ဒီကနေ့ လပြည့်ည သန်းခေါင်ကျော် မှာ ရွတ်ဖတ် ရမည့် ဂါထာတော်
ယနေ့လပြည့််နေ့ ညသန်းခေါင်ကျော် ၂ နာရီ ၃၀ မိနစ်မှ ၅ နာရီ ၃၀ မိနစ် အတွင်း အိပ်ယာ နိးသူများ နင့် အကြောင်းအမျိုးမျိုး ကြောင့် အိပ်မပျော်သူ များ အိပ်ရာ ဝင်ရောက်ရောက်သူများ
အိပ်ရာ အစောထသူများ (၅ နာရီ ၃၀ မတိုင်ခင် ထသူများ) (၅ နာရီ ၃၀ ) နမောတေ ဂါထာ ကို ရွတ်ဖတ် ပူဇော်နိင်ပါတယ်။အိပ်ရာ ထဲ လည်း ပူဇော်နိင်ပါတယ် ။နံနက် ၄ နာရီ ဝန်ကျင် နိးပါက အထူး ရွတ်ဖတ် သင့်ပါတယ်။
နမောတေ ဂါထာ – ပါဠိ ၁။နမော တေ ဗုဒ္ဓ ဝီရတ္ထု ဝိပ္ပမုတ္တော သိ သဗ္ဗဓိ၊ သမ္ဗာဓပ္ပဋိပန္နော သ္မိ၊တဿ မေ သရဏံ ဘဝ။ ၂။တထာဂတံ အရဟန္တံ၊ စန္ဒိမာ သရဏံ ဂတော ရာဟုစန္ဒံ ပမုဉ္စဿု၊ ဗုဒ္ဓါ လောကနု ကမ္ပကာ။ ။
ပါဠိအနက် – ၁။ဝီရ၊ လုံ့လ ကြီးမားတော်မူသော။ ဗုဒ္ဓ၊ ရှင်တော်မြတ်ဘုရား။ တေ၊ သုံးဘုံကျော်ကြား ရှင်တော်မြတ်ဘုရားအား။ နမော၊ ကာယဝစီ မနောချီလျက် နှစ်သက်မြတ်နိုး ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်ပါစေသတည်း။
တွံ၊ ဘေးရန်ကင်းငြား ရှင်တော်မြတ်ဘုရားသည်။ သဗ္ဗဓိ၊ အလုံးစုံသော အနှောင်အဖွဲ့မှ။ ဝိပ္ပမုတ္တော၊ ပါရမီတန်ခိုးနှင့် ပယ်နှိမ်ချိုးသဖြင့် လွယ်လင့်တကူ လွတ်မြောက်တော်မူသည်။ အသိ၊ ဖြစ်ပေ၏။
တွံ၊ ရှင်တော်မြတ်ဘုရားသည်။ တဿမေ၊ ထိုဘုရား တပည့်တော်၏။ သရဏံ၊ ဘေးရန်ကင်းပ ချမ်းသာရကြောင်း မြတ်သော မှီခိုရာသည်။ ဘဝ၊ ကရုဏာမိုး သွန်းကာဖြိုးလျက် နှစ်သက်ကြည်ဖြူ ဖြစ်တော်မူပါ အရှင်ဘုရား။
၂။ရာဟု=အိုရာဟုအသူရိန်။စန္ဒိမာ=လနတ်သားသည်။အရဟန္တံ=ပူဇော်အထူးကိုခံတော်မူထိုက်သော။ တထာဂတံံ=မြတ်စွာဘုရားကို။သရဏံ=မှီခိုအားထားကိုးစားစရာဟူပြီးမှီဝဲဆည်းကပ် သိမှတ်ပါ၏။
စန္ဒံ=လဗိမာန်ကို။ပမုဉ္စဿု=လွတ်လိုက်ပါလော့။ဗုဒ္ဓါ=ဘုရားရှင်တို့မည်သည်။လောကာနုကမ္ပကာ=လူ၊နတ်၊ဗြဟ္မာ၊သတ္တဝါဟူ သမျှကိုသနားသမှုကြောင့်ကြပြု၍ ဂရုစိုက်တော်မူကြပေ၏။။ရာဟု=ရာဟုအသူရိန်နတ်။တွံ=သင်သည်။စန္ဒံ=လဗိမာန်ကို။ပမုဉ္စ=လွတ်လိုက်ပါလော့။
credit
Zawgyi
ယနေ့လပြည့်နေ့ ညသန်းခေါင်ကျော် ၂ နာရီ ၃၀ မိနစ်မှ ၅ နာရီ ၃၀ မိနစ် အတွင်း အိပ်ယာ နိးသူများ နင့် အကြောင်းအမျိုးမျိုး ကြောင့် အိပ်မပျော်သူ များ အိပ်ရာ ဝင်ရောက်ရောက်သူများ
credit