ထိုင္းႏိုင္ငံက အမ်ိဳးသမီးပုံစံ အသီးေတြသီးတဲ့ ထူးဆန္းတဲ့ သစ္ပင္ရဲ႕ရာဇဝင္

ထိုင်းနိုင်ငံမှာ ပေါက်ရောက်လျှက်ရှိတဲ့ သစ်ပင်တစ်ပင်ကနေ အမျိူးသမီးတစ်ယောက်ရဲ့ပုံစံ အသီးတွေသီးနေတဲ့ သတင်းဟာ ဒီတစ်ပတ်မှာတော့ စိတ်ဝင်စားစရာ အကောင်းဆုံးသတင်း ဖြစ်မယ်ထင်ပါတယ်။

ဒီလိုအပင်မျိုးကို မြန်မာ့ဒဏ္ဍာရီပုံပြင်တွေထဲမှာလည်း ရှိခဲ့ဖူးပြီး သူယောင်မယ်အပင်လို့ခေါ်ခဲ့ပါတယ်။ ဒီအပင်ကို ထိုင်းဘာသာ စကားနဲ့ Nariphon လို့ခေါ်ကြပြီး သူ့မှာလည်းဒဏ္ဍာရီတွေ ရှိခဲ့ပါတယ်။

ဒီအပင်ဟာ ထိုင်းရိုးရာဒဏ္ဍာရီပုံပြင်တွေထဲမှာ ပါလေ့ရှိတဲ့ ဒဏ္ဍာရီဆန်ဆန် Himaphan ဆိုတဲ့ တောအုပ်ကြီးပေါက် ရောက်ခဲ့တယ်လို့ လူတွေကပါးစပ်ရာဇဝင် ပြောခဲ့ကြပြီး ဒီမတိုင်ခင်အထိတော့ ဘယ်သူမှ တိတိကျကျမမြင်ဖူးခဲ့ပါဘူး။

ထိုင်းရိုးရာပုံပြင်ထဲမှာတော့ နတ်ဘုရားတစ်ပါးဖြစ်တဲ့ Indra နဲ့ သူ့ဇနီး Vessantara တို့ဟာ တောနက်ထဲက အိမ်တစ်လုံးမှာ ကလေးနှစ်ယောက်နဲ့အတူ နေထိုင်ခဲ့ကြပါတယ်။

တစ်ရက်မှာဇနီးဖြစ်သူ Vessantara ဟာ တောထဲမှာအစာရှာ သွားရင်း အစွမ်းထက်တဲ့ယောက်ျားမိစ္ဆာတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီး အစာတွေကိုစွန့်ချကာ ထွက်ပြေးခဲ့ရပါတယ်။ အဲဒီအခါမှာ Indra က

ယခုကဲ့သို့သော လူမိန်းမပုံစံ သီးတဲ့အပင် (၁၂)ပင်ကိုဖန်းဆင်းပြီး ဇနီးဖြစ်သူကို လိုက်လံတိုက်ခိုက်တဲ့ အမျိုးသားတွေကို ဖျားယောင်းခဲ့ပါတယ်။အဲဒီအမျိုးသားတွေဟာ Indra ဖန်ဆင်းပေးလိုက်တဲ့

အပင် တွေကိုသယ်သွားပြီး အသီးကနေဖြစ်ပေါ်လာတဲ့ အမျိုးသမီး တွေနဲ့ ကာမဂုဏ်အာရုံခံစားကာ လေးလအထိအိပ်ပျော်သွားခဲ့ပါတယ်။အဲဒီနောက် အိပ်ယာကပြန်နိုးတဲ့အခါ မိစ္ဆာယောက်ျားတွေမှာ အစွမ်းသတ္တိတွေ လုံးဝမရှိတော့ဘဲ ပကတိလူသားအတိုင်း ဖြစ်သွာခဲ့တယ်လို့ ပုံပြင်ကဆိုပါတယ်။

ထိုင်းတွေဟာ Indra နဲ့ သူ့ဇနီး Vessantara တို့ ကွယ်လွန်သွားပေမယ့် အဲဒီထူးဆန်းတဲ့အပင်တွေဟာ ဆက်လက်ရှင်သန်ပြီး မိန်းမပုံစံအသီးတွေကို သီးနေသေးတယ်လို့ ခေတ် အဆက်ဆက်က ယူဆခဲ့ကြပါတယ်။ ယခုအခါမှာတော့ သူတို့ရဲ့ ယူဆချက်တွေ မှန်ကန်ပြီလို့ပြောရမလားဆိုတာ?

ထိုင်းနိုင်ငံမှာပေါက်ရောက်လျှက်ရှိတဲ့ သစ်ပင်တစ်ပင်ကနေ အမျိူးသမီးတစ်ယောက်ရဲ့ပုံစံ အသီးတွေသီးနေတဲ့သတင်းဟာ ဒီတစ်ပတ်မှာတော့ စိတ်ဝင်စားစရာ အကောင်းဆုံးသတင်း ဖြစ်မယ်ထင်ပါတယ်။ ဒီလိုအပင်မျိုးကို မြန်မာ့ဒဏ္ဍာရီပုံပြင်တွေ ထဲမှာလည်း ရှိခဲ့ဖူးပြီး သူယောင်မယ်အပင်လို့ ခေါ်ခဲ့ပါတယ်။

