စိတ္ဆိုးရင္ တစ္ကေန တစ္ဆယ္ထိ ေရတြက္လိုက္ပါ

စိတ်ဆိုးရင် တစ်ကနေ တစ်ဆယ်ထိ ရေတွက်လိုက်ပါ 1—-2—-3—-4—-5—-6—-7—-8—-9—-10😊

အဖေ့မှာ အကျင့်တစ်ခုရှိတယ်။ ငယ်စဉ်တုန်းက သူမကြိုက်တာတစ်ခုခုလုပ်တဲ့ ကျွန်တော်တို့မောင်နှမတွေကို စိတ်ဆိုးဒေါသထွက်လာပြီဆိုရင် အမှတ်စဉ် တစ်ကနေ တစ်ဆယ်အထိအသံထွက်ပြီး ရေလေ့ရှိပါတယ်။

အဲ့ဒါဟာ မိဘတစ်ချို့ရဲ့ သားသမီးတွေအပေါ်မှာ စိတ်ဆိုးရင် စိတ်လိုက်မာန်ပါမလုပ်မိဖို့ အချိန်ဆွဲတဲ့နည်းပါ။ စိတ်ဆိုးပြေစေတဲ့ နည်းလည်း ဖြစ်ပါတယ်။ မိဘအတော်များများက ဒီနည်းဟာအလုပ်ဖြစ်တယ်လို့ ပြောကြပါတယ်။

ကျွန်တော်ကတော့ အဲ့ဒီတစ်ကနေ တစ်ဆယ်ထိ အမှတ်စဉ်ရေတွက်တဲ့နည်းကို အသက်ရှူတာနဲ့ ပေါင်းစပ်ပြီး ပိုကောင်းအောင်လုပ်လိုက်ပါတယ်။ ဒီလိုပါ တစ်ယောက်ယောက်ကို စိတ်ဆိုးပြီဆိုရင် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီ’

တစ်’ လို့ စပြီးရေတွက်လိုက်တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကို စိတ်အေးလက်အေးဖြစ်သွားအောင် စိတ်ကိုလျှော့ချလိုက်ပြီး အသက်ရှူထုတ်လိုက်တယ်။ စောစောကလိုပဲ ‘နှစ်’လို့ ရေတွက်လိုက်ပြန်တယ်။

ရှူထုတ်လိုက်ပြန်တယ်။(အဲ့ဒါမှ စိတ်ဆိုးမပြေ‌သေးရင် အမှတ်စဉ် ၂၅ အထိ ဆက်ရေတွက်ဖို့ စိတ်ကူးထားပါတယ်။ ဒါပေမဲ့ အမှတ်စဉ် ၂၅ အထိ ရောက်အောင် ရေတွက်ခဲ့ရတဲ့ အခြေအနေကို တစ်ခါမှ မရောက်ခဲ့ပါဘူး)။

ဒီလိုလုပ်တာဟာ တစ်ကယ်တော့ စိတ်ကိုရှင်းလင်းအောင် လုပ်လိုက်တဲ့ ကမ္မဋ္ဌာန်းထိုင်နည်း အသေးစားလေးနဲ့ တူပါတယ်။ဒီနည်းကိုစမ်း လုပ်ကြည့်ပါ။ အဲ့ဒါကို လုပ်ပြီးသွားရင် အသက်ရှူသွင်း လုပ်ပေးခြင်းကြောင့် အဆုတ်ထဲမှာ အောက်ဆီဂျင်ပြည့်သွားတာရယ် ၊ အမှတ်စဉ်ရေတွက်‌နေလို့

အချိန်ကြာမြင့်မှုကြောင့် စိတ်ဆိုးနေတာ ဒေါသဖြစ်နေတာတွေ ပျောက်သွားပါတယ်။ လုံဝမပျောက်သွားတောင် အများကြီး‌လျော့ကြသွားပါတယ်။ ဆင်ခြင်သိမြင်နိုင်စွမ်းအား တိုးတက်လာပါတယ်။

