Live လႊင့္ေနတဲ့ခရီးသြားဆီက ပုိက္ဆံအိတ္ခုိးယူခဲ့တဲ့ ခါးပုိက္ႏႈိက္အမ်ိဳးသမီးရဲ႕ လုပ္ရပ္

လန်ဒန်မြို့ West End မှာ ခရီးသွားအမျိုးသမီးတစ်စုဟာ သူမတို့ခရီးစဉ်အကြောင်း Live လွှင့်နေစဉ်မှာ ခါးပိုက်နှိုက်အမျိုးသမီးတစ်ဦးက ပိုက်ဆံအိတ်ကို

အလစ်သုတ်သွားခဲ့တာကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ပိုက်ဆံကတော့ အထဲမှာ ပေါင် (၄၀၀) ဝန်းကျင်ရှိပါသတဲ့။

ခါးပိုက်နှိုက်ခံရတဲ့အမျိုးသမီးအမည်ကတော့ Nina Spencer ဖြစ်ပြီး၊ အဖော်ကတော့ Toi လို့ အမည်ရပါတယ်။ သူမတို့နှစ်ဦးဟာ Cambridge Circus အနီးကို ဖြတ်ပြီးလမ်းလျှောက်နေစဉ်၊

ခါးပိုက်နှိုက်က ပိူက်ဆံအိတ်ကို အလစ်သူတ်သွားတာ ဖြစ်ပါတယ်။ ကာယကံရှင်ဖြစ်တဲ့ Toi ချက်ချင်းပဲ က သိလိုက်ပြီး၊ Nina ကို ပြောလိုက်ပါတယ်။

Toi နဲ့ Nina တို့ဟာ ထိုင်းနိုင်ငံသူတွေဖြစ်ကြပြီး ပါသွားတဲ့ပိုက်ဆံအိတ်ကတော့ ဈေးကြီးတဲ့ Louis Vuitton တံဆိပ်ဖြစ်ပါတယ်။

ခါးပိုက်နှိုက်အဖွဲ့ဟာ အမျိုးသမီး(၃)ဦးပါအဖွဲ့ဖြစ်ကြောင်း သိရပြီး၊ နေ့ခင်းကြောင်တောင်မှာပင် လက်ရဲဇက်ရဲနိုင်ခဲ့တဲ့အဖြစ်ပါ။ ဒီအဖြစ်အပျက်ကတော့ ဇွန် (၁၆)ရက်မှာဖြစ်ခဲ့တာပါ။

ခါးပိုက်နှိုက်တွေထုံးစံအတိုင်း အဲဒီအမျိုးသမီး(၃)ယောက်ဟာ လုပ်ငန်းအောင်မြင်သွားတာနဲ့ နေရာခွဲပြီး ခပ်သုတ်သုတ် သွားကြပါတော့တယ်။

Toi တို့နှစ်ယောက်ဟာ ချက်ချင်း ရဲကို သွားရောက်တိုင်ကြားခဲ့ပေမယ့် အခုထက်ထိ ပစ္စည်းတွေပြန်ရဖို့ လမ်းမမြင်သေးပါဘူး။

Nina ကတော့ ထိုင်းနိုင်ငံသူဖြစ်လင့်ကစား၊ သူမက အင်္ဂလန်မှာနေနေတာ နှစ်နဲ့ချီရှိနေပါပြီ။ သူမရဲ့သူငယ်ချင်း Toi က သူမဆီကို လာလည်တာပါ။

သူမကလည်း အလုပ်ပိတ်ရက် မြို့ထဲကို လိုက်ပြီးပို့တာဖြစ်ပါတယ်။ ရဲစခန်းကတော့ အခုထက်ထိ ပြစ်မှုကျူးလွန်သူကို မဖမ်းနိုင်သေးပါဘူး။ credit

