နဂိုကတည္းကမွ စည္းလုံးမႈမရွိဘဲ ဂိုဏ္းေတြကြဲေနတဲ့ ဂီတေလာကႀကီးရဲ႕ အာဏာသိမ္းၿပီး ေနာက္ဆက္တြဲအေျခအေနကို မ်က္စိထဲျမင္သာေအာင္ ေထာက္ျပလာတဲ့ အဆိုေတာ္ အိမ့္ခ်စ္

နိုင်ငံကျော် တေးသံရှင် အဆိုတော်တစ်ယောက်ဖြစ်တဲ့ အိမ့်ချစ်ကတော့ သီချင်းဆိုကောင်းသလို ချစ်စရာလည်းကောင်းတာကြောင့် ပရိသတ်တွေ ကြားမှာသာမက အနုပညာရှင်

အသိုင်းအဝိုင်းမှာလည်း လူချစ်လူခင် ပေါများသူတစ်ယောက် ဖြစ်ပါတယ်။ အဆိုတော် အိမ့်ချစ်ကတော့ အခုဆိုရင် အိမ်ထောင်ရှင်မတစ်ယောက် ဖြစ်နေပြီဆိုပေမယ့် သူမ

မြတ်နိုးတဲ့ အနုပညာ အလုပ်တွေကိုလည်း လုပ်ကိုင်ကာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလည်း လုပ်ကိုင်နေပြီပဲဖြစ်ပါတယ်။ ရင်ထဲရှိတာကို မကွယ်မဝှက်ပဲ ပွင့်ပွင့်လင်းလင်း

ပြောဆိုတတ်တဲ့ အိမ့်ချစ်က ဒီကနေ့မှာလည်း အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဂီတလောကက ပိုမိုဆိုးရွားသွားတဲ့ အခြေအနေကို ပြောပြလာပါတယ်။ အိမ့်ချစ်က

“နင်ကတော့ အာဏာသိမ်းလိုက်တာပဲ။ နဂိုတည်းကမှ ၁၅ ဂိုဏ်းလောက်ကွဲနေတဲ့ ငါတို့ဂီတလောကကြီးဟာ ခုဆိုရင် ၁၈၅ ဂိုဏ်းလောက် ကွဲသွားကြပြီကော” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

အိမ့်ချစ်ကတော့ အရင်ကတည်းက စည်းစည်းလုံးလုံးမရှိတဲ့ ဂီတလောကကြီးဟာ အာဏာသိမ်းပြီး အနီ၊အစိမ်းနဲ့ ကြားနေဆိုပြီး အမျိုးမျိုးပိုကွဲသွားကာ အခြေအနေတွေ ပိုမိုဆိုးရွားသွားကြောင်းကို အခုလိုပဲ ဒဲ့ပြောလာတာဖြစ်ပါတယ်။

Zawgyi

ႏိုင္ငံေက်ာ္ ေတးသံရွင္ အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ အိမ့္ခ်စ္ကေတာ့ သီခ်င္းဆိုေကာင္းသလို ခ်စ္စရာလည္းေကာင္းတာေၾကာင့္ ပရိသတ္ေတြ ၾကားမွာသာမက အႏုပညာရွင္

အသိုင္းအဝိုင္းမွာလည္း လူခ်စ္လူခင္ ေပါမ်ားသူတစ္ေယာက္ ျဖစ္ပါတယ္။ အဆိုေတာ္ အိမ့္ခ်စ္ကေတာ့ အခုဆိုရင္ အိမ္ေထာင္ရွင္မတစ္ေယာက္ ျဖစ္ေနၿပီဆိုေပမယ့္ သူမ

ျမတ္ႏိုးတဲ့ အႏုပညာ အလုပ္ေတြကိုလည္း လုပ္ကိုင္ကာ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းကိုလည္း လုပ္ကိုင္ေနၿပီပဲျဖစ္ပါတယ္။ ရင္ထဲရွိတာကို မကြယ္မဝွက္ပဲ ပြင့္ပြင့္လင္းလင္း

ေျပာဆိုတတ္တဲ့ အိမ့္ခ်စ္က ဒီကေန႔မွာလည္း အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ ဂီတေလာကက ပိုမိုဆိုး႐ြားသြားတဲ့ အေျခအေနကို ေျပာျပလာပါတယ္။ အိမ့္ခ်စ္က

“နင္ကေတာ့ အာဏာသိမ္းလိုက္တာပဲ။ နဂိုတည္းကမွ ၁၅ ဂိုဏ္းေလာက္ကြဲေနတဲ့ ငါတို႔ဂီတေလာကႀကီးဟာ ခုဆိုရင္ ၁၈၅ ဂိုဏ္းေလာက္ ကြဲသြားၾကၿပီေကာ” ဆိုၿပီး ေျပာလာတာပဲ ျဖစ္ပါတယ္။

အိမ့္ခ်စ္ကေတာ့ အရင္ကတည္းက စည္းစည္းလုံးလုံးမရွိတဲ့ ဂီတေလာကႀကီးဟာ အာဏာသိမ္းၿပီး အနီ၊အစိမ္းနဲ႔ ၾကားေနဆိုၿပီး အမ်ိဳးမ်ိဳးပိုကြဲသြားကာ အေျခအေနေတြ ပိုမိုဆိုး႐ြားသြားေၾကာင္းကို အခုလိုပဲ ဒဲ့ေျပာလာတာျဖစ္ပါတယ္။