စိတ်ဆိုးစဉ်က တချို့ကိစ္စတွေဟာ ကြီးကျယ်တယ်လို့ ထင်နေခဲ့တာ အခုတော့ အရေးမပါတဲ့ အသေးအဖွဲ့ကိစ္စမှန်း သိလာပါတယ်။ ဒီနည်းကို စိတ်ဆိုးတဲ့ ကိစ္စမှာတင် မဟုတ်ပဲ စိတ်ဖိစီးမှုများနေချိန် စိတ်ပျက်စရာတွေနဲ့ ကြုံတွေ့နေချိန်မှာလည်း သုံးကြည့်လို့ရပါတယ်။

စိတ်ထဲမှာ တစ်ခုခုကို ဘဝင်မကျဖြစ်နေရင်လည်း ဒီနည်းကိုသုံးကြည့်လိုက်ပါ။အမှန်က ဒီနည်းဟာ စိတ်ဆိုးနေချိန်ဖြစ်ဖြစ် စိတ်မဆိုးချိန်ဖြစ်ဖြစ် စိတ်ကို မီးနစ်အနည်းငယ် အနားပေးလိုက်တာပါ။

ကျွန်တော်ကတော့ ဒီနည်းကို နေ့စဉ် လုပ်ငန်းဆောင်တာတွေ လုပ်နေစဉ်မှာ လုပ်လေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒါကိုလုပ်ပြီးတိုင်း စိတ်အေးချမ်းသက်သာမှုရပြီး ရင်ထဲမှာလည်း ငြိမ်းချမ်းသွားလို့ပါ။

သေချာတာတစ်ခုကတော့ ဒီနည်း‌ကြောင့်ကျွန်တော်ဟာ စိတ်ဆိုးတာ ဘယ်တော့မှမဖြစ်တော့ပါဘူး။

ဆရာဗန်းမော်သိန်းဖေရဲ့ အသေးအဖွဲလေးတွေနဲ့ စိတ်ညစ်မနေပါနဲ့ စာအုပ်မှ။

Zawgyi

စိတ္ဆိုးရင္ တစ္ကေန တစ္ဆယ္ထိ ေရတြက္လိုက္ပါ 1—-2—-3—-4—-5—-6—-7—-8—-9—-10😊

အေဖ့မွာ အက်င့္တစ္ခုရွိတယ္။ ငယ္စဥ္တုန္းက သူမႀကိဳက္တာတစ္ခုခုလုပ္တဲ့ ကြၽန္ေတာ္တို႔ေမာင္ႏွမေတြကို စိတ္ဆိုးေဒါသထြက္လာၿပီဆိုရင္ အမွတ္စဥ္ တစ္ကေန တစ္ဆယ္အထိအသံထြက္ၿပီး ေရေလ့ရွိပါတယ္။

အဲ့ဒါဟာ မိဘတစ္ခ်ိဳ႕ရဲ႕ သားသမီးေတြအေပၚမွာ စိတ္ဆိုးရင္ စိတ္လိုက္မာန္ပါမလုပ္မိဖို႔ အခ်ိန္ဆြဲတဲ့နည္းပါ။ စိတ္ဆိုးေျပေစတဲ့ နည္းလည္း ျဖစ္ပါတယ္။ မိဘအေတာ္မ်ားမ်ားက ဒီနည္းဟာအလုပ္ျဖစ္တယ္လို႔ ေျပာၾကပါတယ္။

ကြၽန္ေတာ္ကေတာ့ အဲ့ဒီတစ္ကေန တစ္ဆယ္ထိ အမွတ္စဥ္ေရတြက္တဲ့နည္းကို အသက္ရႉတာနဲ႔ ေပါင္းစပ္ၿပီး ပိုေကာင္းေအာင္လုပ္လိုက္ပါတယ္။ ဒီလိုပါ တစ္ေယာက္ေယာက္ကို စိတ္ဆိုးၿပီဆိုရင္ အသက္ျပင္းျပင္းတစ္ခ်က္ရႉသြင္းလိုက္ၿပီး ‘

တစ္’ လို႔ စၿပီးေရတြက္လိုက္တယ္။ ၿပီးေတာ့ ကိုယ့္ကိုယ္ကို စိတ္ေအးလက္ေအးျဖစ္သြားေအာင္ စိတ္ကိုေလွ်ာ့ခ်လိုက္ၿပီး အသက္ရႉထုတ္လိုက္တယ္။ ေစာေစာကလိုပဲ ‘ႏွစ္’လို႔ ေရတြက္လိုက္ျပန္တယ္။

