၂၈နှစ်ကြာအောင် သေချာပြုစုပြီး အရှည်ထားလာသည့် သူမ၏ကမ္ဘာ့အရှည်ဆုံးလက်သည်းတွေကို ဒေါ်လာ၁သိန်းဖြင့် ရောင်းချရန် ဆန္ဒရှိနေသည့် အမျိုးသမီး

လက်သည်းများသည်လည်း.လူ့၏ခန္ဓာကိုယ်တွင် အညစ်ပတ်ဆုံးသော အစိတ်အပိုင်းထဲမှတစ်ခုပင်ဖြစ်ပေသည်။

ထို့ကြောင့် လက်သည်းအရှည်ထားသူများဟာ တစ်ကိုယ်ရည်သန့်ရှင်းမှုကို သာမန်လူထက် ပိုပြီးဂရုစိုက်ရတာဖြစ်ပါတယ်။

ယခုတွင် Yani Williamsဆိုသည့်အမျိုးသမီးဟာ သူမ၏လက်သည်းတွေကို မဖြတ်ဘဲ သေချာစွာပြုစုပျိုးထားလာခဲ့ပြီး

ကမ္ဘာ့လက်သည်းအရှည်ဆုံးစံချိန်ကို ရရှိထားသူဖြစ်ပါတယ်။အမျိုးသမီးဟာ သူမ၏လက်သည်းတွေကို အလှတစ်ခါပြင်လျှင် အချိန်၅ရက်အထိပေးပြီး ပြင်ဆင်ရတာဖြစ်ပါတယ်။

နှစ်ပေါင်း၂၈နှစ်ကြာအောင်ပြုစုလာခဲ့သော အရှည်၃၀လက်မထိရှိနေသည့် လက်သည်းတွေကို ဝယ်ယူသည်ရှိမည်ဆိုပါက

အမေရိကန်ဒေါ်လာ၁သိန်းဖြင့် ရောင်းချမည်ဟု ဆိုလာခဲ့တာဖြစ်ပါတယ်။စာဖတ်သူတို့အနေဖြင့်ဆိုလျှင်ရော.လက်သည်းတွေကို ဝယ်ယူသင့်သည်ဟု ထင်မြင်မိပါရဲ့လား။

Crd, Shoon (Cele Daily)

Zawgyi







Crd, Shoon (Cele Daily)