Zawgyi

လန္ဒန္ၿမိဳ႕ West End မွာ ခရီးသြားအမ်ိဳးသမီးတစ္စုဟာ သူမတုိ႔ခရီးစဥ္အေၾကာင္း Live လႊင့္ေနစဥ္မွာ ခါးပုိက္ႏႈိက္အမ်ိဳးသမီးတစ္ဦးက ပုိက္ဆံအိတ္ကို

အလစ္သုတ္သြားခဲ့တာကို မွတ္တမ္းတင္ႏုိင္ခဲ့ပါတယ္။ ပုိက္ဆံကေတာ့ အထဲမွာ ေပါင္ (၄၀၀) ဝန္းက်င္ရွိပါသတဲ့။

ခါးပုိက္ႏႈိက္ခံရတဲ့အမ်ိဳးသမီးအမည္ကေတာ့ Nina Spencer ျဖစ္ၿပီး၊ အေဖာ္ကေတာ့ Toi လုိ႔ အမည္ရပါတယ္။ သူမတုိ႔ႏွစ္ဦးဟာ Cambridge Circus အနီးကို ျဖတ္ၿပီးလမ္းေလွ်ာက္ေနစဥ္၊

ခါးပုိက္ႏႈိက္က ပူိက္ဆံအိတ္ကို အလစ္သူတ္သြားတာ ျဖစ္ပါတယ္။ ကာယကံရွင္ျဖစ္တဲ့ Toi ခ်က္ခ်င္းပဲ က သိလုိက္ၿပီး၊ Nina ကုိ ေျပာလုိက္ပါတယ္။

Toi နဲ႔ Nina တုိ႔ဟာ ထုိင္းႏုိင္ငံသူေတြျဖစ္ၾကၿပီး ပါသြားတဲ့ပုိက္ဆံအိတ္ကေတာ့ ေစ်းႀကီးတဲ့ Louis Vuitton တံဆိပ္ျဖစ္ပါတယ္။

ခါးပုိက္ႏႈိက္အဖြဲ႕ဟာ အမ်ိဳးသမီး(၃)ဦးပါအဖြဲ႕ျဖစ္ေၾကာင္း သိရၿပီး၊ ေန႔ခင္းေၾကာင္ေတာင္မွာပင္ လက္ရဲဇက္ရဲႏုိင္ခဲ့တဲ့အျဖစ္ပါ။ ဒီအျဖစ္အပ်က္ကေတာ့ ဇြန္ (၁၆)ရက္မွာျဖစ္ခဲ့တာပါ။

ခါးပုိက္ႏႈိက္ေတြထုံးစံအတုိင္း အဲဒီအမ်ိဳးသမီး(၃)ေယာက္ဟာ လုပ္ငန္းေအာင္ျမင္သြားတာနဲ႔ ေနရာခြဲၿပီး ခပ္သုတ္သုတ္ သြားၾကပါေတာ့တယ္။

Toi တုိ႔ႏွစ္ေယာက္ဟာ ခ်က္ခ်င္း ရဲကုိ သြားေရာက္တုိင္ၾကားခဲ့ေပမယ့္ အခုထက္ထိ ပစၥည္းေတြျပန္ရဖုိ႔ လမ္းမျမင္ေသးပါဘူး။

Nina ကေတာ့ ထုိင္းႏုိင္ငံသူျဖစ္လင့္ကစား၊ သူမက အဂၤလန္မွာေနေနတာ ႏွစ္နဲ႔ခ်ီရွိေနပါၿပီ။ သူမရဲ႕သူငယ္ခ်င္း Toi က သူမဆီကုိ လာလည္တာပါ။

သူမကလည္း အလုပ္ပိတ္ရက္ ၿမိဳ႕ထဲကို လုိက္ၿပီးပို႔တာျဖစ္ပါတယ္။ ရဲစခန္းကေတာ့ အခုထက္ထိ ျပစ္မႈက်ဴးလြန္သူကို မဖမ္းႏုိင္ေသးပါဘူး။ credit