အေမရိကန္ရဲ႕ ကိုယ္ပိုင္လက္နက္ အမ်ားဆုံးပိုင္ဆိုင္သူအျဖစ္ စံခ်ိန္တင္ထားတဲ့ အမ်ိဳးသား

Mel Bernstein လို့ အမည်ရတဲ့ အမေရိကန် အမျိုးသားကြီးဟာ ဝါသနာအရ ဝယ်ယူစုဆောင်းထားတဲ့ လက်နက်ပေါင်း 3000 ကျော် တည်ရှိပြီး၊

တန်ဖိုးအားဖြင့် သန်းချီရှိတယ်လို့ သိရပါတယ်။ ဒီလက်နက် 3000 ကျော်ထဲမှာ သူပိုင်ဆိုင်တဲ့ တင့်ကားတွေ၊ လေယာဉ်ပစ် လက်နက်ကြီးတွေ မပါသေးပါဘူး။

Mel ကို သူစီးနေကျ နဂါးမီးမှုတ်ဆိုင်ကယ်ကြီးကြောင့် “နဂါးကြီး”လို့ နီးစပ်သူတွေက ရင်းရင်းနီးနီးခေါ်ကြပြီး၊ သူဟာ ကိုလိုရာဒိုမြို့မှာ နေထိုင်ပါတယ်။

သူဟာ သူချစ်တဲ့ လူသတ်လက်နက်တွေကြားမှာပင် အိပ်စက်ပြီး၊ နံရံမှာလည်း အမျိုးအစားစုံလင်လှတဲ့ လက်နက်တွေကိုလည်း ချိတ်ဆွဲထားပါတယ်။

Mel လက်နက်တွေ စုဆောင်းသိုလှောင်ထားရာ နေရာကိုလည်း “နဂါးပြည်”လို့ ခေါ်ကြပါတယ်။ အခုဆို သူ့လက်နက်တိုက်ကို ခရီးသွားတွေက ပြတိုက်သဘောမျိုးနဲ့

လာရောက်လေ့လာတာမျိုးတောင် ရှိနေပါပြီ။ သူဟာ ကြည်းကြောင်းတိုက်ခိုက်ရေး ယန္တရားယာဉ် အစီးပေါင်း 80 အထိ ပိုင်ဆိုင်ပြီး၊ သန်း ဆယ်ဂဏန်းမက တန်ဖိုးရှိပါတယ်။

သူပိုင်ဆိုင်တဲ့ လက်နက်တွေဟာ အကုန်လုံး အဆင်သင့်မောင်းတင် ပစ်ခတ်လို့ရနေတဲ့ လုံး၀ မပျက်စီးသေးတဲ့ လက်နတ်တွေပါ။ ဒီအထဲမှာပင် ဈေးကြီးပေးပြီး ဝယ်ထားရတဲ့

ဆာမူရိုင်းခေတ် ဓားအကောင်းစားတွေကလည်း အခုအချိန်ထိ ထက်မြနေဆဲပါဘဲ။ သူပိုင်ဆိုင်ထားတဲ့ လက်နက်နဲ့ ယန္တယားတွေရဲ့ စုစုပေါင်းတန်ဖိုးဟာ ပေါင် 8 သန်းအထိ တန်ကြေးရှိပါတယ်။

စက်သေနတ် အလက်ပေါင်း 200 ကျော်၊ လေယာဉ်ပစ် သေနတ်တင် တင့်ကားများကတော့ ပရိသတ်ကို အများဆုံးစွဲဆောင်ထားပါတယ်။

တကယ်တော့ Mel ဟာ စစ်ပြန်တစ်ယောက်ဖြစ်ပြီး၊ ဗီယက်နမ်စစ်မြေပြင်မှာ တစ်နှစ်ကြာ တိုက်ပွဲဝင်ခဲ့ရသူတစ်ဦးလည်း ဖြစ်ပါတယ်။

ယခုပိုင်ဆိုင်ထားတဲ့ လက်နက်တွေထဲမှာ သူကိုယ်တိုင် ကျွမ်းကျွမ်းကျင်ကျင် ပစ်ခတ်နိုင်ခြင်း မရှိတဲ့ လက်နက်တွေတောင် အများကြီးပါဝင်တယ်လို့ သိရပါတယ်။ Mal လက်နက်ထားရှိရာ နေရာဟာ

ဧကပေါင်း 260 အထိ ကျယ်ဝန်းပြီး၊ ကြည်းတပ်သုံး ယန္တရားတွေ လွတ်လွတ်လပ်လပ် မောင်းနှင်နိုင်မယ့် မြေကွက်လပ် အကျယ်ကြီးတွေလည်း ပါဝင်ပါတယ်။

1965-66 မှာ ဗီယက်နမ်စစ်မြေပြင်ကို ရောက်ခဲ့ပြီး၊ စစ်ပြီးတော့ တပ်မှအနားယူကာ အမေရိကန် Long Island မှာ ဆိုင်ကယ်ဝပ်ရှော့လုပ်ခဲ့ပါသေးတယ်။

