အရပ္ရွည္ခ်င္လြန္းလို႔ငါးႏွစ္ေလာက္ အသားအနာခံခဲ့တဲ့မိန္းမပ်ိဳ

hypochondroplasia ရောဂါကြောင့် လူတစ်ယောက်ရဲ့ ပုံမှန်အသက်အရွယ်မှာ ရှိသင့်တဲ့အရွယ်အစားနဲ့ အရပ်အမောင်းထက် သေးပုနေတဲ့ဘဝနဲ့ ဖြတ်သန်းနေရတဲ့ Sanika အမည်ရ အမျိုးသမီးတစ်ယောက်ဟာ

သူမရဲ့ ရောဂါကိုကုသဖို့အတွက် အလွန်နာကြင်ခဲ့ရမှုကို သည်းခံကာ အလွန်ပြင်းထန်တဲ့ ကုသနည်းအောက်မှာ ငါးနှစ်လောက် အချိန်ကုန်ခဲ့ရတယ်လို့ သိရပါတယ်။ သူမဟာ ကျောင်းနေစဉ်အရွယ်မှာ အရွယ်အစားပုပုသေးသေးလေးမို့

အတန်းဖော်တွေက ‘mini-me’ လို့ ခေါ်ခြင်းကို ခံခဲ့ရပြီး ကျောင်းသွားရမှာတောင် ရှက်ကြောက်ခဲ့ရတယ်လို့ သိရပါတယ်။သူမဟာ အရပ်ရှည်ဖို့ကို စိတ်အားထက်သန်နေခဲ့ပြီး အတန်းထဲမှာ အချို့မိန်းကလေးတွေဟာ သူမထက် အစပေါင်းများစွာ အရပ်ရှည်နေခဲ့လို့ အရပ်ရှည်ဖို့ဆို

ဘာကိုပဲလုပ်ရလုပ်ရလို့ စိတ်ပိုင်းဖြတ်ခဲ့တယ်လို့ သိရပါတယ်။ Sanika ရဲ့ အရပ်ဟာ 3.5 လက်မသာ ရှိပြီး အသက်(19)နှစ်မတိုင်မီကတည်းက hypochondroplasia ဆိုတဲ့ ရောဂါကို ခံစားခဲ့ရပါတယ်။ အဲဒီရောဂါဟာ သာမန်ထက် အရိုးအဆစ်တွေတိုတဲ့ ရောဂါဖြစ်ပါတယ်။ အရပ်ရှည်ဖို့

စိတ်အားထက်သန်နေတဲ့ Sanika ဟာ Leeds General Infirmary က ပါရဂူကြီးနဲ့ တိုင်ပင်ခဲ့ပါတယ်။ ပါရဂူကြီးရဲ့ အဖြေကတော့ ခြေထောက်ရှည်ဖို့အတွက် ခွဲစိပ်ကုသမှု လုပ်ရမှာ ဖြစ်ပြီး ပေါင် 8000 ကုန်ကျမယ်လို့ ဆိုပါတယ်။ Sanika က ” ပါရဂူကြီးဟာ အရပ်ရှည်ဖို့အတွက်ဆိုရင် ခြေထောက်အရိုးတွေကို ချိုးပစ်ဖို့ လိုအပ်ပြီး …

အရိုးအစားထိုးခွဲစိပ်ထည့်ရမှာ ဖြစ်ကြောင်း၊ မတော်တဆမှုနဲ့ အရိုးကျိုးခဲ့သူတွေဟာလည်း ဒီနည်းနဲ့ ကျိုးတဲ့ခြေလက်ဟာ အခြားတစ်ခုထက် ပိုရှည်ခြင်းဖြစ်ကြောင်း၊ ဒီကုသနည်းကို သုံးမယ်ဆိုရင် မခံမရပ်နိုင်အောင် နာကျင်ရမှာဖြစ်ပြီး၊ အိပ်ယာထဲမှာ လဲနေရမှာဖြစ်ကြောင်း

အသိပေးခဲ့ပါတယ် … ကျွန်မ အဲဒါကို လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ” လို့ သူမက ဖွင့်ဟခဲ့ပါတယ်။သူမဟာ လေးနှစ်ကျော်ငါးနှစ်အတွင်း ခြေထောက်အရိုးကို ချိုးကာ ကြပ်စည်းခဲ့ရတဲ့ ဒဏ်ရာတွေကြောင့် ခြေထောက်အရေပြားပေါ်မှာ အမာရွတ်တွေ၊ အရှိုးရာတွေ ဒါဇင်နဲ့ချီပြီး တင်ကျန်ရစ်ခဲ့ရပါတယ်။

