မျက်လုံးကွယ်သူတွေ၊ မျက်လုံးအမြင် မှုန်ဝါးနေသူတွေရဲ့ မျက်လုံးအိမ်ကို လျှာနဲ့လျက်ကာ မျက်စိဝေဒနာတွေကို ကုသ
ပေးနေတဲ့ မှော်ဆရာမကြီးတစ်ယောက်ရဲ့ ဗွီဒီယိုဖိုင်ဟာ အင်တာနက် လူမှုကွန်ယက်ပေါ်မှာ စိတ်ဝင်စားဖွယ်ရာ ဖြစ်ခဲ့ပါတယ်။ သူမဆီကို လာရောက်ပြသကြသူတွေလည်း နေ့စဉ် များပြားနေတယ်လို့ ဆိုပါတယ်။
အဖွားကြီးဟာ အသက် 80 ကျော်ဖြစ်ပြီး၊ သူမဆီကို လာရောက်ဆေးကုသခံယူသူတွေဟာတော့ မျက်လုံးထဲမှာ အမှုန်ကဲ့သို့သော တစ်စုံတရာဝင်ခဲ့ပြီး နာကျင်တဲ့ဝေဒနာခံစားနေရသူတွေကို လျှာနဲ့လျှက်ကာ အမှုန်တွေ ကုန်စင်အောင် ဖယ်ရှားပေးနိုင်တယ်လို့ သိရပါတယ်။
သတ္ထုအစ၊ မှန်စ၊ လွှစာမှုန့်ကဲ့သို့သော အမှုန်များကို ဖယ်ရှားပေးနိုင်သူဖြစ်ပြီး၊ လူနာကို ကုသခြင်းမပြုခင်မှာ ပါးစပ်ကို အရက်နဲ့ပိုးသတ်ပြီး၊ သန့်စင်အောင် ပဝါနဲ့သုတ်ပြီးမှ ကုသမှုကို ပြုလုပ်ပါတယ်။
အဖွားဟာ မျက်လုံးကွယ်ခြင်းကိုပါ ကုသနိုင်သည်ဟု သိရပြီး၊ ဒေသခံတွေကလည်း ယုံယုံကြည်ကြည်နဲ့ လာရောက်ပြသကြတယ်လို့ ဆိုပါတယ်။သူမရဲ့ စွမ်းအားတွေဟာ အံ့မခန်း ကောင်းမွန်နေလို့ သူမသေတဲ့အခါမှာတောင် လျှာကိုဖြတ်ပြီး
နာကျင်ခြင်းတွေအတွက် ကုသမှုဆက်လက်လုပ်ဆောင်ပါက ရောဂါတွေ ပျောက်ကင်းနေဦးမယ်လို့ ဆိုပါတယ်။ ဒီဗွီဒီယိုဟာ ဥရောပတောင်ပိုင်း Balkan ကျွန်းဆွယ်ပေါ်မှာ တည်ရှိတဲ့ Bosnia and Herzegovina ဆိုတဲ့ နိုင်ငံက ကျေးလက်တစ်ခုမှာ ရိုက်ကူးခဲ့တာလို့ သိရပါတယ်။
အဖွားအိုရဲ့အမည်မှာ Nana Hava လို့ သိရပါတယ်။ ဒီပညာရပ်ကိုလည်း သူမနဲ့ အမည်တူ အမျိုးသသမီးတစ်ယောက်ဖြစ်တဲ့ Hava လို့အမည်ရတဲ့သူဆီကနေ သင်ယူခဲ့တာလို့ သူမက ဆိုပါတယ်။
သူမရဲ့သတင်းဟာ ဥရောပတစ်ခွင်ကို ပျံ့နှံ့ခဲ့ပြီး အမေရိကန် ရုရှတို့ကဲ့သို့သော နိုင်ငံကြီးသားတွေပင် လာရောက်ကုသကြပါတယ်။ လက်ရှိအချိန်ထိ လူနာ 5 ထောင်ကျော်ကို ပျောက်ကင်းအောင် ကုသနိုင်ခဲ့သူဖြစ်ကြောင်း ဒေသခံတွေက ထောက်ခံကြပါတယ်။
အဖွား Hava ဟာ ဒီကုသမှုတွေကြောင့် ဝင်ငွေများစွာ ရှာနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူမက ” ကုသမှုအတွက် ငွေဘယ်ရွေ့ဘယ်မျှပေးရမယ်လို့ ကျွန်မက မသတ်မှတ်ထားပါဘူး .. တစ်ခါတလေ အလုပ်အကိုင်မရှိသူတွေ ဆင်းရဲသူတွေလည်း လာကုကြတာကိုး .. ဒါပေမယ့် တက်နိုင်သူတွေအတွက်တော့ 10 ယူရိုလောက် ကုန်ပါတယ် “လို့ ပြောခဲ့ပါတယ်။ Credit
