် ပျံသန်းနေစဉ်အလိုအလျောက်တည်ငြိမ်စေပြီး မြေပြင်ပေါ်သို့ဆင်းသက်ရာတွင် ပုံမှန်မော်တော်ဆိုင်ကယ်အဖြစ် လုပ်ဆောင်ရန်ခွင့်ပြုထားပါတယ်။
ကုမ္ပဏီဟာ ဆိုင်ကယ်ပျံကို နေ့စဉ်အသုံးပြုသူများအတွက် ပုံစံနှစ်မျိုးနဲ့ထုတ်လုပ်ဖို့စီစဉ်နေပါတယ်။ အလွန်ပေါ့သောပုံစံနှင့် နောက်ပုံစံတစ်ခုကတော့ စမ်းသပ်နေဆဲဖြစ်ပါတယ်။
အလွန်ပေါ့ပါးသောပုံစံမှာတော့ FAA ရဲ့ ကန့်သတ်ထားတဲ့ဉပဒေကြောင့် တစ်နာရီကိုမိုင် ၆၀ နှုန်းနှင့် ပျံသန်းချိန်ကတော့ ၁၅ မိနစ်ပါ။ ပိုင်းလော့လိုင်စင်တော့ မလိုအပ်ပါဘူး။ စမ်းသပ်နေဆဲ ပုံစံမှာတော့
ပျံသန်းဖို့အတွက် အခြေခံပိုင်းလော့လိုင်စင် လိုအပ်ပါတယ်။ ဒီဗားရှင်းမှာတော့ ပျံသန်းချိန် ၃၅ မိနစ်ခန့်နှင့်အတူ အမြန်နှုန်းကတစ်နာရီကို မိုင် ၂၅၀ နီးပါးနှုန်းဖြင့် ပျံသန်းမောင်းနှင်နိုင်မှာဖြစ်ပါတယ်။
Speeder ဆိုင်ကယ်ပျံရဲ့မူလဒီဇိုင်းတွင် တာဘိုင်ဂျက်အင် ၄ လုံးတပ်ဆင်ထားသော်လည်း နောက်ဆုံးထုတ်လုပ်မှုမှာတော့ ပိုပြီးဘေးကင်းလုံခြုံမှုရှိရန် အင်ဂျင် ၈ လုံးကို ဆိုင်ကယ်ရဲ့ ထောင့်လေးထောင့်မှာ ထောင့်တစ်ခုစီတွင် ၂ လုံးစီတပ်ဆင်ထားမှာဖြစ်ပါတယ်။
အကြမ်းဖျင်းအားဖြင့် ပေါင် ၃၀၀ ခန့်ရှိသော Speeder ဟာ ပေါင် ၆၀၀ သယ်ဆောင်နိုင်ပြီး ထိန်းချုပ်ဖို့လက်ကိုင်၊ ၁၂ လက်မရှိတဲ့ လမ်းကြောင်းပြမျက်နှာပြင်တစ်ခုနှင့် ရေဒီယို စနစ်များလည်း ပါရှိမှာဖြစ်ပါတယ်။
အဆင့်မြင့်တင်ထားတဲ့ Speeder 2.0 ဗားရှင်းရဲ့ ရှေ့ပြေးပုံစံကိုလည်း ၂၀၂၂ ခုနှစ် အစောပိုင်းတွင် စတင်စမ်းသပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်လို့ဆိုပါတယ်။ နောက်ပိုင်းစမ်းသပ်ထုတ်လုပ်မှုများတွင် ၁၀၀ ရာခိုင်နှုန်း ကာဗွန်ထုတ်လွတ်မှုမရှိတဲ့ လောင်စာကိုအသုံးပြုဖို့လည်း ရည်ရွယ်ထားပါတယ်။
Speeder ဆိုင်ကယ်ပျံရှေ့ပြေးပုံစံ
အနာဂါတ်မှာ စစ်တပ်နှင့်ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများအတွက် အသုံးပြုနိုင်မည့်ဒီဇိုင်းပုံစံတွေပါ ထုတ်လုပ်မည်ဟုဆိုပါတယ်။ ၎င်းဗားရှင်းမှာတော့ အကွာအဝေးတိုးမြှင့်ပျံသန်းနိုင်ဖို့၊
