ကိုရီယားႏိုင္ငံ ေရာက္ေနတဲ့ ဦးေက်ာ္သူ အေၾကာင္း

သရုပ်ဆောင်ကျော်သူ ပြောပြလာတဲ့ ရုပ်ရှင်သရုပ်ဆောင် အလုပ် နှင့် သုဘရာဇာ အလုပ်အကြောင်း – မင်္ဂလာပါ ချစ်ပရိသတ်ကြီးရေ အခုတစ်ခါမှာဆိုရင်တော့ သရုပ်ဆောင်ကျော်သူက ရုပ်ရှင်သရုပ်ဆောင် အလုပ်အကြောင်း နဲ့ သုဘရာဇာအလုပ်အကြောင်းကို

အခုလို ပြောပြလာခဲ့ပါတယ်နော်။ သရုပ်ဆောင်ကျော်သူက ကိုရီးယားမှာပေါ့ဗျာ၊ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင်ဖြစ်တယ်လို့ ကိုရီးယားလို မိတ်ဆက်ပေးတော့ ပြုံးပြလေရဲ့၊ ရုပ်ရှင်လည်းရိုက်တယ်၊ အသုဘလည်းချတဲ့ ကုသိုလ်ဖြစ် သုဘရာဇာလို့လည်း

မိတ်ဆက်ပေးရော ပြုံးပြယုံတင်မကတော့ဘူး အတ.င်.းလက်ကို ဆွဲကိုင်ဖက်ပြီး ဓါတ်ပုံရိုက်ခိုင်းတော့တာဘဲဗျာ။ တချို့ဆိုရင် ထမင်းစားပွဲမှာ တကယ့်အဓိက ဧည့်သည်တော်တွေထိုင်တဲ့ ထိပ်ဆုံးထိုင်ခုံမှာ နေရာချပေး၊ အရေးကြီးတဲ့ နိုင်ငံတော်အခန်းအနားဖွင့်ပွဲမှာ

ဖဲကြိုးဖြတ်ပေးခိုင်းလို့ခိုင်း နေရာပေးလိုက်ကြတာလေ၊ ဒါကလူကြီးကော လူငယ်ကော မိန်းမကြီးကော မိန်းမငယ်လေးတွေကောဗျ၊ သူဌေးကော၊ ကမ္ဘာကျော်မင်းသားကော ပြည်သူအရပ်သားကောဗျ၊ အားလုံးကတစ်ပုံစံထဲ ဆက်ဆံမှုတုန့်ပြန်မှုတွေ

တစ်ထပ်ထဲဗျာ။ မြန်မာပြည်ဆိုရင်တော့ အရင်ကပေါ့ဗျာ၊ မင်းသားပါဆိုတော့ ပြုံးပြီးဓါတ်ပုံရိုက်ရင်ရိုက် အော်တိုထိုးခိုင်းရင်ခိုင်းပေါ့၊ သုဘ ရာဇာဆိုတာနဲ့ မျက်နှာပျက်ပြီး နူတ်ခမ်းမဲ့ရွဲ့ပြီး ဝေးဝေးကို ရှောင်ထွက်သွားလေရဲ့၊ ဒါဟာ ပြည်ပနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့

မတူညီတဲ့ဆက်ဆံရေးပေါ့ဗျာ။ ဪ ထေရဝါဒ ဗုဒ္ဓဘာသာတွေရဲ့နိုင်ငံမှာ ဘာဖြစ်လို့များ ဒီလောက်အယူသည်းကြပါလိမ့်လို့ ဒွိဟဖြစ်မိပါရဲ့ဗျာ ဆိုပြီးတော့ ရေးသား ဖော်ပြထားပါတယ်၊ စာဖတ်ပရိသတ်ကြီးများအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Zawgyi

