ယခင်က အမှိုက်သိမ်းဝန်းထမ်းအဖြစ် အသက်မွေးဝမ်းကြောင်း ပြုခဲ့သည့် Syd Pearson အမည်ရ အသက် 68 အရွယ် အဖိုးအိုဟာ သြစတေးလျှနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်၊ Dunolly က ရွှေကြောတစ်ခုမှာ အလေးချိန် 4.3 ကီလို (10 ပေါင် နီးပါး) ရွှေစိုင်ခဲကြီးကို တွေ့ရှိခဲ့ပါတယ်။
အဆိုပါ ရွှေဆိုင်ခဲကြီးဟာ ပေါင် 172000 အထိ တန်ကြေးရှိခဲ့ပြီး အမေရိကန် ပုဂ္ဂလိကရတနာကုန်သည်ဆီကို ရောင်းချခဲ့ ပြီးပြီလို့ သိရပါတယ်။ ရွှေတုံးကြီးကို Syd က သူ့ဇနီးရဲ့နာမည် Lady Catherine လို့ အမည်ပေးခဲ့ပြီး တွေ့တွေ့ချင်းမှာ တော့ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
Syd ဟာ အမှိုက်သိမ်းလုပ်ငန်းကို စွန့်လွှတ်ပြီးနောက် ရတနာမြေမှာ 37 နှစ်အတာ ရွှေတူးခဲ့သူပါ။ ဒါပေမယ့် ထိရောက်တဲ့ ရွှေစ ရှာမတွေ့ပဲ ဘဝက ဒုံရင်းက ဒုံရင်းပဲ ဖြစ်ခဲ့ပါတယ်။ Syd ဟာ အသက်အရွယ်နဲ့မလိုက်ဖက်စွာ စွန့်စား စီးပွားရှာခဲ့ ပေမယ့် ကံမရှိ၊ ဉာဏ်ရှိတိုင်းမွဲ ဘဝက မတက်နိုင်ခဲ့ပါဘူး။
ဒါပေမယ့် ရိုသားသားတွေမှာ တစ်ကြိမ်တော့ ကံကောင်းကြတယ်လို့ ဆိုပါတယ်။ ထိုနေ့က နှစ်ဖက်ချွန်တူရွင်းကို မြေထဲကို အားရပါးရ ထိုးစိုက်လိုက်ချိန်မှာ ရွှေနဲ့တူရွင်းထိခတ်သံဟာ “ချလွင်”လို့တောင် မြည်သွားတယ်လို့တောင် ထင်ရကြောင်း သူကဆိုပါတယ်။
တူရွှင်းသွားကို မြေထဲကနေ စိတ်လှုရှားစွာ မလိုက်ချိန်မှာတော့ မျက်လုံးတွေ ပြူးကျယ်ဝိုင်းစက်သွားခဲ့ပါတယ်။ စိတ်ထဲမှာ လည်း သိလိုက်ပါတယ်။ ငါ ချမ်းသာပြီ၊ ဒီရွှေတုန်းကြီးဟာ ကမ္ဘာမှာ အကြီးဆုံးပဲဆိုတာ။ Dunolly ဒေသမှာ ထွက်ရှိ တဲ့ ရွှေဟာ ကမ္ဘာမှာ အကောင်းဆုံးနဲ့ အသန့်စင်ဆုံးရွှေအဖြစ် သတ်မှတ်ခံထားရပြီး၊ သတ္တုစပ်ပါ ဝင်မှု 96% အထိ ကင်းလွတ်တယ်လို့ သိရပါတယ်။
Syd က ” ကျနော် 37 နှစ်လုံးလုံး ဒီမှာ ရွှေတူးခဲ့တယ် .. တစ်ကြိမ်ကြိမ်မှာ ပမာဏအကြီးကြီး တွေ့ကိုတွေ့ရမယ်လို့ … ကျနော် စိတ်ဓာတ်ဘယ်တုန်းကမှ မကျခဲ့ပါဘူး … “လို့ ပြောခဲ့ပါတယ်။ တကယ်တော့ Lady Catherine ရွှေတုံးကြီးဟာ ကမ္ဘာအကြီးဆုံး ရွှေတုံး မဟုတ်သေးပါဘူး။
ကမ္ဘာအကြီးဆုံး ရွှေတုံးကို ယခု သြစတေးလျှနိုင်ငံမှာပင် 1869 ခုနှစ်ကတည်းက ရှာဖွေတွေ့ရှိခဲ့ပါ တယ်။ အဆိုပါ ရွှေတုံး ကြီး ဟာ 72 ကီလိုဂရမ် (ပေါင် 160 အထိ) အလေးချိန်ရှိပြီး Welcome Stranger လို့ အမည် ပေးခဲ့ပါတယ်။ အခုအချိန်မှာ တန်းဖိုး ပေါင် 2.3 သန်း ဖြစ်နေပါပြီ။ credit