မီးငြိမ်းသတ်ဖို့၊ဆေးဘက်ဆိုင်ရာပုဂ္ဂိုလ်များနှင့်ပစ္စည်းမျာ သယ်ဆောင်သိုလှောင်ဖို့ သို့မဟုတ် ဒဏ်ရာရခရီးသည်များ သယ်ဆောင်ဖို့အတွက် ဖြုတ်နိုင်တပ်နိုင်သော အတောင်ပံများ ပါရှိမှာဖြစ်ပါတယ်။
ကုမ္ပဏီဟာ Speeder ဆိုင်ကယ်ပျံအတွက် ကနဦးဈေးနှုန်းကို ဒေါ်လာ ၃၈၁,၀၀၀ သတ်မှတ်ထားပြီး ကြိုတင်မှာယူမှုများကို စတင်လက်ခံနေပြီဖြစ်ပါတယ်။ ၂၀၂၃ မှာစတင်ဖြန့်ဖြူးဖို့ စီစဉ်ထားပါတယ်လို့ဆိုပါတယ်။ crd,
Zawgyi
ကားပ်ံေတြ ၊ Jetpack အသုံးျပဳၿပီး ပ်ံသန္းႏိုင္ေသာ လူ (လူပ်ံ)ေတြဟာ လမ္းေၾကာင္းတစ္ခုေပၚ ေရာက္ရွိေနၿပီျဖစ္ပါတယ္။ ဆိုင္ကယ္ပ်ံေတြလည္း လမ္းေၾကာင္းေပၚ ေရာက္လာရမွာေပါ့။
ကလီဖိုးနီးယားအေျခစိုက္ ကုမၸဏီတစ္ခုျဖစ္တဲ့ Jetpack Aviation ဟာ ဂ်က္အင္ဂ်င္တပ္ဆင္ထားေသာ Speeder ဆိုတဲ့ ပ်ံသန္းႏိုင္ေသာဆိုင္ကယ္ေရွ႕ေျပးပုံစံကို ေအာင္ျမင္စြာ စမ္းသပ္ပ်ံသန္းႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။
Jetpack Aviation ဟာ Speeder ဆိုင္ကယ္ပ်ံအတြက္ လိုအပ္တဲ့ပ်ံသန္းမႈဆိုင္ထိန္းခ်ဳပ္ဖို႔ ၎တို႔ရဲ႕ကိုယ္ပိုင္ ေဆာ့ဝဲပ႐ိုဂရမ္ေတြကို ေစာင့္ၾကည့္ရန္ႏွင့္ တြန္ကန္အားကိုခ်ိန္ညႇိရန္တို႔ကို
၁၈ လၾကာစမ္းသပ္ခဲ့တဲ့ အက်ိဳးေက်းဇူးေၾကာင့္ ပထမဆုံး ဆိုင္ကယ္ပ်ံေရွ႕ေျပးပုံစံကို ေအာင္ျမင္စြာစမ္းသပ္ပ်ံသန္းႏိုင္ခဲ့ တာပဲျဖစ္ပါတယ္။
Speeder ဆိုင္ကယ္ပ်ံ ေရွ႕ေျပးပုံစံ
၎ေဆာ့ဝဲမ်ားဟာ Speederကို ေလေပၚတြင္ ပ်ံသန္းေနစဥ္အလိုအေလ်ာက္တည္ၿငိမ္ေစၿပီး ေျမျပင္ေပၚသို႔ဆင္းသက္ရာတြင္ ပုံမွန္ေမာ္ေတာ္ဆိုင္ကယ္အျဖစ္ လုပ္ေဆာင္ရန္ခြင့္ျပဳထားပါတယ္။
ကုမၸဏီဟာ ဆိုင္ကယ္ပ်ံကို ေန႔စဥ္အသုံးျပဳသူမ်ားအတြက္ ပုံစံႏွစ္မ်ိဳးနဲ႔ထုတ္လုပ္ဖို႔စီစဥ္ေနပါတယ္။ အလြန္ေပါ့ေသာပုံစံႏွင့္ ေနာက္ပုံစံတစ္ခုကေတာ့ စမ္းသပ္ေနဆဲျဖစ္ပါတယ္။
အလြန္ေပါ့ပါးေသာပုံစံမွာေတာ့ FAA ရဲ႕ ကန႔္သတ္ထားတဲ့ဉပေဒေၾကာင့္ တစ္နာရီကိုမိုင္ ၆၀ ႏႈန္းႏွင့္ ပ်ံသန္းခ်ိန္ကေတာ့ ၁၅ မိနစ္ပါ။ ပိုင္းေလာ့လိုင္စင္ေတာ့ မလိုအပ္ပါဘူး။ စမ္းသပ္ေနဆဲ ပုံစံမွာေတာ့