Zawgyi
မ်က္လုံးကြယ္သူေတြ၊ မ်က္လုံးအျမင္ မႈန္ဝါးေနသူေတြရဲ႕ မ်က္လုံးအိမ္ကို လွ်ာနဲ႔လ်က္ကာ မ်က္စိေဝဒနာေတြကို ကုသ
ေပးေနတဲ့ ေမွာ္ဆရာမႀကီးတစ္ေယာက္ရဲ႕ ဗြီဒီယိုဖိုင္ဟာ အင္တာနက္ လူမႈကြန္ယက္ေပၚမွာ စိတ္ဝင္စားဖြယ္ရာ ျဖစ္ခဲ့ပါတယ္။ သူမဆီကို လာေရာက္ျပသၾကသူေတြလည္း ေန႔စဥ္ မ်ားျပားေနတယ္လို႔ ဆိုပါတယ္။
အဖြားႀကီးဟာ အသက္ 80 ေက်ာ္ျဖစ္ၿပီး၊ သူမဆီကို လာေရာက္ေဆးကုသခံယူသူေတြဟာေတာ့ မ်က္လုံးထဲမွာ အမႈန္ကဲ့သို႔ေသာ တစ္စုံတရာဝင္ခဲ့ၿပီး နာက်င္တဲ့ေဝဒနာခံစားေနရသူေတြကို လွ်ာနဲ႔လွ်က္ကာ အမႈန္ေတြ ကုန္စင္ေအာင္ ဖယ္ရွားေပးႏိုင္တယ္လို႔ သိရပါတယ္။
သတၳဳအစ၊ မွန္စ၊ လႊစာမႈန႔္ကဲ့သို႔ေသာ အမႈန္မ်ားကို ဖယ္ရွားေပးႏိုင္သူျဖစ္ၿပီး၊ လူနာကို ကုသျခင္းမျပဳခင္မွာ ပါးစပ္ကို အရက္နဲ႔ပိုးသတ္ၿပီး၊ သန႔္စင္ေအာင္ ပဝါနဲ႔သုတ္ၿပီးမွ ကုသမႈကို ျပဳလုပ္ပါတယ္။
အဖြားဟာ မ်က္လုံးကြယ္ျခင္းကိုပါ ကုသႏိုင္သည္ဟု သိရၿပီး၊ ေဒသခံေတြကလည္း ယုံယုံၾကည္ၾကည္နဲ႔ လာေရာက္ျပသၾကတယ္လို႔ ဆိုပါတယ္။သူမရဲ႕ စြမ္းအားေတြဟာ အံ့မခန္း ေကာင္းမြန္ေနလို႔ သူမေသတဲ့အခါမွာေတာင္ လွ်ာကိုျဖတ္ၿပီး
နာက်င္ျခင္းေတြအတြက္ ကုသမႈဆက္လက္လုပ္ေဆာင္ပါက ေရာဂါေတြ ေပ်ာက္ကင္းေနဦးမယ္လို႔ ဆိုပါတယ္။ ဒီဗြီဒီယိုဟာ ဥေရာပေတာင္ပိုင္း Balkan ကြၽန္းဆြယ္ေပၚမွာ တည္ရွိတဲ့ Bosnia and Herzegovina ဆိုတဲ့ ႏိုင္ငံက ေက်းလက္တစ္ခုမွာ ႐ိုက္ကူးခဲ့တာလို႔ သိရပါတယ္။
အဖြားအိုရဲ႕အမည္မွာ Nana Hava လို႔ သိရပါတယ္။ ဒီပညာရပ္ကိုလည္း သူမနဲ႔ အမည္တူ အမ်ိဳးသသမီးတစ္ေယာက္ျဖစ္တဲ့ Hava လို႔အမည္ရတဲ့သူဆီကေန သင္ယူခဲ့တာလို႔ သူမက ဆိုပါတယ္။
သူမရဲ႕သတင္းဟာ ဥေရာပတစ္ခြင္ကို ပ်ံ႕ႏွံ႔ခဲ့ၿပီး အေမရိကန္ ႐ုရွတို႔ကဲ့သို႔ေသာ ႏိုင္ငံႀကီးသားေတြပင္ လာေရာက္ကုသၾကပါတယ္။ လက္ရွိအခ်ိန္ထိ လူနာ 5 ေထာင္ေက်ာ္ကို ေပ်ာက္ကင္းေအာင္ ကုသႏိုင္ခဲ့သူျဖစ္ေၾကာင္း ေဒသခံေတြက ေထာက္ခံၾကပါတယ္။
အဖြား Hava ဟာ ဒီကုသမႈေတြေၾကာင့္ ဝင္ေငြမ်ားစြာ ရွာႏိုင္ခဲ့သူ ျဖစ္ပါတယ္။ သူမက ” ကုသမႈအတြက္ ေငြဘယ္ေ႐ြ႕ဘယ္မွ်ေပးရမယ္လို႔ ကြၽန္မက မသတ္မွတ္ထားပါဘူး .. တစ္ခါတေလ အလုပ္အကိုင္မရွိသူေတြ ဆင္းရဲသူေတြလည္း လာကုၾကတာကိုး .. ဒါေပမယ့္ တက္ႏိုင္သူေတြအတြက္ေတာ့ 10 ယူ႐ိုေလာက္ ကုန္ပါတယ္ “လို႔ ေျပာခဲ့ပါတယ္။ Credit