1982 ခုနှစ်မှာ ဇနီးနဲ့ Terry Flanell အတူ ကိုလိုရာဒိုကို ပြောင်းရွှေ့ပြီး သေနတ်အရောင်းဆိုင် ဖွင့်လှစ်ခဲ့ပါတယ်။

2012 ခုနှစ်မှာ Discovery Channel ကို သူရဲ့ ရိုင်ဖယ်ဂိုထောင်ထဲမှာ ရိုက်ကူးစဉ် 150 mph ပြေးအားရှိတဲ့ မီးခိုးဗုံးနှစ်လုံးနဲ့ စစ်မြေပြင်အတု ဖန်တီးစဉ်မှာ ဇနီး Tarry ဟာ ထင်မှတ်မထားပဲ

မီးခိုးမွှန်အသက်ရှုကြပ်ပြီး သေဆုံးခဲ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Mel က “ကျနော့် အကောင်းဆုံး သူငယ်ချင်းတစ်ယောက် ဆုံးရှုံးခဲ့ရတယ် “လို့ ဆိုပါတယ်။

Mel မှာ စစ်ဝတ်စုံအမျိးမျိုး ရာနဲ့ချီပိုင်ဆိုင်ထားပြီး၊ အခုဆိုရင် ကမ္ဘာလှည့်ခရီးသွားတွေက သူ့ဆီကို တကူးတက လာရောက်လည်ပတ်လို့ နှစ်စဉ် ဝင်ကြေး ဒေါ်လာ 6 သိန်းအထိ ရရှိနေပြီလို့ သိရပါတယ်။

နိုင်ငံအသီးသီးမှ ထုတ်လုပ်တဲ့ ဗုံးကြီး၊ ဗုံးလေး၊ လေယာဉ်တင်ဗုံး စတဲ့ စနက်တံမပြုတ်သေးတဲ့ ဗုံးတွေကိုလည်း ပိုင်ဆိုင်ထားလို့ သူဟာ အချိန်မရွေး မီးလောင်ပြာကျနိုင်တဲ့ နေရာမှာ နေထိုင်နေတဲ့ မီးနဂါးကြီးပါဘဲ။ credit

Zawgyi

Mel Bernstein လို႔ အမည္ရတဲ့ အေမရိကန္ အမ်ိဳးသားႀကီးဟာ ဝါသနာအရ ဝယ္ယူစုေဆာင္းထားတဲ့ လက္နက္ေပါင္း 3000 ေက်ာ္ တည္ရွိၿပီး၊

တန္ဖိုးအားျဖင့္ သန္းခ်ီရွိတယ္လို႔ သိရပါတယ္။ ဒီလက္နက္ 3000 ေက်ာ္ထဲမွာ သူပိုင္ဆိုင္တဲ့ တင့္ကားေတြ၊ ေလယာဥ္ပစ္ လက္နက္ႀကီးေတြ မပါေသးပါဘူး။

Mel ကို သူစီးေနက် နဂါးမီးမႈတ္ဆိုင္ကယ္ႀကီးေၾကာင့္ “နဂါးႀကီး”လို႔ နီးစပ္သူေတြက ရင္းရင္းနီးနီးေခၚၾကၿပီး၊ သူဟာ ကိုလိုရာဒိုၿမိဳ႕မွာ ေနထိုင္ပါတယ္။

သူဟာ သူခ်စ္တဲ့ လူသတ္လက္နက္ေတြၾကားမွာပင္ အိပ္စက္ၿပီး၊ နံရံမွာလည္း အမ်ိဳးအစားစုံလင္လွတဲ့ လက္နက္ေတြကိုလည္း ခ်ိတ္ဆြဲထားပါတယ္။

Mel လက္နက္ေတြ စုေဆာင္းသိုေလွာင္ထားရာ ေနရာကိုလည္း “နဂါးျပည္”လို႔ ေခၚၾကပါတယ္။ အခုဆို သူ႔လက္နက္တိုက္ကို ခရီးသြားေတြက ျပတိုက္သေဘာမ်ိဳးနဲ႔

လာေရာက္ေလ့လာတာမ်ိဳးေတာင္ ရွိေနပါၿပီ။ သူဟာ ၾကည္းေၾကာင္းတိုက္ခိုက္ေရး ယႏၲရားယာဥ္ အစီးေပါင္း 80 အထိ ပိုင္ဆိုင္ၿပီး၊ သန္း ဆယ္ဂဏန္းမက တန္ဖိုးရွိပါတယ္။

သူပိုင္ဆိုင္တဲ့ လက္နက္ေတြဟာ အကုန္လုံး အဆင္သင့္ေမာင္းတင္ ပစ္ခတ္လို႔ရေနတဲ့ လုံး၀ မပ်က္စီးေသးတဲ့ လက္နတ္ေတြပါ။ ဒီအထဲမွာပင္ ေဈးႀကီးေပးၿပီး ဝယ္ထားရတဲ့