ပ်ံသန္းဖို႔အတြက္ အေျခခံပိုင္းေလာ့လိုင္စင္ လိုအပ္ပါတယ္။ ဒီဗားရွင္းမွာေတာ့ ပ်ံသန္းခ်ိန္ ၃၅ မိနစ္ခန္႔ႏွင့္အတူ အျမန္ႏႈန္းကတစ္နာရီကို မိုင္ ၂၅၀ နီးပါးႏႈန္းျဖင့္ ပ်ံသန္းေမာင္းႏွင္ႏိုင္မွာျဖစ္ပါတယ္။
Speeder ဆိုင္ကယ္ပ်ံရဲ႕မူလဒီဇိုင္းတြင္ တာဘိုင္ဂ်က္အင္ ၄ လုံးတပ္ဆင္ထားေသာ္လည္း ေနာက္ဆုံးထုတ္လုပ္မႈမွာေတာ့ ပိုၿပီးေဘးကင္းလုံၿခဳံမႈရွိရန္ အင္ဂ်င္ ၈ လုံးကို ဆိုင္ကယ္ရဲ႕ ေထာင့္ေလးေထာင့္မွာ ေထာင့္တစ္ခုစီတြင္ ၂ လုံးစီတပ္ဆင္ထားမွာျဖစ္ပါတယ္။
အၾကမ္းဖ်င္းအားျဖင့္ ေပါင္ ၃၀၀ ခန႔္ရွိေသာ Speeder ဟာ ေပါင္ ၆၀၀ သယ္ေဆာင္ႏိုင္ၿပီး ထိန္းခ်ဳပ္ဖို႔လက္ကိုင္၊ ၁၂ လက္မရွိတဲ့ လမ္းေၾကာင္းျပမ်က္ႏွာျပင္တစ္ခုႏွင့္ ေရဒီယို စနစ္မ်ားလည္း ပါရွိမွာျဖစ္ပါတယ္။
အဆင့္ျမင့္တင္ထားတဲ့ Speeder 2.0 ဗားရွင္းရဲ႕ ေရွ႕ေျပးပုံစံကိုလည္း ၂၀၂၂ ခုႏွစ္ အေစာပိုင္းတြင္ စတင္စမ္းသပ္ႏိုင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္လို႔ဆိုပါတယ္။ ေနာက္ပိုင္းစမ္းသပ္ထုတ္လုပ္မႈမ်ားတြင္ ၁၀၀ ရာခိုင္ႏႈန္း ကာဗြန္ထုတ္လြတ္မႈမရွိတဲ့ ေလာင္စာကိုအသုံးျပဳဖို႔လည္း ရည္႐ြယ္ထားပါတယ္။
Speeder ဆိုင္ကယ္ပ်ံေရွ႕ေျပးပုံစံ
အနာဂါတ္မွာ စစ္တပ္ႏွင့္ျပည္သူ႔လုံၿခဳံေရးအဖြဲ႕အစည္းမ်ားအတြက္ အသုံးျပဳႏိုင္မည့္ဒီဇိုင္းပုံစံေတြပါ ထုတ္လုပ္မည္ဟုဆိုပါတယ္။ ၎ဗားရွင္းမွာေတာ့ အကြာအေဝးတိုးျမႇင့္ပ်ံသန္းႏိုင္ဖို႔၊
မီးၿငိမ္းသတ္ဖို႔၊ေဆးဘက္ဆိုင္ရာပုဂၢိဳလ္မ်ားႏွင့္ပစၥည္းမ်ာ သယ္ေဆာင္သိုေလွာင္ဖို႔ သို႔မဟုတ္ ဒဏ္ရာရခရီးသည္မ်ား သယ္ေဆာင္ဖို႔အတြက္ ျဖဳတ္ႏိုင္တပ္ႏိုင္ေသာ အေတာင္ပံမ်ား ပါရွိမွာျဖစ္ပါတယ္။
ကုမၸဏီဟာ Speeder ဆိုင္ကယ္ပ်ံအတြက္ ကနဦးေဈးႏႈန္းကို ေဒၚလာ ၃၈၁,၀၀၀ သတ္မွတ္ထားၿပီး ႀကိဳတင္မွာယူမႈမ်ားကို စတင္လက္ခံေနၿပီျဖစ္ပါတယ္။ ၂၀၂၃ မွာစတင္ျဖန္႔ျဖဴးဖို႔ စီစဥ္ထားပါတယ္လို႔ဆိုပါတယ္။ crd,