အရှည် 6 မီတာ (20 ပေနီးပါး) ရှိတဲ့ စပါးအုန်းမြွေကြီးတစ်ကောင်ဟာ သားပိုက်ကောင်တစ်ကောင်ကို မြိုချဖို့ ကြိုးစားစဉ် အသက်ရှုကြပ်ကာ သေဆုံးခဲ့ပါတယ်။
စပါးအုန်းမြွေကြီးရဲ့ အလောင်းကို အသက် 64 နှစ်အရွယ် Russell Boserio လို့ အမည်ရတဲ့ အငြိမ်းစားကြီးတစ်ဦးက သူ့ခြံရဲ့ နောက်ဖေးမှာ တွေ့ခဲ့ရတာပါ။
အမြိုခံရတဲ့ သားပိုက်ကောင်ဟာ ဝါလဘီသားပိုက်ကောင်အမျိုးအစားဖြစ်ပြီး၊ သာမန်သာပိုက်ကောင်ထက် အရွယ်အစား သေးပါတယ်။ Russell ရဲ့ အိမ်ဟာ သြစတေးလျှနိုင်ငံ
Queensland မြောက်ပိုင်း Cairns မှာ တည်ရှိပါတယ်။ သူရဲ့ ယူဆချက်ကတော့ စပါးအုန်းမြွေကြီးဟာ အစာနင်ပြီး သေတာလို့ ဆိုပါတယ်။
Russell က ခြံနောက်ဖေးရှင်းလင်းရေး လုပ်ငန်းများ လုပ်ဖို့ ပြင်ဆင်ရင်း စပါးအုန်းမြွေအလောင်းကို တွေ့ခဲ့ရတာပါ။ သူက ” ဒီတောကောင်ကြီးကို သားပိုက်ကောင်တန်းလန်းနဲ့
သေဆုံးနေတာကို တွေ့ခဲ့တာပါ … သေဆုံးချိန်အထိကို သားပိုက်ကောင်က သူ့ပါးစပ်ထဲမှာ ပြည့်ကြပ်နေပါသေးတယ် … “လို့ ပြောခဲ့ပါတယ်။
သူက တစ်ချို့တိရစ္ဆာန်များဟာ အစားအစာတစ်ခုကို မြင်လိုက်တာနဲ့ မျက်လုံးက အစာအိမ်ထက် ပိုကြီးသွားပြီး ဒုက္ခရောက်ကြရကြောင်း၊
ယခု သားပိုက်ကောင်ဟာ သူ မြင်နေကျ သားပိုက်ကောင် နှစ်ကောင်အနက်က အဖေဖြစ်တဲ့ သားပိုက်ကောင် ဖြစ်နိုင်ကြောင်း ထင်မြင်ချက် ပေးခဲ့ပါတယ်။ Credit
Zawgyi
အရွည္ 6 မီတာ (20 ေပနီးပါး) ရွိတဲ့ စပါးအုန္းေႁမြႀကီးတစ္ေကာင္ဟာ သားပိုက္ေကာင္တစ္ေကာင္ကို ၿမိဳခ်ဖို႔ ႀကိဳးစားစဥ္ အသက္ရႈၾကပ္ကာ ေသဆုံးခဲ့ပါတယ္။
စပါးအုန္းေႁမြႀကီးရဲ႕ အေလာင္းကို အသက္ 64 ႏွစ္အ႐ြယ္ Russell Boserio လို႔ အမည္ရတဲ့ အၿငိမ္းစားႀကီးတစ္ဦးက သူ႔ၿခံရဲ႕ ေနာက္ေဖးမွာ ေတြ႕ခဲ့ရတာပါ။
အၿမိဳခံရတဲ့ သားပိုက္ေကာင္ဟာ ဝါလဘီသားပိုက္ေကာင္အမ်ိဳးအစားျဖစ္ၿပီး၊ သာမန္သာပိုက္ေကာင္ထက္ အ႐ြယ္အစား ေသးပါတယ္။ Russell ရဲ႕ အိမ္ဟာ ၾသစေတးလွ်ႏိုင္ငံ
Queensland ေျမာက္ပိုင္း Cairns မွာ တည္ရွိပါတယ္။ သူရဲ႕ ယူဆခ်က္ကေတာ့ စပါးအုန္းေႁမြႀကီးဟာ အစာနင္ၿပီး ေသတာလို႔ ဆိုပါတယ္။
Russell က ၿခံေနာက္ေဖးရွင္းလင္းေရး လုပ္ငန္းမ်ား လုပ္ဖို႔ ျပင္ဆင္ရင္း စပါးအုန္းေႁမြအေလာင္းကို ေတြ႕ခဲ့ရတာပါ။ သူက ” ဒီေတာေကာင္ႀကီးကို သားပိုက္ေကာင္တန္းလန္းနဲ႔
ေသဆုံးေနတာကို ေတြ႕ခဲ့တာပါ … ေသဆုံးခ်ိန္အထိကို သားပိုက္ေကာင္က သူ႔ပါးစပ္ထဲမွာ ျပည့္ၾကပ္ေနပါေသးတယ္ … “လို႔ ေျပာခဲ့ပါတယ္။
သူက တစ္ခ်ိဳ႕တိရစာၦန္မ်ားဟာ အစားအစာတစ္ခုကို ျမင္လိုက္တာနဲ႔ မ်က္လုံးက အစာအိမ္ထက္ ပိုႀကီးသြားၿပီး ဒုကၡေရာက္ၾကရေၾကာင္း၊
ယခု သားပိုက္ေကာင္ဟာ သူ ျမင္ေနက် သားပိုက္ေကာင္ ႏွစ္ေကာင္အနက္က အေဖျဖစ္တဲ့ သားပိုက္ေကာင္ ျဖစ္ႏိုင္ေၾကာင္း ထင္ျမင္ခ်က္ ေပးခဲ့ပါတယ္။ Credit