ဆာမူ႐ိုင္းေခတ္ ဓားအေကာင္းစားေတြကလည္း အခုအခ်ိန္ထိ ထက္ျမေနဆဲပါဘဲ။ သူပိုင္ဆိုင္ထားတဲ့ လက္နက္နဲ႔ ယႏၲယားေတြရဲ႕ စုစုေပါင္းတန္ဖိုးဟာ ေပါင္ 8 သန္းအထိ တန္ေၾကးရွိပါတယ္။

စက္ေသနတ္ အလက္ေပါင္း 200 ေက်ာ္၊ ေလယာဥ္ပစ္ ေသနတ္တင္ တင့္ကားမ်ားကေတာ့ ပရိသတ္ကို အမ်ားဆုံးစြဲေဆာင္ထားပါတယ္။

တကယ္ေတာ့ Mel ဟာ စစ္ျပန္တစ္ေယာက္ျဖစ္ၿပီး၊ ဗီယက္နမ္စစ္ေျမျပင္မွာ တစ္ႏွစ္ၾကာ တိုက္ပြဲဝင္ခဲ့ရသူတစ္ဦးလည္း ျဖစ္ပါတယ္။

ယခုပိုင္ဆိုင္ထားတဲ့ လက္နက္ေတြထဲမွာ သူကိုယ္တိုင္ ကြၽမ္းကြၽမ္းက်င္က်င္ ပစ္ခတ္ႏိုင္ျခင္း မရွိတဲ့ လက္နက္ေတြေတာင္ အမ်ားႀကီးပါဝင္တယ္လို႔ သိရပါတယ္။ Mal လက္နက္ထားရွိရာ ေနရာဟာ

ဧကေပါင္း 260 အထိ က်ယ္ဝန္းၿပီး၊ ၾကည္းတပ္သုံး ယႏၲရားေတြ လြတ္လြတ္လပ္လပ္ ေမာင္းႏွင္ႏိုင္မယ့္ ေျမကြက္လပ္ အက်ယ္ႀကီးေတြလည္း ပါဝင္ပါတယ္။

1965-66 မွာ ဗီယက္နမ္စစ္ေျမျပင္ကို ေရာက္ခဲ့ၿပီး၊ စစ္ၿပီးေတာ့ တပ္မွအနားယူကာ အေမရိကန္ Long Island မွာ ဆိုင္ကယ္ဝပ္ေရွာ့လုပ္ခဲ့ပါေသးတယ္။

1982 ခုႏွစ္မွာ ဇနီးနဲ႔ Terry Flanell အတူ ကိုလိုရာဒိုကို ေျပာင္းေ႐ႊ႕ၿပီး ေသနတ္အေရာင္းဆိုင္ ဖြင့္လွစ္ခဲ့ပါတယ္။

2012 ခုႏွစ္မွာ Discovery Channel ကို သူရဲ႕ ႐ိုင္ဖယ္ဂိုေထာင္ထဲမွာ ႐ိုက္ကူးစဥ္ 150 mph ေျပးအားရွိတဲ့ မီးခိုးဗုံးႏွစ္လုံးနဲ႔ စစ္ေျမျပင္အတု ဖန္တီးစဥ္မွာ ဇနီး Tarry ဟာ ထင္မွတ္မထားပဲ

မီးခိုးမႊန္အသက္ရႈၾကပ္ၿပီး ေသဆုံးခဲ့ရပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး Mel က “က်ေနာ့္ အေကာင္းဆုံး သူငယ္ခ်င္းတစ္ေယာက္ ဆုံးရႈံးခဲ့ရတယ္ “လို႔ ဆိုပါတယ္။

Mel မွာ စစ္ဝတ္စုံအမ်ိးမ်ိဳး ရာနဲ႔ခ်ီပိုင္ဆိုင္ထားၿပီး၊ အခုဆိုရင္ ကမာၻလွည့္ခရီးသြားေတြက သူ႔ဆီကို တကူးတက လာေရာက္လည္ပတ္လို႔ ႏွစ္စဥ္ ဝင္ေၾကး ေဒၚလာ 6 သိန္းအထိ ရရွိေနၿပီလို႔ သိရပါတယ္။

ႏိုင္ငံအသီးသီးမွ ထုတ္လုပ္တဲ့ ဗုံးႀကီး၊ ဗုံးေလး၊ ေလယာဥ္တင္ဗုံး စတဲ့ စနက္တံမျပဳတ္ေသးတဲ့ ဗုံးေတြကိုလည္း ပိုင္ဆိုင္ထားလို႔ သူဟာ အခ်ိန္မေ႐ြး မီးေလာင္ျပာက်ႏိုင္တဲ့ ေနရာမွာ ေနထိုင္ေနတဲ့ မီးနဂါးႀကီးပါဘဲ။ credit