မြန်မာနိုင်ငံက ကလေးသူငယ်တွေမှာ အစာအာဟာရချို့တဲ့မှု ဖြစ်ပေါ်နေ

မြန်မာနိုင်ငံက ကလေးငယ်တွေဟာ အစားအစာအာဟာရ မလုံလောက်မှုပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UNICEF က စက်တင်ဘာလ (၂၃) ရက်နေ့က ပြောကြားခဲ့ပါတယ်။

 

၂၀၂၀ ခုနှစ် နောက်ဆုံးဒေတာများအရ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးငယ် (၅) ဦးမှာ (၂) ဦးဟာ တစ်နေ့တာအတွက် တစ်နေ့တာမှာ လုံလောက်တဲ့ အစားအစာကို စားသောက်နိုင်ခြင်းမရှိသလို ကလေး (၄) ဦးမှာ (၁) ဦး

ဟာလည်း အစားအစာ အာဟာရ အနည်းငယ်ကိုသာ စားသုံးနေရတယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှုပြဿနာနဲ့ ကိုဗစ်ကပ်ရောဂါတွေကြောင့် မြန်မာနိုင်ငံက ကလေးငယ်တွေက သူတို့ အသက်ရှင်ပြီး

တိုးတက်ကြီးပွားဖို့အတွက် လိုအပ်တဲ့ အာဟာရပြည့်ဝပြီး ရေရှည်အကျိုးဖြစ်ထွန်းတဲ့ အစာအာဟာရကို ရရှိဖို့တောင် ခက်ခဲနေတယ်လို့ UNICEF က ပြောပါတယ်။ မြန်မာနိုင်ငံရှိ ကလေးများက အာဟာရချို့တဲ့မှုကို

ခံစားခဲ့ရပြီး မူကြိုကလေးတွေရဲ့ ၃၀% က အာဟာရချို့တဲ့မှု ဖြစ်ပွားခဲ့ပြီး၊ မူကြိုကလေး ၇% (ရခိုင် တွင် ၁၄%) ကတော့ အရပ်ပုလွန်းခြင်း ဖြစ်သွားပါတယ်။ အသက် ၂ နှစ်အောက် ကလေးငယ်များ ကြာရှည်စွာ

အာဟာရချို့တဲ့မှုခံစားနေရပါက ပြန်ပြီး ကုသလို့မရနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ သိမြင်မှုနှောင့်နှေးကြန့်ကြာမှုများ ရှိနိုင်တဲ့အခြေအနေ သို့မဟုတ် ေ.သ.ဆုံ.းနိုင်ခြေအထိကို ြ.ပ.င်.းထ.န်ပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်.

Zawgyi