2010 ခုနှစ် နိုဝင်ဘာလမှာ ရှစ်နာရီကြာ ခွဲစိပ်မှု ခံယူခဲ့ပြီး 2014 ခုနှစ် ဧပြီလမှာ ကြပ်စည်းထားတဲ့ ကိရိယာတွေကို ဖယ်ရှားနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူမရဲ့ ပုံစံဟာ ခြေထောက်တွေက အနည်းငယ် သိသိသာသာ

ပိုပြီးရှည်လျှားနေခဲ့ပါတယ်။ အဲဒီအတွက်လည်း သူမက စိတ်ထဲမှာ စနိုးစနောင့် မဖြစ်ဘူးလို့လည်း ဆိုပါတယ်။ သူမဟာ လက်ရှိ သူမရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကျေနပ်လျှက် ရှိကာ ခံစားချက်ကိုလည်း ထုတ်ဖော်ခဲ့ပါတယ်။

သူမက ” အခုအချိန်မှာတော့ ကျွန်မ အွန်လိုင်းပေါ်မှာ ကောင်လေးတစ်ယောက်ယောက်နဲ့ချိန်းတွေဖို့ အဆင်သင့်ဖြစ်နေပါပြီ … ကျွန်မဘဝမှာတော့ ဒီအဖြစ်အပျက်ဟာ အကောင်းဆုံးပါဘဲ …တစ်နေ့နေ့မှာ ကျွန်မလည်း တစ်ခြားအမျိုးသမီးတွေလို ဒေါက်မြင့်ဖိနပ် လှလှလေး ဝတ်ဆင်နိုင်မှာပါ ” လို့ ဆိုခဲ့ပါတယ်။

Zawgyi

hypochondroplasia ေရာဂါေၾကာင့္ လူတစ္ေယာက္ရဲ႕ ပုံမွန္အသက္အ႐ြယ္မွာ ရွိသင့္တဲ့အ႐ြယ္အစားနဲ႔ အရပ္အေမာင္းထက္ ေသးပုေနတဲ့ဘဝနဲ႔ ျဖတ္သန္းေနရတဲ့ Sanika အမည္ရ အမ်ိဳးသမီးတစ္ေယာက္ဟာ

သူမရဲ႕ ေရာဂါကိုကုသဖို႔အတြက္ အလြန္နာၾကင္ခဲ့ရမႈကို သည္းခံကာ အလြန္ျပင္းထန္တဲ့ ကုသနည္းေအာက္မွာ ငါးႏွစ္ေလာက္ အခ်ိန္ကုန္ခဲ့ရတယ္လို႔ သိရပါတယ္။ သူမဟာ ေက်ာင္းေနစဥ္အ႐ြယ္မွာ အ႐ြယ္အစားပုပုေသးေသးေလးမို႔

အတန္းေဖာ္ေတြက ‘mini-me’ လို႔ ေခၚျခင္းကို ခံခဲ့ရၿပီး ေက်ာင္းသြားရမွာေတာင္ ရွက္ေၾကာက္ခဲ့ရတယ္လို႔ သိရပါတယ္။သူမဟာ အရပ္ရွည္ဖို႔ကို စိတ္အားထက္သန္ေနခဲ့ၿပီး အတန္းထဲမွာ အခ်ိဳ႕မိန္းကေလးေတြဟာ သူမထက္ အစေပါင္းမ်ားစြာ အရပ္ရွည္ေနခဲ့လို႔ အရပ္ရွည္ဖို႔ဆို

ဘာကိုပဲလုပ္ရလုပ္ရလို႔ စိတ္ပိုင္းျဖတ္ခဲ့တယ္လို႔ သိရပါတယ္။ Sanika ရဲ႕ အရပ္ဟာ 3.5 လက္မသာ ရွိၿပီး အသက္(19)ႏွစ္မတိုင္မီကတည္းက hypochondroplasia ဆိုတဲ့ ေရာဂါကို ခံစားခဲ့ရပါတယ္။ အဲဒီေရာဂါဟာ သာမန္ထက္ အ႐ိုးအဆစ္ေတြတိုတဲ့ ေရာဂါျဖစ္ပါတယ္။ အရပ္ရွည္ဖို႔

