ကံဆိုးမှုကိုကျော်လွှားပြီး ဂဟေဆော်အလုပ်ဆက်လုပ်နိုင်ရန်အတွက် bionic စက်ရုပ်လက်မောင်းတစ်ခုကို ကိုယ်တိုင်ဖန်တီးခဲ့တဲ့ အမျိုးသား (ရုပ်သံ)

တကယ့်ဘဝ Iron Man ဝတ်စုံနဲ့ အလှမ်းဝေးနေပေမယ့် အင်ဒိုနီးရှားနိုင်ငံမှ မသန်စွမ်းသူ အမျိုးသားတစ်ဦးကတော့ ၎င်းကဲ့သို့ပုံစံတူတစ်ခုခုကို ဖန်တီးရာမှာ ကွဲထွက်သွားပါတယ်။ ဤအရာအား သူကိုယ်တိုင်ဖန်တီးခဲ့ပြီး

၎င်းကိုအောင်မြင်ရန် သူကျော်ဖြတ်ခဲ့ရသည့် အခြေအနေတွေကို သင်သဘောပေါက်သွားတဲ့အခါ ၎င်းဟာ အလွန်မှတ်သားဖွယ်ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။ အဆိုပါ အင်ဒိုနီးရှာရှားနိုင်ငံ

Wayan Sumardana အမည်ရှိဂဟေဆော်သူအမျိုးသားဟာ လွန်ခဲ့သည့် ၆ နှစ်ခန့်က လေဖြတ်ရောဂါ စတင်ခံစားခဲ့ရတာပါ။ လေဖြတ်ခြင်းက သူ့ရဲ့ဘယ်ဘက်လက်ကို ထိခိုက်စေခဲ့ပြီး သူဟာ ဂဟေဆော်သူဖြစ်ခြင်းကြောင့် ၎င်းက သူ့အသက်မွေးကျောင်းကို ဝင်ရောက်ထိခိုက်သွားစေခဲ့ပါတယ်။

သို့ပေမဲ့ Wayan Sumardana ဟာ ဒီအခက်အခဲက သူ့အား နှောင့်နှေးသွားစေတာကိုခွင့်မပြုဘဲ သူဟာ သူ့လက်မောင်းကိုရွေ့လျားစေပြီး ဆက်လက်လုပ်ဆောင်နိုင်စေမည့် bionic စက်ရုပ်လက်မောင်းတစ်ခုကိုဖန်တီးရန် စိတ်ကူးခဲ့ပါတယ်။

သူဟာ ၎င်းအိမ်လုပ် bionic လက်မောင်းကို Bali ပြည်နယ် Karangasem နယ်မြေ Nyuh Tebel ကျေးရွာရှိ သူ့ရဲ့အလုပ်ရုံ၌သာ ကိုယ်တိုင်ဖန်တီးပြုလုပ်ခဲ့ပါတယ်။ သင်မြင်ရသည့်အတိုင်း၊ သူ့bionic လက်မောင်းက အလွန်ကြမ်းတမ်းစွာ

တည်ဆောက်ထားပေမဲ့လည်း ၎င်းက အမှန်တကယ်အလုပ်လုပ်ကြောင်းဟု Wayan ကဆိုပါတယ်။“ကျွန်တော့်ရဲ့ ဦးခေါင်းပေါ်ကိရိယာမှာ လျှပ်ကူးပစ္စည်းတွေပါဝင်ပြီး ဦးခေါင်းကနေ အချက်ပြအသေးစားတွေကို ထုတ်ယူတဲ့ လုပ်ဆောင်ချက်ပါရှိတယ် ၊

ဤကိရိယာမပါဘဲ ဤအချက်ပြမှုတွေကိုတွေ့ရှိနိုင်မှာမဟုတ်ဘူး၊ အချက်ပြမှုကို ချဲ့ထွင်တဲ့အချက်ပြမှုဆီသို ရှေ့သို့ပို့ဆောင်ပြီးနောက် ကျွန်တော့်ရဲ့နောက်ကျောမှာရှိတဲ့မိုက်ခရိုထိန်းချုပ်မှုသို့ ခေါ်ဆောင်သွားပြီး အဲ့တာက အရှေ့ဘက်သို့လွှဲပြောင်းပေးတယ်” ဟု Wayan Sumarardana က ပြောကြားခဲ့ပါတယ်။

အဆိုပါကိရိယာဟာ သူ့ကိုဆက်လက်ဂဟေဆက်ရန်နှင့် အသက်မွေးဝမ်းကြောင်းပြုပေးနိုင်ပါတယ်။ဒီလူဟာအကန့်အသတ်ရှိတဲ့နည်းပညာနဲ့ အသိပညာကနေ ဒီလိုမျိုး တစ်ခုခုကိုဖန်တီးနိုင်ခဲ့တာက မယုံနိုင်လောက်အောင်ပါပဲ။

သူဟာ သူ့ရဲ့မသန်စွမ်းမှုက သူ့ကို ကြံ့ကြံ့ခံနိုင်စွမ်းရှိခြင်းမှဟန့်တားခြင်းကိုခွင့်မပြုဘဲ ၎င်းရဲ့ကံဆိုးမိုးမှောင်ကျမှုကိုကျော်လွှားရန်နည်းလမ်းကိုဖန်တီးခဲ့တာပါ။

အသိပညာနှင့်အရင်းအမြစ်များ အကန့်အသတ်ရှိတဲ့လူတောင် ဤကဲ့သို့သောအရာတစ်ခုကို တည်ဆောက်နိုင်ရင်တော့ ရန်ပုံငွေ ဒေါ်လာ ဘီလီယံနှင့်ချီပြီးရှိတဲ့သူတွေကလည်း ကမ္ဘာပေါ်ရှိအကောင်းဆုံးနည်းပညာကိုလက်လှမ်းမီနိုင်တယ်ဆိုတာကို စိတ်ကူးသာကြည့်လိုက်ပါ။

Crd, Mia (KB Chimmy One)

Zawgyi











Crd, Mia (KB Chimmy One)