တစ်ဦးတည်းသော မြေးငယ်လေးကို ကျွေးမွေးပြုစုရန် ငွေရုပ်တုအဖြစ် အသွင်ပြောင်းပြီး လမ်းပေါ်မှာ ရပ်ပြီး ပိုက်ဆံရှာနေခဲ့ရတဲ့ အဖွားအို
အသက် ၆၀ အရွယ်အင်ဒိုနီးရှားအဘွားတစ်ဦးဟာ စည်သွတ်ဆေးကို သုံးပြီး ငွေရုပ်တုအဖြစ်အသွင်ပြောင်းကာ မိဘတွေထားခဲ့တဲ့ အသက် ၂ နှစ်အရွယ်မြေးအတွက်
ငွေစုဆောင်းရန်ဖြစ်ပါတယ် ။ ၎င်းက အွန်လိုင်းလောကမှာ ဝမ်းနည်းဖွယ်ဖြစ်စေတဲ့ အကြောင်းအရာ တစ်ခုဖြစ်လာခဲ့ပါတယ် ။
Merdeka website မှာ ၎င်းအဖွား Moo Moon ရဲ့ဘဝကို ထုတ်ဖော်ပြသခဲ့ပါတယ် ။အဖွားဟာ လမ်းမလျှောက်မီ သူမက ငွေရောင်ရုပ်တုတစ်ခုအဖြစ်အသွင်ပြောင်းပြီး
ငွေရှာရန် ထွက်သွားပါတယ် ။ အဖွား Moo Moon က ကလေးငယ်ဟာ ကလေးဘဝကတည်းက သူ့မိဘတွေ ထားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ် ။
သူမက မြေးအတွက် ခန္ဓာကိုယ်ကို ငွေဖြူဆေးသုတ်ဖို့ ရူပီး ၃၅၀၀၀ (သို့) ၇၅ ဘတ်ခန့် သုံးကာ ငွေရုပ်တုတစ်ခုအဖြစ် အသွင်ပြောင်းခဲ့ပါတယ် ။
သူမရဲ့မြေးအတွက် နို့နဲ့ အစာစားဖို့ လမ်းဘေးက နေရောင်အောက်မှာ နေ့တိုင်း ရပ်နေရင်တောင် သူမက အဆင်ပြေခဲ့ပါတယ် ။
အဖွားက သူမအတွက် ထမင်းမစားရရင်တောင် သူ့မြေးလေးကိုတော့ တခါမှ အငတ်ထားမှမဟုတ်တဲ့ အဖွားတစ်ယောက်ပါ ။ Credit
Zawgyi