စိတ္အားထက္သန္ေနတဲ့ Sanika ဟာ Leeds General Infirmary က ပါရဂူႀကီးနဲ႔ တိုင္ပင္ခဲ့ပါတယ္။ ပါရဂူႀကီးရဲ႕ အေျဖကေတာ့ ေျခေထာက္ရွည္ဖို႔အတြက္ ခြဲစိပ္ကုသမႈ လုပ္ရမွာ ျဖစ္ၿပီး ေပါင္ 8000 ကုန္က်မယ္လို႔ ဆိုပါတယ္။ Sanika က ” ပါရဂူႀကီးဟာ အရပ္ရွည္ဖို႔အတြက္ဆိုရင္ ေျခေထာက္အ႐ိုးေတြကို ခ်ိဳးပစ္ဖို႔ လိုအပ္ၿပီး …

အ႐ိုးအစားထိုးခြဲစိပ္ထည့္ရမွာ ျဖစ္ေၾကာင္း၊ မေတာ္တဆမႈနဲ႔ အ႐ိုးက်ိဳးခဲ့သူေတြဟာလည္း ဒီနည္းနဲ႔ က်ိဳးတဲ့ေျခလက္ဟာ အျခားတစ္ခုထက္ ပိုရွည္ျခင္းျဖစ္ေၾကာင္း၊ ဒီကုသနည္းကို သုံးမယ္ဆိုရင္ မခံမရပ္ႏိုင္ေအာင္ နာက်င္ရမွာျဖစ္ၿပီး၊ အိပ္ယာထဲမွာ လဲေနရမွာျဖစ္ေၾကာင္း

အသိေပးခဲ့ပါတယ္ … ကြၽန္မ အဲဒါကို လုပ္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္ ” လို႔ သူမက ဖြင့္ဟခဲ့ပါတယ္။သူမဟာ ေလးႏွစ္ေက်ာ္ငါးႏွစ္အတြင္း ေျခေထာက္အ႐ိုးကို ခ်ိဳးကာ ၾကပ္စည္းခဲ့ရတဲ့ ဒဏ္ရာေတြေၾကာင့္ ေျခေထာက္အေရျပားေပၚမွာ အမာ႐ြတ္ေတြ၊ အရႈိးရာေတြ ဒါဇင္နဲ႔ခ်ီၿပီး တင္က်န္ရစ္ခဲ့ရပါတယ္။

2010 ခုႏွစ္ ႏိုဝင္ဘာလမွာ ရွစ္နာရီၾကာ ခြဲစိပ္မႈ ခံယူခဲ့ၿပီး 2014 ခုႏွစ္ ဧၿပီလမွာ ၾကပ္စည္းထားတဲ့ ကိရိယာေတြကို ဖယ္ရွားႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ သူမရဲ႕ ပုံစံဟာ ေျခေထာက္ေတြက အနည္းငယ္ သိသိသာသာ

ပိုၿပီးရွည္လွ်ားေနခဲ့ပါတယ္။ အဲဒီအတြက္လည္း သူမက စိတ္ထဲမွာ စႏိုးစေနာင့္ မျဖစ္ဘူးလို႔လည္း ဆိုပါတယ္။ သူမဟာ လက္ရွိ သူမရဲ႕ အေျခအေနနဲ႔ပတ္သက္ၿပီး ေက်နပ္လွ်က္ ရွိကာ ခံစားခ်က္ကိုလည္း ထုတ္ေဖာ္ခဲ့ပါတယ္။

သူမက ” အခုအခ်ိန္မွာေတာ့ ကြၽန္မ အြန္လိုင္းေပၚမွာ ေကာင္ေလးတစ္ေယာက္ေယာက္နဲ႔ခ်ိန္းေတြဖို႔ အဆင္သင့္ျဖစ္ေနပါၿပီ … ကြၽန္မဘဝမွာေတာ့ ဒီအျဖစ္အပ်က္ဟာ အေကာင္းဆုံးပါဘဲ …တစ္ေန႔ေန႔မွာ ကြၽန္မလည္း တစ္ျခားအမ်ိဳးသမီးေတြလို ေဒါက္ျမင့္ဖိနပ္ လွလွေလး ဝတ္ဆင္ႏိုင္မွာပါ ” လို႔ ဆိုခဲ့ပါတယ္။

Credit,