မဟာဗောဓိမြိုင်ဆရာတော်ကြီးအား ဖူးမျှော်ရင်းကံထူးစွာနဲ့ ဓါတ်တော်တွေ မဲပေါက်ခဲ့တဲ့ ဦးမေတ္တာရဲ့ဇနီးလွင်မီမီကို

ဦးမေတ္တာရဲ့ဇနီး မလွင်မီမီကိုက မဟာဗောဓိမြိုင်ဆရာတော်ကြီးထံဘုရားဖူးသွားရင်း ကံထူးစွာနဲ့ ဓါတ်တော်တွေ မဲပေါက်ခဲ့ပါတယ်။ခရီးစဉ်နဲ့ပတ်သက်လို့ မလွင်မီမီကိုက အခုလိုပြောပြတာက ပဌာန်းစေတီဆရာတော်ဦးဆောင်ပြီးသွားတဲ့

ဘုရားဖူးခရီးစဉ်လေးမှာ ဘုရား ၃ ဆူ မဟာဗောဓိမြိုင်ဆရာတော်ဘုရားပုံတော်ကြီး ၁ ပုံ ရဟန္တာ ၅၀၀ ရဲ့ဓာတ်တော်တွေထည့်ထားတဲ့ ဆွမ်းအုပ် ၁ ခုကိုကား ၂ စီးပေါ်လာသူ ဘုရားဖူးခရီးသည် ၇၀ ယောက်ကို ပဌာန်းစေတီဆရာတော် ကိုယ်တိုင် တစ်ဦးချင်း မဲနှိုက်စေခဲ့ပါတယ်။

ထူးထူးခြားခြား ကျွန်မဓာတ်တော် မဲပေါက်ခဲ့ပါတယ် ဝမ်းသာမှုနဲ့အတူ ကျွန်မစိတ်ထဲကအဓိဌာန်ပြီး ပြောလိုက်တဲ့ စကားလေးကြောင့် ပီတိမျက်ရည် ကျရပြန်ပါတယ်။ယုံကြည်မှုတွေနဲ့အတူ ကျွန်မအတွက် အားတခုဖြစ်စေခဲ့ပါတယ်။

ခရီးစဉ်တလျှောက် လှူခဲ့တဲ့ ကုသိုလ် ကောင်းမှုအစုစုတို့ကို ချစ်မေမေ ဒေါ်ထားထားချစ်ခင်ပွန်း ဦးမေတ္တာနဲ့အတူ ၇ ရက်သားသမီးများအားလုံးကို အမျှပေးပါတယ်ရှင်။အမျှရပြီး သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေ လို့ပြော ပြပါတယ်။

Zawgyi



