ဘုရားပန္းအိုး ၂အိုးပဲထားရမယ္ ၃အိုးထားရမယ္၊ ေသခ်ာမသိေသးသူမ်ားအတြက္

၁။ ဂေါတမ မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်း ဂန္ဓကုဋီတိုက်တော်မှာ သီတင်းသုံးတော်မူစဉ်၊ရပ်ဝေးရပ်နီးမှ ရဟန် းရှင်လူအမျ ား ဘုရား ဖူး တရားနာ လာကြကုန်၏။ခရီးကပန်း၊

လမ်းကကြမ်းသောကြောင့် ချွေးသီးချွေးပေါက် အသွယ်သွယ် ဖုန်အလိမ်းလိမ်းနှင့်ပေါ့။တချို့မှာ ချွေးနံ့ တထောင်းထောင်းနှင့် ဘုရားရှင် သီတင်းသုံးရာ ဂန္ဓကုဋီတိုက်တော် တခုလုံး အနံ့သက်တွေက မကောင်း။

ဒါကို သတိပြုမိတဲ့ ညီတော် အရှင်အာနန္ဒာစသော ရဟန်းရှင်လူတွေက ဘုရားနဲ့ တရားနာ ပရိသတ်အ ကြားမှာ ပန်း နံ့သာတွေ ကို ထာ းခဲ့ကြတယ်။ဘုရားပန်းတွေ ကြောင့် ပရိသတ်တွေဆီက ချွေးနံ့တွေ

ဘုရားဆီ မရောက်တော့ဘူးပေါ့။တရားနာပရိသတ်တွေလည်း ပန်းနံ့လေးတွေရ ပန်းတွေ ကိုမြင်ပြီး အ မောတွေပြေ စိတ်တွေကြည်လင်လာတယ်။

တရားနာရတာလည်း အရင်ကထက် ကြည်ကြည်နူးနူး ရှိလာတယ် ထိုအချိန်မှ စ၍ ဘုရား ပန်း လှူ တဲ့ဓလေ့က စတင်လာတယ်။ပန် းပန်တာ မဟုတ်တဲ့အတွ က် မာလာဂန္ဓ ဝိလေပန ဆိုတဲ့ သီလနဲ့လည်း ငြိစွန်းမှု မရှိတော့ဘူး အပြစ်ကင်းတယ်။

၂။ ပန်းအိုး ဘယ်နှအိုး ထားရမလဲ ဆိုတဲ့ အမေးမှာ နံပါတ် ၁ အဖြေက သက်သေဖြစ်တယ်။ဘယ်နှအိုးထားထား အပြစ် မရှိဘူး။ မိမိတို့ ရဲ့ ဘုရား‌ကျောင်း‌ဆောင်နဲ့ လိုက်ဖက်သလို ထားနိုင်တယ်။

၁ အိုး ၃ အိုး စသည်ဖြင့် မ ဂဏန်း ထားမှ ၂ အိုး ၄ အိုး စသည်ဖြင့် စုံ ဂဏန်းထားမှဟု ဘုရားဟောမရှိခဲ့ဘူး။စုံမခွဲပြီး လှူဒါန်းတာက ဗုဒ္ဓဘာသာရဲ့ အယူအဆ မဟုတ်။မိမိရဲ့ဘုရား‌ကျောင်း‌ဆောင်အနေအထားက

ဘယ်နှအိုးထားမှ တင့်တ ယ်မယ် ဆိုတာကို ချင့်ချိန်တ တ်ဖို့ အရေးကြီးသည်။တချို့က ယတြာတွေ အဓိဋ္ဌာန်တွေကြောင့် အရေအတွက် အမျိုးမျိုး လှူကြတယ်။။ဘယ်လိုပဲ လှူလှူ ကု သိုလ်က ကုသိုလ်ပဲ။ ဘုရားပန်းတွေ လန်းတော့ ဘုရား‌ကျောင်းဆောင်လည်း မင်္ဂလာကျက်သရေ တိုးတာပေါ့။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Zawgyi

