မဟာဗောဓိမြိုင်ဆရာတော်ကို ဘာကြောင့် လူအုပ်ကြီးက လာရောက် လှုဒါန်း ကြည်ညို
ဖူးမျှော်ကြတာလည်း ဆိုရင်
“သံဃာဂုဏ်တော် ပြည့်စုံသောကြောင့် ” လို့ အကျဉ်းအားဖြင့် အဖြေပေးရလိမ့်မယ် ထင်ပါတယ်။
သံဃာ့ဂုဏ်တော်တွေထဲမှာအကြောင်း ဂုဏ်လေးပါးရှိပါတယ်။
၁။ အကျင့်ကို ကောင်းကောင်း ကျင့်ခြင်း
၂ အကျင့်ကို တဖြောင့်တည်း ကျင့်ခြင်း
၃။နိဗ္ဗာန်ကို သိဖို့ပဲ ကျင့်နေခြင်း
၄။ အကျင့်မြတ်ကို ရိုရိုသေသေ ကျင့်ခြင်း
ဒီလေးပါးလုံးပြည့်စုံတာကလည်း ပထမမဂ်ဖိုလ်ရ -ဒုတိယ – တတိယ – စတုတ်ထ မဂျဖိုလျ ရ အတွဲလိုက် အရိယာပုဂ္ဂိုလ်၄ယောက်
ပထမဖိုလ်ပုဂ္ဂိုလ် ၁
ဒီလိုခွဲ ရင် အရိယာ ၈ယောက်ကပဲ ပြည်စုံအောင် ကျင့်နိုင်ကြပါတယ်။အဲဒီ အရိယာ (စိတ်ဖြူစင်ပြီး ) ပုဂ္ဂိုလ်များဟာအကျိုး ၅မျိုး တောက်လျောက် ရတော့တာပါပဲ။
၁။ အဝေးက နေ လာရောက်ပူဇော် တာ ခံရခြင်း
၂။ ဧည့်သည် တို့အတွက် အထူးစီမံထားတဲ့အရာ တို့ဖြင့်လည်း ပူဇော်တာ ခံရခြင်း
၃။ သံသရာအတွက် ရည်စူး လှူတာ ခံရခြင်း
၄။လူအများ၏ လက်အုပ်ချီးမိုးတာ ခံရခြင်း
၅။ လူနတ်ဗြဟ္မာတို့၏ မြတ်သောကုသိုလ်မျိုးစေ့ ကျဲချရာ လယ်ယာမြေ သဖွယ်ဖြစ်ခြင်း ဆိုတဲ့ အကျိုး သံဃာ့ဂုဏ် ၅ ပါးတို့ကပ်လျက် အကျိုး ရတော့တာ အမှန်ပါပဲ။
ဒါဆို ဆန်းစစ်ကြစို့.. သံဃာဂုဏ်တော် ၉ ပါးကို သုံးပိုင်းခွဲမယ်ဆိုရင်
၁။ အကြောင်းလေးပါး က ကျင့်ရမယ်
၂။ အရိယာ ပုဂ္ဂိုလ် ဖြစ်သွားမယ်
၃။ အကျိုး ၅ မျိုး ရမယ်
ဒါက ဘယ်ပုဂ္ဂိုလ် ကျင်ကျင့်ဘုရားလက်ထက်က အစယနေ့ခေတ်တိုင်အောင်ကျင့်၍အရိယာပုဂ္ဂိုလ်များ ရတဲ့ အကျိုးမုချ ကိန်းသေ တဲ့သံဃာ့ဂုဏ်တော်များ ဖြစ်ပါတယ်။
ဒီဂုဏ်တော် ၉ ပါးနဲ့ မဟာဗောဓိမြိုင် ဆရာတော်ကြီးကိုက်ညီမှု ရှိ မရှိ တိုက်ကြည့်မယ်ဆိုရင်
အံကိုက် ကွက်တိ ဖြစ်နေတာတွေ့ရပါလိမ်မယ်
ဒါ့ကြောင့် ဆရာတော်ကြီးဟာလူအများ၏ လှုဒါန်း ရှိခိုး ပူဇော်တာခံနေရခြင်း ဖြစ်တယ်လို့ ဆိုချင်ပါတယ်။
ကိုယ့်ဟာကို စစ်ကြအုံးစို့
၁။ အကြောင်း သံဃာဂုဏ် လေးပါး ကျင့်ပါရဲ့လားပြည်စုံပါရဲ့လား
၂။ စိတ် ဖြူစင် (ကိလေသာကင်း)ပါရဲ့လား
၃။ အကျိုး သံဃာဂုဏ် ၅ ပါး ရပါရဲ့လား အကျိုးတရားတို့ မရဘူးဆိုရင် အကြောင်း တရားတို့ မပြည်စုံသေးလို့ပဲ လို့ မှတ်ယူရမှာပဲ မဟုတ်ပါလား?
ကိုယ်တို့ ပုထုဇဉ်ဆိုတာဖြစ်ပြီးတဲ့ အရိယာပုဂ္ဂိုလ်တို့ပုံစံ ယူ ကျင့်နေရတဲ့ဥပစာရ(အနီးစပ်ဆုံး တူတဲ့သူ) အားဖြင့်လူတွေရဲ့လှုဒါန်း ရှိခိုး ပူဇော်တာခံရတယ်လို့ပဲပြောရင် လွန်တယ်လို့များထင်ကြမလား?
အားလုံးကို ချုပ်လိုက်ရင် စိတ်ဖြူစင်တဲ့ အရိယာပုဂ္ဂိုလ်ဖြစ်အောင် အကြောင်း ဖြစ်တဲ့ အကျင့်မြတ်ကိုကောင်းကောင်းကျင့်ရမယ် တဖြောင့်တည်း ကျင့်ရမယ် ရိုရိုသေသေ ကျင့်ရမယ်အအေးဓာတ်ကို သိဖို့ပဲ ကျင့်ရမယ်
ဒါဆိုရင်တော့ သူသူ ကိုယ်ကိုယ် အကျိုး သံဃာဂုဏ်တို့ ကိုယ့်ဆီ ဆိုက်ရောက်လာလိမ့်ဆိုတဲ့အကြောင်းမကျင့်ရင်တော့မမျှော်လင့်ပါနဲ့ ဆိုတဲ့ အကြောင်းကျင့်၍ အကျိုးရတဲ့ ပုဂ္ဂိုလ်များကိုကြည်ညိုကြပါလို့ပဲ တိုက်တွန်းနှိုးဆော်လိုက်ရကြောင်းပါ ခင်များ။
အရှင်ဇဋိလာလင်္ကါရာဘိဝံသ အားလုံး သံဃာဂုဏ် အာရုံပြုနိုင်ကြပါစေ။ ခရက်ဒစ်.
Zawgyi
ဒီလေးပါးလုံးပြည့်စုံတာကလည်း ပထမမဂ်ဖိုလ်ရ -ဒုတိယ – တတိယ – စတုတ်ထ မဂျဖိုလျ ရ အတွဲလိုက် အရိယာပုဂ္ဂိုလ်၎ယောက်
ပထမဖိုလ်ပုဂ္ဂိုလ် ၁
၃။ အကျိုး ၅ မျိုး ရမယ်