ရႉထုတ္လိုက္ျပန္တယ္။(အဲ့ဒါမွ စိတ္ဆိုးမေျပ‌ေသးရင္ အမွတ္စဥ္ ၂၅ အထိ ဆက္ေရတြက္ဖို႔ စိတ္ကူးထားပါတယ္။ ဒါေပမဲ့ အမွတ္စဥ္ ၂၅ အထိ ေရာက္ေအာင္ ေရတြက္ခဲ့ရတဲ့ အေျခအေနကို တစ္ခါမွ မေရာက္ခဲ့ပါဘူး)။

ဒီလိုလုပ္တာဟာ တစ္ကယ္ေတာ့ စိတ္ကိုရွင္းလင္းေအာင္ လုပ္လိုက္တဲ့ ကမၼ႒ာန္းထိုင္နည္း အေသးစားေလးနဲ႔ တူပါတယ္။ဒီနည္းကိုစမ္း လုပ္ၾကည့္ပါ။ အဲ့ဒါကို လုပ္ၿပီးသြားရင္ အသက္ရႉသြင္း လုပ္ေပးျခင္းေၾကာင့္ အဆုတ္ထဲမွာ ေအာက္ဆီဂ်င္ျပည့္သြားတာရယ္ ၊ အမွတ္စဥ္ေရတြက္‌ေနလို႔

အခ်ိန္ၾကာျမင့္မႈေၾကာင့္ စိတ္ဆိုးေနတာ ေဒါသျဖစ္ေနတာေတြ ေပ်ာက္သြားပါတယ္။ လုံဝမေပ်ာက္သြားေတာင္ အမ်ားႀကီး‌ေလ်ာ့ၾကသြားပါတယ္။ ဆင္ျခင္သိျမင္ႏိုင္စြမ္းအား တိုးတက္လာပါတယ္။

စိတ္ဆိုးစဥ္က တခ်ိဳ႕ကိစၥေတြဟာ ႀကီးက်ယ္တယ္လို႔ ထင္ေနခဲ့တာ အခုေတာ့ အေရးမပါတဲ့ အေသးအဖြဲ႕ကိစၥမွန္း သိလာပါတယ္။ ဒီနည္းကို စိတ္ဆိုးတဲ့ ကိစၥမွာတင္ မဟုတ္ပဲ စိတ္ဖိစီးမႈမ်ားေနခ်ိန္ စိတ္ပ်က္စရာေတြနဲ႔ ႀကဳံေတြ႕ေနခ်ိန္မွာလည္း သုံးၾကည့္လို႔ရပါတယ္။

စိတ္ထဲမွာ တစ္ခုခုကို ဘဝင္မက်ျဖစ္ေနရင္လည္း ဒီနည္းကိုသုံးၾကည့္လိုက္ပါ။အမွန္က ဒီနည္းဟာ စိတ္ဆိုးေနခ်ိန္ျဖစ္ျဖစ္ စိတ္မဆိုးခ်ိန္ျဖစ္ျဖစ္ စိတ္ကို မီးနစ္အနည္းငယ္ အနားေပးလိုက္တာပါ။

ကြၽန္ေတာ္ကေတာ့ ဒီနည္းကို ေန႔စဥ္ လုပ္ငန္းေဆာင္တာေတြ လုပ္ေနစဥ္မွာ လုပ္ေလ့ရွိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဲ့ဒါကိုလုပ္ၿပီးတိုင္း စိတ္ေအးခ်မ္းသက္သာမႈရၿပီး ရင္ထဲမွာလည္း ၿငိမ္းခ်မ္းသြားလို႔ပါ။

ေသခ်ာတာတစ္ခုကေတာ့ ဒီနည္း‌ေၾကာင့္ကြၽန္ေတာ္ဟာ စိတ္ဆိုးတာ ဘယ္ေတာ့မွမျဖစ္ေတာ့ပါဘူး။

ဆရာဗန္းေမာ္သိန္းေဖရဲ႕ အေသးအဖြဲေလးေတြနဲ႔ စိတ္ညစ္မေနပါနဲ႔ စာအုပ္မွ။