၁။ ေဂါတမ ျမတ္စြာဘုရားရွင္ ေဇတဝန္ေက်ာင္း ဂႏၶကုဋီတိုက္ေတာ္မွာ သီတင္းသုံးေတာ္မူစဥ္၊ရပ္ေဝးရပ္နီးမွ ရဟန္ းရွင္လူအမ် ား ဘုရား ဖူး တရားနာ လာၾကကုန္၏။ခရီးကပန္း၊

လမ္းကၾကမ္းေသာေၾကာင့္ ေခြၽးသီးေခြၽးေပါက္ အသြယ္သြယ္ ဖုန္အလိမ္းလိမ္းႏွင့္ေပါ့။တခ်ိဳ႕မွာ ေခြၽးနံ႔ တေထာင္းေထာင္းႏွင့္ ဘုရားရွင္ သီတင္းသုံးရာ ဂႏၶကုဋီတိုက္ေတာ္ တခုလုံး အနံ႔သက္ေတြက မေကာင္း။

ဒါကို သတိျပဳမိတဲ့ ညီေတာ္ အရွင္အာနႏၵာစေသာ ရဟန္းရွင္လူေတြက ဘုရားနဲ႔ တရားနာ ပရိသတ္အ ၾကားမွာ ပန္း နံ႔သာေတြ ကို ထာ းခဲ့ၾကတယ္။ဘုရားပန္းေတြ ေၾကာင့္ ပရိသတ္ေတြဆီက ေခြၽးနံ႔ေတြ

ဘုရားဆီ မေရာက္ေတာ့ဘူးေပါ့။တရားနာပရိသတ္ေတြလည္း ပန္းနံ႔ေလးေတြရ ပန္းေတြ ကိုျမင္ၿပီး အ ေမာေတြေျပ စိတ္ေတြၾကည္လင္လာတယ္။

တရားနာရတာလည္း အရင္ကထက္ ၾကည္ၾကည္ႏူးႏူး ရွိလာတယ္ ထိုအခ်ိန္မွ စ၍ ဘုရား ပန္း လႉ တဲ့ဓေလ့က စတင္လာတယ္။ပန္ းပန္တာ မဟုတ္တဲ့အတြ က္ မာလာဂႏၶ ဝိေလပန ဆိုတဲ့ သီလနဲ႔လည္း ၿငိစြန္းမႈ မရွိေတာ့ဘူး အျပစ္ကင္းတယ္။

၂။ ပန္းအိုး ဘယ္ႏွအိုး ထားရမလဲ ဆိုတဲ့ အေမးမွာ နံပါတ္ ၁ အေျဖက သက္ေသျဖစ္တယ္။ဘယ္ႏွအိုးထားထား အျပစ္ မရွိဘူး။ မိမိတို႔ ရဲ႕ ဘုရား‌ေက်ာင္း‌ေဆာင္နဲ႔ လိုက္ဖက္သလို ထားႏိုင္တယ္။

၁ အိုး ၃ အိုး စသည္ျဖင့္ မ ဂဏန္း ထားမွ ၂ အိုး ၄ အိုး စသည္ျဖင့္ စုံ ဂဏန္းထားမွဟု ဘုရားေဟာမရွိခဲ့ဘူး။စုံမခြဲၿပီး လႉဒါန္းတာက ဗုဒၶဘာသာရဲ႕ အယူအဆ မဟုတ္။မိမိရဲ႕ဘုရား‌ေက်ာင္း‌ေဆာင္အေနအထားက

ဘယ္ႏွအိုးထားမွ တင့္တ ယ္မယ္ ဆိုတာကို ခ်င့္ခ်ိန္တ တ္ဖို႔ အေရးႀကီးသည္။တခ်ိဳ႕က ယၾတာေတြ အဓိ႒ာန္ေတြေၾကာင့္ အေရအတြက္ အမ်ိဳးမ်ိဳး လႉၾကတယ္။။ဘယ္လိုပဲ လႉလႉ ကု သိုလ္က ကုသိုလ္ပဲ။ ဘုရားပန္းေတြ လန္းေတာ့ ဘုရား‌ေက်ာင္းေဆာင္လည္း မဂၤလာက်က္သေရ တိုးတာေပါ့။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ Credit ေပးပါသည္။