အားမာန်အပြည့်နဲ့ သီချင်းတွေ ဆိုတတ်တဲ့ ROCKER ကြီး လေးဖြူရဲ့ လက်ရှိပုံရိပ်တွေကြောင့် အံ့အားသင့်နေကြ

မြန်မာပြည်မှာ လေးဖြူလို့ ဆိုလိုက် ရင် မသိသူ မရှိသလောက် နီး ပါး ရှားတယ်လို့ ဆိုရလောက်အောင် ရော့ကာ ဘုရင်ကြီး လေးဖြူရဲ့ အရှိန်အဝါက ကြီးမားပါတယ်။

အသံပါဝါ အားကောင်းကောင်းနဲ့ စင်ပေါ်မှာ ရော့ကာ ဟန်မာန်အပြည့်နဲ့ သီဆိုလေ့ရှိတဲ့ အဆိုတော်ကြီး လေးဖြူရဲ့ပုံစံဟာ မြန်မာပြည်ရဲ့ လူငယ်တွေကြားမှာ စံပြုအ လေးထားစရာ ပုံရိပ်တခု ဖြစ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် နေ့ စစ် အာဏာ သိမ်းပြီး နောက် မှာ ရော့ကာကြီး လေးဖြူတယောက် ပျောက်ချင်းမလှ ပျောက်သွားခဲ့ပါတယ်။ကြားရတဲ့ သတင်းတွေအရတော့ ဘန်ကောက်ကို ထွက်သွားပြီး အ နုပညာအလုပ်

ဘာမှ မလုပ်တော့ဘဲ နေနေ တယ်လို့ သိရပါတယ်။လူမြင် ကွင်းကနေ (၁၀) လကြာ ပျောက် ကွယ် ခဲ့တဲ့ ရော့ကာကြီး လေးဖြူရဲ့ လတ် တလော ပုံရိပ် တချို့ ကို သူနဲ့ တွေ့ ဆုံခဲ့တဲ့ ပ ရိသတ်တချို့က အင်တာနက် လူမှုကွန်ယက်မှာ တင်ခဲ့ပါတယ်။

မယုံနိုင်လောက်အောင် ပြောင်းလဲသွားတဲ့ ရော့ကာကြီး လေးဖြူရဲ့ ပုံတွေကိုတွေ့မြင်သူတိုင်းက အံ့အားသင့်နေတယ်လို့ သိရပါတယ်။ အနုပညာ အလုပ်တွေ မလုပ်ရတာကြောင့် စိတ်ဓာတ်တွေကျပြီး

ဒီလောက် အို စာသွားတာ ဖြစ်နိုင် တယ်လို့ လည်း အမာခံ ပရိသတ်တချို့က ထင် ကြေးပေးလျက် ရှိပါတယ်။ဘာပဲ ဖြစ်ဖြစ် ရော့ကာကြီး လေးဖြူတယောက် အရင်လို ကျန်းမာရွှင်လန်းပြီး သူမြတ်နိုးတဲ့ သီချင်းတွေနဲ့ ပရိ သတ် တွေကို ဖျော်ဖြေ နိုင် ပါ စေလို့ ဆု မွန်ကောင်း တောင်းလိုက်ရပါတယ်။

credit

Zawgyi







credit