လွန်ခဲ့တဲ့ (၂၀၁၇)ခုနှစ်ကစပီး အင်ဒိုနီးရှားနိုင်ငံက social media ထက်မှာ၊ အသက် (၁၃)နှစ်အရွယ် Echa ဆိုတဲ့အမျိုးသမီးငယ်လေးဟာ
အိပ်ရာင်တိုင်း(၁၃)ရက်ကြာရှည်အောင်အိပ်စက်ခဲ့တဲ့ထူးဆန်းဖြစ်ရပ်ကြောင့်၊ social media ထက်မှာအများရဲ့စိတ်ဝင်စားခြင်းကိုခံခဲ့ရပါတယ်။
Echos ယခုလိုရောဂါစဖြစ်ခြင်းရဲ့အစမှာတော့၊ တရက် အိပ်ရာဝင်တိုင်း တစ်ရက်ခွဲကြာမြင့်ရာကစပီး၊
နောက်ထပ်တခေါက် အိပ်ရာဝင်ချိန်တိုင်းဟာ (၇)ရက်ထိ ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။
ထိုအဖြစ်ကြောင့် သူမကို ကျန်းမာရေးဆေးစစ်ချက်တွေ လုပ်ခဲ့ပေမဲ့၊
ပုံမှန်အတိုင်းသာ ကျန်းမာရေးကောင်းနေတာကြောင့် သူမရဲ့ထူးခြားဖြစ်စဉ်အတွက် အဖြေရှာမရခဲ့ပါဘူး။
နောက်ပိုင်း သူမအနေနဲ့ တခါအိပ်ရာဝင်တိုင်း ရက်ပိုရှည်လာခဲ့ပီး၊ ယခုအခါမှာတော့ တစ်ခါအိပ်ရာဝင်တိုင်း (၁၃)ရက်ထိ ကြာမြင့်တက်ပီး
အိပ်ရာနိုးလာတိုင်း အားအင်မရှိတဲ့လူတစ်ယောက်လို နုန်းချိရုံကလွဲပြီး အခြားရောဂါလက္ခဏ မခံစားရဘူးလို့ဆိုပါတယ်။
လွန်ခဲ့တဲ့ (၂)နှစ်တုန်းကလဲ ကမ္ဘောဒီးယားနိုင်ငံက အသက်(၁၉)နှစ်အရွယ် အမျိုးသမီးငယ်ဆိုသူဟာ
တစ်ခါအိပ်ရာဝင်တိုင်း အချိန်(၂)လထိ ကြာမြင့်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားတာရှိတယ်လို့ သိရှိရပါတယ်။
Bam Bam (Cele Angle) – Credit
Zawgyi