Zawgyi
ယခင္က အမႈိက္သိမ္းဝန္းထမ္းအျဖစ္ အသက္ေမြးဝမ္းေၾကာင္း ျပဳခဲ့သည့္ Syd Pearson အမည္ရ အသက္ 68 အ႐ြယ္ အဖိုးအိုဟာ ၾသစေတးလွ်ႏိုင္ငံ ဗစ္တိုးရီးယားျပည္နယ္၊ Dunolly က ေ႐ႊေၾကာတစ္ခုမွာ အေလးခ်ိန္ 4.3 ကီလို (10 ေပါင္ နီးပါး) ေ႐ႊစိုင္ခဲႀကီးကို ေတြ႕ရွိခဲ့ပါတယ္။
အဆိုပါ ေ႐ႊဆိုင္ခဲႀကီးဟာ ေပါင္ 172000 အထိ တန္ေၾကးရွိခဲ့ၿပီး အေမရိကန္ ပုဂၢလိကရတနာကုန္သည္ဆီကို ေရာင္းခ်ခဲ့ ၿပီးၿပီလို႔ သိရပါတယ္။ ေ႐ႊတုံးႀကီးကို Syd က သူ႔ဇနီးရဲ႕နာမည္ Lady Catherine လို႔ အမည္ေပးခဲ့ၿပီး ေတြ႕ေတြ႕ခ်င္းမွာ ေတာ့ ကိုယ့္မ်က္လုံးကိုယ္ မယုံႏိုင္ေအာင္ ျဖစ္ခဲ့ရတယ္လို႔ ဆိုပါတယ္။
Syd ဟာ အမႈိက္သိမ္းလုပ္ငန္းကို စြန႔္လႊတ္ၿပီးေနာက္ ရတနာေျမမွာ 37 ႏွစ္အတာ ေ႐ႊတူးခဲ့သူပါ။ ဒါေပမယ့္ ထိေရာက္တဲ့ ေ႐ႊစ ရွာမေတြ႕ပဲ ဘဝက ဒုံရင္းက ဒုံရင္းပဲ ျဖစ္ခဲ့ပါတယ္။ Syd ဟာ အသက္အ႐ြယ္နဲ႔မလိုက္ဖက္စြာ စြန႔္စား စီးပြားရွာခဲ့ ေပမယ့္ ကံမရွိ၊ ဉာဏ္ရွိတိုင္းမြဲ ဘဝက မတက္ႏိုင္ခဲ့ပါဘူး။
ဒါေပမယ့္ ႐ိုသားသားေတြမွာ တစ္ႀကိမ္ေတာ့ ကံေကာင္းၾကတယ္လို႔ ဆိုပါတယ္။ ထိုေန႔က ႏွစ္ဖက္ခြၽန္တူ႐ြင္းကို ေျမထဲကို အားရပါးရ ထိုးစိုက္လိုက္ခ်ိန္မွာ ေ႐ႊနဲ႔တူ႐ြင္းထိခတ္သံဟာ “ခ်လြင္”လို႔ေတာင္ ျမည္သြားတယ္လို႔ေတာင္ ထင္ရေၾကာင္း သူကဆိုပါတယ္။
တူ႐ႊင္းသြားကို ေျမထဲကေန စိတ္လႈရွားစြာ မလိုက္ခ်ိန္မွာေတာ့ မ်က္လုံးေတြ ျပဴးက်ယ္ဝိုင္းစက္သြားခဲ့ပါတယ္။ စိတ္ထဲမွာ လည္း သိလိုက္ပါတယ္။ ငါ ခ်မ္းသာၿပီ၊ ဒီေ႐ႊတုန္းႀကီးဟာ ကမာၻမွာ အႀကီးဆုံးပဲဆိုတာ။ Dunolly ေဒသမွာ ထြက္ရွိ တဲ့ ေ႐ႊဟာ ကမာၻမွာ အေကာင္းဆုံးနဲ႔ အသန႔္စင္ဆုံးေ႐ႊအျဖစ္ သတ္မွတ္ခံထားရၿပီး၊ သတၱဳစပ္ပါ ဝင္မႈ 96% အထိ ကင္းလြတ္တယ္လို႔ သိရပါတယ္။
Syd က ” က်ေနာ္ 37 ႏွစ္လုံးလုံး ဒီမွာ ေ႐ႊတူးခဲ့တယ္ .. တစ္ႀကိမ္ႀကိမ္မွာ ပမာဏအႀကီးႀကီး ေတြ႕ကိုေတြ႕ရမယ္လို႔ … က်ေနာ္ စိတ္ဓာတ္ဘယ္တုန္းကမွ မက်ခဲ့ပါဘူး … “လို႔ ေျပာခဲ့ပါတယ္။ တကယ္ေတာ့ Lady Catherine ေ႐ႊတုံးႀကီးဟာ ကမာၻအႀကီးဆုံး ေ႐ႊတုံး မဟုတ္ေသးပါဘူး။
ကမာၻအႀကီးဆုံး ေ႐ႊတုံးကို ယခု ၾသစေတးလွ်ႏိုင္ငံမွာပင္ 1869 ခုႏွစ္ကတည္းက ရွာေဖြေတြ႕ရွိခဲ့ပါ တယ္။ အဆိုပါ ေ႐ႊတုံး ႀကီး ဟာ 72 ကီလိုဂရမ္ (ေပါင္ 160 အထိ) အေလးခ်ိန္ရွိၿပီး Welcome Stranger လို႔ အမည္ ေပးခဲ့ပါတယ္။ အခုအခ်ိန္မွာ တန္းဖိုး ေပါင္ 2.3 သန္း ျဖစ္ေနပါၿပီ။ credit