Credit

Zawgyi

ထိုင္းႏိုင္ငံမွာ ေပါက္ေရာက္လွ်က္ရွိတဲ့ သစ္ပင္တစ္ပင္ကေန အမ်ိဴးသမီးတစ္ေယာက္ရဲ႕ပုံစံ အသီးေတြသီးေနတဲ့ သတင္းဟာ ဒီတစ္ပတ္မွာေတာ့ စိတ္ဝင္စားစရာ အေကာင္းဆုံးသတင္း ျဖစ္မယ္ထင္ပါတယ္။

ဒီလိုအပင္မ်ိဳးကို ျမန္မာ့ဒ႑ာရီပုံျပင္ေတြထဲမွာလည္း ရွိခဲ့ဖူးၿပီး သူေယာင္မယ္အပင္လို႔ေခၚခဲ့ပါတယ္။ ဒီအပင္ကို ထိုင္းဘာသာ စကားနဲ႔ Nariphon လို႔ေခၚၾကၿပီး သူ႔မွာလည္းဒ႑ာရီေတြ ရွိခဲ့ပါတယ္။

ဒီအပင္ဟာ ထိုင္း႐ိုးရာဒ႑ာရီပုံျပင္ေတြထဲမွာ ပါေလ့ရွိတဲ့ ဒ႑ာရီဆန္ဆန္ Himaphan ဆိုတဲ့ ေတာအုပ္ႀကီးေပါက္ ေရာက္ခဲ့တယ္လို႔ လူေတြကပါးစပ္ရာဇဝင္ ေျပာခဲ့ၾကၿပီး ဒီမတိုင္ခင္အထိေတာ့ ဘယ္သူမွ တိတိက်က်မျမင္ဖူးခဲ့ပါဘူး။

ထိုင္း႐ိုးရာပုံျပင္ထဲမွာေတာ့ နတ္ဘုရားတစ္ပါးျဖစ္တဲ့ Indra နဲ႔ သူ႔ဇနီး Vessantara တို႔ဟာ ေတာနက္ထဲက အိမ္တစ္လုံးမွာ ကေလးႏွစ္ေယာက္နဲ႔အတူ ေနထိုင္ခဲ့ၾကပါတယ္။

တစ္ရက္မွာဇနီးျဖစ္သူ Vessantara ဟာ ေတာထဲမွာအစာရွာ သြားရင္း အစြမ္းထက္တဲ့ေယာက္်ားမိစာၦေတြရဲ႕ တိုက္ခိုက္မႈကို ခံခဲ့ရၿပီး အစာေတြကိုစြန႔္ခ်ကာ ထြက္ေျပးခဲ့ရပါတယ္။ အဲဒီအခါမွာ Indra က

ယခုကဲ့သို႔ေသာ လူမိန္းမပုံစံ သီးတဲ့အပင္ (၁၂)ပင္ကိုဖန္းဆင္းၿပီး ဇနီးျဖစ္သူကို လိုက္လံတိုက္ခိုက္တဲ့ အမ်ိဳးသားေတြကို ဖ်ားေယာင္းခဲ့ပါတယ္။အဲဒီအမ်ိဳးသားေတြဟာ Indra ဖန္ဆင္းေပးလိုက္တဲ့

အပင္ ေတြကိုသယ္သြားၿပီး အသီးကေနျဖစ္ေပၚလာတဲ့ အမ်ိဳးသမီး ေတြနဲ႔ ကာမဂုဏ္အာ႐ုံခံစားကာ ေလးလအထိအိပ္ေပ်ာ္သြားခဲ့ပါတယ္။အဲဒီေနာက္ အိပ္ယာကျပန္ႏိုးတဲ့အခါ မိစာၦေယာက္်ားေတြမွာ အစြမ္းသတၱိေတြ လုံး၀မရွိေတာ့ဘဲ ပကတိလူသားအတိုင္း ျဖစ္သြာခဲ့တယ္လို႔ ပုံျပင္ကဆိုပါတယ္။

ထိုင္းေတြဟာ Indra နဲ႔ သူ႔ဇနီး Vessantara တို႔ ကြယ္လြန္သြားေပမယ့္ အဲဒီထူးဆန္းတဲ့အပင္ေတြဟာ ဆက္လက္ရွင္သန္ၿပီး မိန္းမပုံစံအသီးေတြကို သီးေနေသးတယ္လို႔ ေခတ္ အဆက္ဆက္က ယူဆခဲ့ၾကပါတယ္။ ယခုအခါမွာေတာ့ သူတို႔ရဲ႕ ယူဆခ်က္ေတြ မွန္ကန္ၿပီလို႔ေျပာရမလားဆိုတာ?

ထိုင္းႏိုင္ငံမွာေပါက္ေရာက္လွ်က္ရွိတဲ့ သစ္ပင္တစ္ပင္ကေန အမ်ိဴးသမီးတစ္ေယာက္ရဲ႕ပုံစံ အသီးေတြသီးေနတဲ့သတင္းဟာ ဒီတစ္ပတ္မွာေတာ့ စိတ္ဝင္စားစရာ အေကာင္းဆုံးသတင္း ျဖစ္မယ္ထင္ပါတယ္။ ဒီလိုအပင္မ်ိဳးကို ျမန္မာ့ဒ႑ာရီပုံျပင္ေတြ ထဲမွာလည္း ရွိခဲ့ဖူးၿပီး သူေယာင္မယ္အပင္လို႔ ေခၚခဲ့ပါတယ္။

Credit