ေနေပၚမွာ ျပင္းထန္တဲ့ ေပါက္ကြဲမႈေတြျဖစ္၊ ကမာၻကို ဒီေန႔႐ိုက္ခတ္

နေပေါ်မှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေဖြစ်၊ ကမ္ဘာကို ဒီနေ့ရိုက်ခတ်

နေပေါ်မှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ ဖြစ်နေပြီး၊ အဲဒီပေါက်ကွဲမှုတွေကနေ ထွက်ပေါ်လာတဲ့ အင်မတန်ပြင်းထန်တဲ့ စွမ်းအင်လှိုင်းတစ်ခုဟာ ကမ္ဘာဂြိုဟ်ကို ဒီနေ့ရိုက်ခတ်လာပါတယ်လို့ အာကာသမိုးလေဝသပညာရှင်တွေကပြောပါတယ်။

ဒါကြောင့် ကမ္ဘာ့နေရာတချို့မှာ ရေဒီယိုဆက်သွယ်မှု၊ ထုတ်လွှင့်မှုတွေ ပြတ်တောက်နိုင်တယ်လို့လဲ ဆိုပါတယ်။ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက နေရဲ့ အေရှ့မြောက်ဖက်မှာ အလတ်စားပြင်းထန်မှု M2 အဆင့်ရှိတဲ့ နေမီးတောက်ကြီးတွေပေါက်ကွဲပေါ်ထွက်လာတာကြောင့်

အဲဒီလိုဖြစ်ရတာပါ။ အဲဒီပေါက်ကွဲမှုတွေကြောင့် မျှော်လင့်မထားတဲ့ စွမ်းအင်ဖြာထွက်မှုဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ GMT စံတော်ချိန် ညနေ ၅နာရီ ၁မိနစ်(မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့ မနက် ၁ နာရီ ၃၅ မိနစ်)မှာ ကမ္ဘာကို စတင်ရိုက်ခတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီလိုနေပေါ်မှာ ပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်နေတာကိုလဲ အမေရိကန်အာကာသလေ့လာရေးအေဂျင်စီ(NASA)က ဓာတ်ပုံမှတ်တမ်းတွေရိုက်ယူခဲ့ပါတယ်။

PopularNewsJournal

Zawgyi

ေနေပၚမွာ ျပင္းထန္တဲ့ ေပါက္ကြဲမႈေတြျဖစ္၊ ကမာၻကို ဒီေန႔႐ိုက္ခတ္

ေနေပၚမွာ ျပင္းထန္တဲ့ ေပါက္ကြဲမႈေတြ ျဖစ္ေနၿပီး၊ အဲဒီေပါက္ကြဲမႈေတြကေန ထြက္ေပၚလာတဲ့ အင္မတန္ျပင္းထန္တဲ့ စြမ္းအင္လႈိင္းတစ္ခုဟာ ကမာၻၿဂိဳဟ္ကို ဒီေန႔႐ိုက္ခတ္လာပါတယ္လို႔ အာကာသမိုးေလဝသပညာရွင္ေတြကေျပာပါတယ္။

ဒါေၾကာင့္ ကမာၻ႔ေနရာတခ်ိဳ႕မွာ ေရဒီယိုဆက္သြယ္မႈ၊ ထုတ္လႊင့္မႈေတြ ျပတ္ေတာက္ႏိုင္တယ္လို႔လဲ ဆိုပါတယ္။ၿပီးခဲ့တဲ့ အဂၤါေန႔တုန္းက ေနရဲ႕ ေအရွ႕ေျမာက္ဖက္မွာ အလတ္စားျပင္းထန္မႈ M2 အဆင့္ရွိတဲ့ ေနမီးေတာက္ႀကီးေတြေပါက္ကြဲေပၚထြက္လာတာေၾကာင့္

အဲဒီလိုျဖစ္ရတာပါ။ အဲဒီေပါက္ကြဲမႈေတြေၾကာင့္ ေမွ်ာ္လင့္မထားတဲ့ စြမ္းအင္ျဖာထြက္မႈဟာ ၿပီးခဲ့တဲ့ အဂၤါေန႔ GMT စံေတာ္ခ်ိန္ ညေန ၅နာရီ ၁မိနစ္(ျမန္မာစံေတာ္ခ်ိန္ ဗုဒၶဟူးေန႔ မနက္ ၁ နာရီ ၃၅ မိနစ္)မွာ ကမာၻကို စတင္႐ိုက္ခတ္ခဲ့တာျဖစ္ပါတယ္။

အဲဒီလိုေနေပၚမွာ ေပါက္ကြဲမႈေတြဆက္တိုက္ျဖစ္ေနတာကိုလဲ အေမရိကန္အာကာသေလ့လာေရးေအဂ်င္စီ(NASA)က ဓာတ္ပုံမွတ္တမ္းေတြ႐ိုက္ယူခဲ့ပါတယ္။

PopularNewsJournal