သ႐ုပ္ေဆာင္ေက်ာ္သူ ေျပာျပလာတဲ့ ႐ုပ္ရွင္သ႐ုပ္ေဆာင္ အလုပ္ ႏွင့္ သုဘရာဇာ အလုပ္အေၾကာင္း – မဂၤလာပါ ခ်စ္ပရိသတ္ႀကီးေရ အခုတစ္ခါမွာဆိုရင္ေတာ့ သ႐ုပ္ေဆာင္ေက်ာ္သူက ႐ုပ္ရွင္သ႐ုပ္ေဆာင္ အလုပ္အေၾကာင္း နဲ႔ သုဘရာဇာအလုပ္အေၾကာင္းကို

အခုလို ေျပာျပလာခဲ့ပါတယ္ေနာ္။ သ႐ုပ္ေဆာင္ေက်ာ္သူက ကိုရီးယားမွာေပါ့ဗ်ာ၊ အကယ္ဒမီ ႐ုပ္ရွင္သ႐ုပ္ေဆာင္ျဖစ္တယ္လို႔ ကိုရီးယားလို မိတ္ဆက္ေပးေတာ့ ၿပဳံးျပေလရဲ႕၊ ႐ုပ္ရွင္လည္း႐ိုက္တယ္၊ အသုဘလည္းခ်တဲ့ ကုသိုလ္ျဖစ္ သုဘရာဇာလို႔လည္း

မိတ္ဆက္ေပးေရာ ၿပဳံးျပယုံတင္မကေတာ့ဘူး အတ.င္.းလက္ကို ဆြဲကိုင္ဖက္ၿပီး ဓါတ္ပုံ႐ိုက္ခိုင္းေတာ့တာဘဲဗ်ာ။ တခ်ိဳ႕ဆိုရင္ ထမင္းစားပြဲမွာ တကယ့္အဓိက ဧည့္သည္ေတာ္ေတြထိုင္တဲ့ ထိပ္ဆုံးထိုင္ခုံမွာ ေနရာခ်ေပး၊ အေရးႀကီးတဲ့ ႏိုင္ငံေတာ္အခန္းအနားဖြင့္ပြဲမွာ

ဖဲႀကိဳးျဖတ္ေပးခိုင္းလို႔ခိုင္း ေနရာေပးလိုက္ၾကတာေလ၊ ဒါကလူႀကီးေကာ လူငယ္ေကာ မိန္းမႀကီးေကာ မိန္းမငယ္ေလးေတြေကာဗ်၊ သူေဌးေကာ၊ ကမာၻေက်ာ္မင္းသားေကာ ျပည္သူအရပ္သားေကာဗ်၊ အားလုံးကတစ္ပုံစံထဲ ဆက္ဆံမႈတုန္႔ျပန္မႈေတြ

တစ္ထပ္ထဲဗ်ာ။ ျမန္မာျပည္ဆိုရင္ေတာ့ အရင္ကေပါ့ဗ်ာ၊ မင္းသားပါဆိုေတာ့ ၿပဳံးၿပီးဓါတ္ပုံ႐ိုက္ရင္႐ိုက္ ေအာ္တိုထိုးခိုင္းရင္ခိုင္းေပါ့၊ သုဘ ရာဇာဆိုတာနဲ႔ မ်က္ႏွာပ်က္ၿပီး ႏူတ္ခမ္းမဲ့႐ြဲ႕ၿပီး ေဝးေဝးကို ေရွာင္ထြက္သြားေလရဲ႕၊ ဒါဟာ ျပည္ပႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံရဲ႕

မတူညီတဲ့ဆက္ဆံေရးေပါ့ဗ်ာ။ ဪ ေထရဝါဒ ဗုဒၶဘာသာေတြရဲ႕ႏိုင္ငံမွာ ဘာျဖစ္လို႔မ်ား ဒီေလာက္အယူသည္းၾကပါလိမ့္လို႔ ဒြိဟျဖစ္မိပါရဲ႕ဗ်ာ ဆိုၿပီးေတာ့ ေရးသား ေဖာ္ျပထားပါတယ္၊ စာဖတ္ပရိသတ္ႀကီးမ်ားအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။