ငယ်ငယ်က မြန်မာ့အသံမှာ တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်ပြသနေကျ မိသားစု တနင်္ဂနွေ သီချင်းလေးထဲကနေ တစ်နိုင်ငံလုံးက ပြည်သူတွေက ဆင်မလေးမိုမိုကို စသိခဲ့ကြတာ ဖြစ်ပါတယ်။ ဆင်မလေးမိုမိုဟာ ၁၉၆၁ ခုနှစ်မှာ
ကယားပြည်နယ်ကနေ ရန်ကုန်ကို ၇ နှစ်သမီးအရွယ်မှာ ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ မိုမိုဟာ ၇ နှစ်သမီးအရွယ်ကနေစပြီး နှစ်ပေါင်း ၅၀ ကြာသည်အထိကို သူမကိုချစ်ကြတဲ့ လူတွေအားလုံး စိတ်ပင်ပန်းမှုတွေ
ပြေပျောက်ဖို့အတွက် ဖျော်ဖြေပေးခဲ့တာပဲ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဆင်မကြီးမိုမိုဟာ ဖျော်ဖြေမှုတွေကနေ အပြီးတိုင် အနားယူခဲ့တာ ဖြစ်ပါတယ်။ ဆင်မကြီးမိုမိုဟာ ယခုဆိုရင် အသက် ၆၈ ပင် ပြည့်သွားခဲ့ပြီ
ဖြစ်ပါတယ်။ သူမရဲ့မွေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန် တိရိစ္ဆာန်ဥယျာဉ်မှာ အောက်တိုဘာ ၂၀ ရက်နေ့မှ အောက်တိုဘာ၂၄ ရက်အထိ Mo Mo Birthday Week ဆိုပြီး ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။
အောက်တိုဘာ ၂၂ ရက်နေ့မှာတော့ ဆင်မကြီး မိုမို ၆၈ နှစ်ပြည့်အတွက် အမှတ်တရ မွေးနေ့ကိတ်ခွဲခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဆင်မကြီးမိုမိုဟာ နားလည်မှုစွမ်းရည် မြင့်မားပြီး မိုမိုလို့
ခေါ်လိုက်ရင် ပြန်ထူးတတ်ခြင်း၊ သူ့ဆီ လာရောက်လည်ပတ်တဲ့ ကလေးလေးတွေကို ချစ်တတ်တာကြောင့် ပြည်သူတွေရဲ့ချစ်ခင်မှုကို တပွေ့တစ်ပိုက်ကြီး ရရှိထားခဲ့တာပဲ ဖြစ်ပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်.
Zawgyi
ငယ္ငယ္က ျမန္မာ့အသံမွာ တနဂၤေႏြေန႔တိုင္း ထုတ္လႊင့္ျပသေနက် မိသားစု တနဂၤေႏြ သီခ်င္းေလးထဲကေန တစ္ႏိုင္ငံလုံးက ျပည္သူေတြက ဆင္မေလးမိုမိုကို စသိခဲ့ၾကတာ ျဖစ္ပါတယ္။ ဆင္မေလးမိုမိုဟာ ၁၉၆၁ ခုႏွစ္မွာ
ကယားျပည္နယ္ကေန ရန္ကုန္ကို ၇ ႏွစ္သမီးအ႐ြယ္မွာ ေရာက္ရွိလာတာပဲ ျဖစ္ပါတယ္။ မိုမိုဟာ ၇ ႏွစ္သမီးအ႐ြယ္ကေနစၿပီး ႏွစ္ေပါင္း ၅၀ ၾကာသည္အထိကို သူမကိုခ်စ္ၾကတဲ့ လူေတြအားလုံး စိတ္ပင္ပန္းမႈေတြ
ေျပေပ်ာက္ဖို႔အတြက္ ေဖ်ာ္ေျဖေပးခဲ့တာပဲ ျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္မွာ ဆင္မႀကီးမိုမိုဟာ ေဖ်ာ္ေျဖမႈေတြကေန အၿပီးတိုင္ အနားယူခဲ့တာ ျဖစ္ပါတယ္။ ဆင္မႀကီးမိုမိုဟာ ယခုဆိုရင္ အသက္ ၆၈ ပင္ ျပည့္သြားခဲ့ၿပီ
ျဖစ္ပါတယ္။ သူမရဲ႕ေမြးေန႔ အထိမ္းအမွတ္အျဖစ္ ရန္ကုန္ တိရိစာၦန္ဥယ်ာဥ္မွာ ေအာက္တိုဘာ ၂၀ ရက္ေန႔မွ ေအာက္တိုဘာ၂၄ ရက္အထိ Mo Mo Birthday Week ဆိုၿပီး က်င္းပျပဳလုပ္ေနတာ ျဖစ္ပါတယ္။
ေအာက္တိုဘာ ၂၂ ရက္ေန႔မွာေတာ့ ဆင္မႀကီး မိုမို ၆၈ ႏွစ္ျပည့္အတြက္ အမွတ္တရ ေမြးေန႔ကိတ္ခြဲျခင္း အစီအစဥ္ကို ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ ဆင္မႀကီးမိုမိုဟာ နားလည္မႈစြမ္းရည္ ျမင့္မားၿပီး မိုမိုလို႔
ေခၚလိုက္ရင္ ျပန္ထူးတတ္ျခင္း၊ သူ႔ဆီ လာေရာက္လည္ပတ္တဲ့ ကေလးေလးေတြကို ခ်စ္တတ္တာေၾကာင့္ ျပည္သူေတြရဲ႕ခ်စ္ခင္မႈကို တေပြ႕တစ္ပိုက္ႀကီး ရရွိထားခဲ့တာပဲ ျဖစ္ပါတယ္။ ေလးစားစြာျဖင့္ ခရက္ဒစ္.